U+Z
"စိုးစံ မင်းကူညီကွာ"
"ဘာကိုကူညီရအုန်းမှာလဲ။ မင်းတို့ကိစ္စ ဒယ်ဒီသိပြီးနေပြီလေ"
"အေးလေ သိပြီးတာကို လူကြီးချင်းစကားပြောဖို့ date လဲသတ်မှတ်မပေးသေးဘူး။ ဘာမှလဲ အကြောင်းအပြန်ဘူး"
"ပြန်မှာပေါ့ကွာ"
"မင်းဒယ်ဒီက သဘောမတူတာမျိုးလား"
"သူ့သား gay ဆိုတာကိုတောင်လက်ခံပြီးနေမှတော့ သဘောမတူတာမျိုးက ဟုတ်မလားကွ။ Gay ပါဆို ယောက်ျားပဲယူမှာ ဒယ်ဒီမသိပဲနေလား"
"အင်းလေ အဲ့လိုသိရင်လဲ စကားပြောဖို့ကိုအကြောင်းပြန်တော့လေ"
"မင်းယု မင်းတော်တော်ဖြစ်နေတာလား...ငါ ခရီးကပြန်ရောက်ရုံရှိသေးတယ်။ နားလိုက်အုန်းမယ်"
စိုးစံ အနိုင်နဲ့ပိုင်းကာ ဖုန်းအရင်ချလိုက်သည်။ သူ နိုင်ငံခြားကပြန်ရောက်ရုံရှိသေး ဖုန်းဆက်ပြီး အကူအညီတောင်းနေတာ။ မင်းယုနဲ့ ဈာန်မြတ်သောက တကယ်ကြီးပတ်သက်သွားတဲ့အပြင် အဆင့်တက်သွားတော့ ရှေ့ဆက်လျှောက်ဖို့ လူကြီးတွေကိုဖွင့်ပြောလိုက်တယ်ဆိုတာကို သူ ပြန်မလာခင်ထဲက သိလိုက်တာ။ တစ်ရက်နှစ်ရက်လောက်ဆိုသိမှာမဟုတ်။ မင်းယုတို့ဘက်က ဒယ်ဒီနဲ့စကားပြောဖို့ လုပ်ပေမယ့် လက်ရှိအထိ ဒယ်ဒီက ဘာမှမပြောသေးတော့ ဒီကောင်မနေနိုင်မထိုင်နိုင်ဖြစ်နေတာ။ အဲ့ဒါကြောင့်မလို့ သူတို့နှစ်ယောက်ကိစ္စကို သူတို့သူငယ်ချင်းတွေအားလုံး သိသွားတာ။
ဒယ်ဒီက လက်မခံတာမျိုးတော့ မဟုတ်ပါဘူး။ အခုဆို ညတိုင်း ဈာန်မြတ်သောကို အိမ်မှာပြန်အိပ်ဖို့ အမိန့်ထုတ်လိုက်ပြီ။ ဈာန်မြတ်သော အိမ်မှာပြန်လာအိပ်နေတာ တစ်ပတ်ကျော်ဖြစ်နေပြီ။ ဟိုကောင်လည်းတွေ့ချင်တိုင်းတွေ့လို့မရတော့ အဲ့မှာတင်ဂဏာမငြိမ်ဖြစ်နေတာ။ တွင်းအောင်းဘူးတဲ့မြွေက ဆက်အောင်းချင်နေတာ နေမှာပေါ့။ ဒယ်ဒီက မင်းယုကို အကဲခတ်နေတာမျိုး။ မင်းယုက ရှေ့မှာလဲ နာမည်ထွက်ခဲ့တာကို။ သူ့သားနဲ့ပေးစားပြီးကာမှ သူ့သားအပေါ်တစ်ခုခုပြောင်းလဲသွားမှာစိုးလို့ စောင့်ကြည့်နေတာမျိုးပါ။
YOU ARE READING
အချစ်တဲ့လား...(Complete)
FantasyUni+Zawgi Photo from Pinterest Zayar Min Yu, Zyan Myat Thaww