Part 8

3.4K 317 41
                                    

U+Z

တကယ်တမ်းရောက်လာသင့်တာ ဆိုင်ဖွင့်တဲ့အချိန်မဟုတ်ဘူးလားလို့ ဈာန် မေးလိုက်ချင်ပေမယ့် မမေးပဲထားလိုက်သည်။ သိုးသား စားဖို့လာတဲ့သူက ည ၁၀ နာရီခွဲမှ ဖြစ်၏။ ဒီအချိန်ကြီး ဖုန်းဆက်လာတာကြောင့် တကယ်စားမလို့လားဆိုတော့ ဆိုင်ရှေ့ရောက်နေပြီဆိုတာကြောင့် ဈာန် ထဖွင့်ပေးရသေးတာဖြစ်သည်။ အခုတော့ သူ ပြင်ဆင်ပေးနေတာကို မီးဖိုချောင်ထဲအထိလိုက်လာပြီး တစ်ခုခြင်းလိုက်ကြည့်နေတဲ့သူက တကယ်များ ဗိုက်ဆာနေတာလားလို့ သူထင်မိနေသည်။

"နည်းနည်းတော့ ကြာအုန်းမယ်ဗျ။ အဆာပြေ တစ်ခုခုအရင်လုပ်ပေးရမလား"

"ကိုယ် မဆာသေးပါဘူး"

"အာ...ဟုတ်"

မဆာသေးဘူးဆိုတာကြောင့် ဈာန် မှန်မှန်လေးပဲလုပ်လိုက်သည်။

"ဒါနဲ့ ဘာဖြစ်လို့ ဘာကိုလဲလို့ ပြန်ပို့တာလဲ"

ဈာန် တစ်ဖက်လှည့်ပြီး ပြင်ဆင်နေပြီး ရှိန်ကနဲဖြစ်သွားသည်။ သူ့နောက်မှ ခပ်လှန်းလှန်းမှာရပ်နေတဲ့သူက သူ့ပြန်ပို့တဲ့စာကိစ္စကိုမေးနေသည်။

"ဒီလိုပဲဗျ"

သူ,မကြည့်ပဲဖြေလိုက်သည်။

"အဟွန်း!"

နောက်က ရယ်သံကြောင့် ဈာန် ဘာပြောရမှန်းတောင်မသိတော့ပေ။ နည်းနည်းတော့မျက်နှာပူနေသည်။ ပို့ချင်ရာပို့ပြီး ဒီလိုကြီးပွင့်ပွင့်လင်းလင်းကြီး ထုတ်မေးလာမယ်လို့ ထင်မှမထင်ပဲ။ ရယ်သံကိုနားထောင်တာနဲ့ ဘာကိုဆိုလိုမှန်း ဈာန်သိတာပေါ့။ ပြီးတော့ ကိုဇေ သူ့နောက်ကျောမှာရှိနေတဲ့အတွက်လည်း ဈာန် တစ်မျိုးခံစားနေရသည်။

"ဒါက သိုးသားနဲ့တွဲစားရမှာလား"

နောက်နားကနေ အသံထွက်သွားတာကြောင့် ရှိန်နေတဲ့သူက ရုတ်တရက်လှည့်ကြည့်မိသွားသည်။ ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ကိုဇေက ဘာဖြစ်လို့သူ့နောက်ကိုချက်ချင်းရောက်လာတာလဲ။ သူလှည့်ကြည့်မိတော့ နီးကပ်လှတာကြောင့် ကိုဇေရဲ့ပါးပြင်ကို နီးကပ်စွာမြင်နေရပြီး ပါးသိုင်းမွှေး, မွှေးညှင်းပေါက်ကိုတောင် ဈာန်မြင်နေရသည်။ ကိုဇေက သူ့ဘက်ကိုလှည့်မကြည့်သေးပဲ ပြင်ဆင်နေတဲ့ စားပွဲပေါ်ကိုကြည့်နေတာဖြစ်၏။ 

အချစ်တဲ့လား...(Complete)Where stories live. Discover now