Part 7

3.4K 301 27
                                    

U+Z

သူတို့သူငယ်ချင်းတွေရဲ့ညပိုင်းဆုံတဲ့နေရာက ပြောင်းသွားသည်။ ထိုနေရာကတော့ အထူးတလည်ပြောစရာမလိုတဲ့ Zyan Kitchen ဖြစ်သည်။ ထပ်ပြီးကိစ္စရှိတာက စိုးစံချိန်းလို့သူတို့သွားတိုင်း စိုးစံက မှာတာတွေစားတာသောက်တာတွေ bill ရှင်းခြင်းမရှိ။ အရင်တုန်းကတော့ ရှင်းရမလားလို့ အလိုက်တသိမေးပေမယ့် အခုကတော့ လုံးဝမမေးတော့ပဲ ပြန်သွားတတ်သည်။ ကောင်လေးကတော့ ဘာမှမပြောပဲ အမြဲပြုံးနေသည်။

"မင်း အားရော အားရဲ့လား"

"ဟုတ်ကဲ့ ကျွန်တော်အချိန်ရလို့ ထွက်လာတာပါ"

"အိုကေ"

ညဘက်ပဲတစ်ခါတလေ အပြင်ထွက်တဲ့သူကို မင်းယု သူတို့အနားရောက်တုန်း အပြင်ထွက်လာဖို့ လှန်းခေါ်လိုက်တာကြောင့် မင်းယုခေါ်တဲ့အတိုင်း ရောက်လာတာဖြစ်သည်။ ဟိုရက်က သူ့နောက်ကိုညဘက်လိုက်ကြည့်ပြီး လန့်သွားထဲက သူတို့အချင်းချင်းရင်းနှီးသွားတာလို့ ပြောလို့ရသည်။

ထိုနေ့ညကစပြီး ဈာန့်ဆီကိုအကြောင်းအရာတစ်ခုခုကြောင့် ကိုဇေက ဖုန်းဆက်တတ်သည်။ သူ့ဖုန်းနံပတ်ကိုလည်း ig မှာတာတောင်း၏။ ဘယ်အချိန်က သူ့ ig ကိုလာ follow လဲမသိ။ ဈာန်ကြည့်တော့ စာတိုဝင်နေတာဖြစ်ပြီး ဈာန်လည်း ကိုဇေ့ ig ကိုမွှေနှောက်ခဲ့ကာ မျက်နှာပူခဲ့ရသေးသည် မဟုတ်လား။ ကိုဇေက အပြင်မှာတော့ လူကြီးလူကောင်းဆန်ပြီး ig မှာတော့ အလွင့်ဖြစ်သည်။ သူတောင် ကိုဇေလို့ ရိုက်ထားတာမရှိ။ အခုလည်း သူ့ကိုဖုန်းဆက်ပြီး မြန်မာပလာဇာမှာရောက်နေတယ်ထွက်ခဲ့ဆိုတာကြောင့် ထွက်ခဲ့လိုက်တာဖြစ်သည်။ စောသေးတာကြောင့် ဆိုင်မှာရှိနေဖို့မလိုပဲ သူ့ဝန်ထမ်းလေးတွေက ဆိုင်ဖွင့်ဖို့အတွက်ပြင်ဆင်နေကြပြီဖြစ်သည်။

"မင်း ကိုယ်ချက်တာကိုယ်စားနေတာဆိုတော့ တစ်ခါတလေ အပြင်မှာစားလို့ရအောင် ခေါ်လိုက်တာ"

"ဟုတ်ကဲ့"

"အင်း ဘာစားချင်လဲ"

"ဘားစားရမှန်းတောင်းမသိဘူး။ ရုတ်တရက်ဆိုတော့"

အချိန်ကလည်း ၁၀ နာရီကျော် ၁၁ နာရီလောက်ပဲရှိသေးတာဆိုတော့ ဈာန် တကယ်ကိုဘာစားရမှန်းမသိပေ။ မနက်စာလည်း စားထားတာ မကြာသေးဘူးဆိုတော့ ဒီအတိုင်းပတ်လိုက်ရင်ကောင်းမလား စဉ်းစားမိသွားသည်။

အချစ်တဲ့လား...(Complete)Where stories live. Discover now