Shine ကိုယ်ပိုင်အထက်တန်းကျောင်း
>>>>>
လွယ်အိတ်အနက်ရောင်ကိုဘေးတစ်စောင်းလွယ်ထားသောကျောင်းသားတစ်ဉီး သည် ကျောင်းဝန်းထဲသို့ ပေါ့ပါးသောခြေလှမ်းများဖြင့် လှမ်းလာနေသည်။ကျောင်း၏ ယူနီဖောင်းဖြစ်သော အပြာရောင်အင်္ကျီကိုအပေါ်မှ အမည်းရောင်အပေါ်ထပ်ဖြင့်ဖုံးအုပ်ထားသည်။
ဆံပင်ခပ်တိုတိုတွေလည်းဟာလေထဲမှာ
ခပ်လွင့်လွင့် ဖြင့်.. ထိုသူဟာကျောင်းသားတစ်ယောက်၏ အင်္ဂါရပ်ဖြင့် ညီမနေပေ။ကျောင်းအပေါက်ဝရှေ့တွင်ရပ်စောင့်နေသော ကျောင်းစောင့်ဉီးလေးကြီးသည်
ထိုသူအလာတွင် ခေါင်းငုံကာ အရိုအသေပေးလိုက်သည်။
ဒါဟာနေ့စဉ္ ဖြစ်နေကြဖြစ်စဉ္တစ်ခုဖြစ်သည်။ထိုသူဟာ ဒီနယ်ရဲ့အကြီးဆုံးစီးပွားရေးလုပ်ငန်းရှင်ရဲ့သား
လွန်းသုတအောင်။ရုပ်ရည်အရာ ပြောစရာမလိုအောင် ချောလွန်းတဲ့အတွက် နှုတ်ခမ်းနီမလေးတွေကြားရေပန်းစားသည်။
ခပ်အေးအေးနေတတ်သော သူ့ပုံစံကိုရိှန်ကြသည့်အတွက် အပေါင်းအသင်းမရိှသလို သူငယ်ချင်းဟူ၍လည်းမရိှ။ခပ်မှန်မှန်ခြေလှမ်းတွေဖြင့် စာသင်ခန်းထဲကိုဝင်လိုက်တော့ စကားပြောနေကြသူတွေဟာ မီးကိုရေနဲ့သတ်သလို ရှဲကနဲ ငြိမ်ကျသွား၏။သူဟာ ဒီအတန်းရဲ့ခေါင်းဆောင်။
ခပ်တည်တည်နေတက်ကာ စာအတော်ဆုံးကျောင်းသားမို့ အတန်းသားများကသူ့ကိုကြောက်ကြသည်။သူသည် နေရာမှာဝင်ထိုင်ကာ ဟိုဟိုဒီဒီငေးနေလိုက်သည်။ မကြာခင် မှာပင် အတန်းရဲ့ပထမအချိန်စလို့လာသည်။အတန်းပိုင်ဆရာမသည်လည်း ခဏအကြာတွင်စာသင်ခန်းထဲသို့ဝင်လာခဲ့သည်။
"အားလုံးပဲ ဒီနေ့ဆရာမတို့ဆီကို
ကျောင်းသားသစ်တစ်ယောက်
ရောက်လာတယ်"ဆရာမရဲ့အပြောကြောင့်အကုန်လုံးက စိတ်လှုပ်ရှားနေကြသည်။ကျောင်းသားသိပ်မရိှတဲ့အတန်းလေးထဲသို့ နောက်ထပ်တစ်ယောက်ရောက်လာမည်ဆိုသည့်အတွက် အားလုံးဟာပျော်နေကြသည်။
"ဝင်လာခဲ့လေသား"
ဆရာမသည် တံခါးဝသို့မျက်နှာမူကာ ကျောင်းသားသစ်ကို အထဲသို့ခေါ်လိုက်သည်။
YOU ARE READING
{ without you }
Fantasyမေ့ချင်ပေမဲ့လည်း မေ့လို့မရတဲ့လူတစ်ယောက်ဟာ ကျွန်တော်တို့ဘဝထဲမှာရိှခဲ့ဖူးကြတယ်မဟုတ်လား။