U+Z
"ခေါင်းကိုက်တယ်"
"နောက်မသောက်ရတော့ဘူးနော်"
"ဟုတ် ခုခေါင်းမကိုက်အောင်ဘယ်လိုလုပ်ရမလဲ"
ညှိုးနေတဲ့မျက်နှာလေးနဲ့ သူ့ကိုမော့ကြည့်ကာမေးနေတာဖြစ်သည်။ အိပ်ရာထဲမှာရှိသေးတဲ့ ဈာန့်ခေါင်းရင်းနားကိုတိုးကပ်ပြီး မင်းယုက ထိုင်နေတာဖြစ်၏။
"အောက်မှာ ဟင်းရည်လုပ်ခိုင်းထားတယ်မဟုတ်ဘူးလား"
"ဟုတ်သားပဲ"
မျက်နှာလေးက တကယ်ကိုညှိုးနေတာဖြစ်ပြီး မင်းယု ပါးကိုပွတ်သပ်ပေးလိုက်သည်။
"ညက အန်ချသေးတယ် မှတ်မိလား"
မျက်လုံးလေးက လက်ကနဲဖြစ်ကာ သူ့ကိုကြည့်လာသည်။ လက်ရှိအချိန်အထိ မမှတ်မိသေးတာကို မင်းယု သဘောပေါက်လိုက်သည်။ ပြီးမှ စိုးရိမ်သွားတဲ့မျက်ဝန်းတွေဖြစ်ကာ
"ကိုဇေ့ပေါ်ကိုအန်ချမိလိုက်ပြီ။ တောင်းပန်ပါတယ်"
သူ့ဘက်ကိုတိုးလာပြီးခါးကိုဖက်ကာ ချွဲပြီးတောင်းပန်နေတဲ့သူ။
"တောင်းပန်စရာမလိုပါဘူး။ ညတုန်းကလို ကိုကိုလို့ခေါ်ပါအုန်း"
"ဟင်"
သူ ဘယ်လိုတွေထပ်ပြီးခေါ်နေမိတာလဲမသိပေ။ ဈာန် စဉ်းစားကြည့်တော့မှ ညကအန်ချလိုက်တာကြောင့် ကိုဇေ ရေပြန်ချိုးရတာကိုသတိရသွား၏။ ရေပြန်ချိုးပြီး သူအဝတ်မဝတ်ပဲအိပ်ရာထဲထိုင်ကာ ကိုကိုဝတ်ပေး'ဆိုပြီးပြောနေတာကို ကွင်းကွင်းကွက်ကွက်မှတ်မိသွားပြီဖြစ်သည်။ ဒါကလည်းကိုဇေနဲ့ရည်းစားဖြစ်ပြီးနောက်ပိုင်းမှာ ဒီမှာဘယ်လိုတွေခေါ်လည်းဆိုတာ လေ့လာထားရင်းညက မူးပြီးခေါ်မိသွားတာ။
"ခေါ်ပါအုန်း ညတုန်းကခေါ်ပြီးပြီလေ"
"အင်း ကိုကို"
"ပြောပါအုန်း ကိုကိုဘာလုပ်ပေးရမလဲ"
မင်းယုပြန်ပြောတဲ့စကားကြောင့် ဈာန့်မှာ ရယ်မိကာခေါင်းကိုက်တာတောင်ဘယ်ရောက်သွားမှန်းမသိပေ။ တကယ်ဆိုသူ့ဘဝက ကောင်းတာတွေပဲဖြစ်လာတာမလား။ ဖေဖေ့ဆီကိုလာဖို့ရည်ရွယ်လိုက်ပြီး ဖေဖေ့မိသားစုကလက်ခံတဲ့အပြင် ကိုဇေနဲ့လည်းလက်ထပ်ဖြစ်သွားသည်။ ဒါကသူ့အတွက်ကောင်းခြင်းတွေပဲမဟုတ်လား။
YOU ARE READING
အချစ်တဲ့လား...(Complete)
FantasyUni+Zawgi Photo from Pinterest Zayar Min Yu, Zyan Myat Thaww