မေရီရှင်းနှင့်စကားပြောပြီးနောက် ရိှုင်းသည် လွန်းကိုလေ့လာရေးခရီးသို့လိုက်ရန် ဆွယ်ဖို့ကျောင်းခန်းထဲသို့လာခဲ့လိုက်သည်။အခြားအတန်းသားများကတော့စာရင်းသွားပေးနေသည်မို့ အခန်းထဲတွင်လွန်းတစ်ယောက်ထဲသာရိှသည်။
ခြေထောက်ကိုခပ်ဖြည်းဖြည်းနင်းကာ လွန်းဆီသို့လျှောက်သွားခဲ့သည်။သို့သော်လွန်းသည် နားပါးသူပီပီသူ့ဘက်သို့လှည့်ကြည့်လာသည်။
"ဘာပြောမလို့လဲ"
ခပ်စူးစူးအကြည့်တစ်ချက်ကြောင့် ရိှုင်း ဟာခြေလှမ်းတွေကိုရပ်လိုက်ပြီး လွန်းဘေးသို့ဝင်ထိုင်လိုက်သည်။ရိှုင်း ဟာဘယ်ကစပြောရမှန်းမသိ၍ငြိမ်ငြိ်မ်လေးထိုင်နေမိသည်။လွန်းက လည်းသူ့ကိုကြည့်ကာ ဘာမှပြောလာခြင်းမရိှပေ။
"လွန်း"
"လေ့လာရေးခရီးအတွက်ဆိုရင်တော့
မင်းသွားလိုက်တော့ ရိှုင်းထက်သာ""ဘာဖြစ်လို့လဲ သူငယ်ချင်းတွေအများကြီးပါ.."
"အဲ့ဒီလူတွေအများကြီးက ပိုစိတ်ရှုပ်ဖို့ကောင်းတယ်
မင်းလိုက်ချင်ရင်လိုက်သွား ငါမှာသွားစရာနေရာရိှတယ်"ပြောပြောပြီးခြင်းထထွက်သွားသော လွန်း ကြောင့် သက်ပြင်းသဲ့သဲ့ခိုးချမိသည်။တစ်ယောက်တည်းနေတာကြာသွားလို့များ လူတွေအများကြီးစုဖွဲ့နေတာကိုမနေတက်တာဖြစ်နိုင်သည်။
လွန်း မလိုက်လျှင် သူလည်းလိုက်ဖို့အစီစဉ္မရိှပါ။
ကျောင်းကတော့ လေး၊ငါးရက်လောက်ပိတ်မှာမို့ ဒါကလွန်း နဲ့ သူနီးစပ်ဖို့အတွက် အခွင့်ရေးပဲထင်ပါရဲ့။>>>
"နင်မလိုက်ရင် ပျင်းစရာကြီးဟာ"
ခရီးဆောင်အိတ်ကိုဆွဲထားသော မေရီရှင်းကပျင်းရိရိနှင့်ပြောသည်။သူမ ပုံမှန်ထက်အလှတွေပိုပြင်ထားကာဝတ်နေကပန်းရောင်အင်္ကျီအစား အပြာနုရောင်အင်္ကျီကိုဝတ်ဆင်ထားသည်။ဖြစ်နိုင်တာကတော့ သူ့ crush နဲ့တစ်ဖွဲတည်းကျတယ်ထင်ပါရဲ့။
"နင့် crush ကြီးတစ်ယောက်လုံးပါမှာမလား
ဘာပျင်းစရာရိှလို့လဲ"
YOU ARE READING
{ without you }
Fantasyမေ့ချင်ပေမဲ့လည်း မေ့လို့မရတဲ့လူတစ်ယောက်ဟာ ကျွန်တော်တို့ဘဝထဲမှာရိှခဲ့ဖူးကြတယ်မဟုတ်လား။