U+Z
ဈာန်တို့ဘက်မှာလုပ်တဲ့ပွဲကတော့ အသောက်အစားမပါတော့ပေ။ ဦးဇေယျာက လုပ်ငန်းထဲကလူကြီးတချို့နဲ့ အပြင်ကအသိမိတ်ဆွေတချို့ကိုဖိတ်ထားပြီး အသောက်အစားမလုပ်ရဘူးဟုဆိုကာ တားမြစ်ထားသည်။ ထို့အပြင် ဒီပွဲမှာစိုးစံက သူ့ရဲ့ချစ်သူကိုတရားဝင်ခေါ်လာခဲ့တော့သည်။ ကိုင်ညာ့ဘက်ကလည်း ဒီလူက သူနဲ့တွဲနေတဲ့သူပါဆိုတာကို တစ်ခါထဲကြေငြာသလိုဖြစ်သွားတော့၏။
"ကိုဇေယျာ သားကြီးပွဲက ဘယ်တော့လဲဗျ"
"လာမှာပေါ့ဗျာ"
သားကြီးက international modeling နဲ့တွဲနေတာကို ပြီးခဲ့တဲ့ရက်ကမှ ပြောလာတာဖြစ်ပြီး သူ့ညီငယ် မင်္ဂလာပွဲကိုခေါ်လာမှာကို သူတို့ကိုကြိုပြောထားပြီးသား။ သားငယ်မင်္ဂလာဆောင်ရက်မတိုင်ခင် သမီးကိုင်ညာကိုခေါ်ပြီး သူတို့ကိုလာနှုတ်ဆက်စေသည်။ International Modeling လုပ်နေတဲ့သူဆိုတော့ သမီးကိုင်ညာက ကြည့်လို့ကောင်းတဲ့အထဲမှာပါပြီး smart ကျသည်။ စကားပြောကြည့်တော့မှ လူကြီးကိုလည်းရိုသေးသည်။ လူမှူရေးကိုကောင်းကောင်းသိပြီးသွက်သည်။ အင်းလေ Modeling လုပ်နေတဲ့သူဆိုတော့ Social ကောင်းတော့မှာပေါ့။ သားကတော့စိတ်ကိုတော်တော်ထိန်းချုပ်ရတော့မှာပေါ့။ အနုပညာရှင်နဲ့တွဲနေတဲ့သားကြီးကတော့ စီးပွားရေးတစ်ဖက်နဲ့မိန်းမတစ်ဖက်နဲ့ ဘယ်လိုတွေစိတ်ပူပန်နေရမလဲတော့မသိ။
"သားအငယ်ကလည်း အစ်ကို့တူတာကိုဗျ"
"ဟုတ်တယ်"
Suit နဲ့ပဲဖြစ်ကာ သားငယ်နဲ့မောင်မင်းယုက သားစိုးစံနဲ့သူတို့သူငယ်ချင်းတွေနဲ့ထိုင်နေသည်။ သားအငယ်ကို ဒီလိုမြန်မြန်အိမ်ထောင်ကျသွားလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားတာမရှိသလို ရုတ်တရက် gay ဆိုတာရယ် မောင်းမင်းယုနဲ့ကိစ္စရယ်ကိုသူ့ကိုဖွင့်ပြောလာတော့ အဖေအနေနဲ့သားငယ်ကိုနှမြောစိတ်ဝင်ခဲ့သည်။ နှမြောစိတ်ဝင်ခဲ့လို့လဲ မင်္ဂလာကိစ္စကိုစကားမပြောသေးပဲ အချိန်ရသလောက်ဆွဲထားခဲ့တာပေါ့။ ဒါကိုအိမ်အထိရောက်လာပြီး နှစ်ယောက်ကခိုးတွေ့တာကြောင့် ဦးဇေယျာ အချိန်ဆက်မဆွဲပဲ မြန်မြန်ပဲခွင့်ပြုပေးလိုက်တာ။ သားငယ်နဲ့ကိစ္စရှိသွားတဲ့ မောင်မင်းယုကိုလည်းစောင့်ကြည့်ရင်းပေါ့။ သားငယ်နဲ့ဖြစ်ပျက်သွားပြီးမှ မောင်မင်းယု့ဘက်က ဘာသံမှမထွက်တော့တာကိုလည်း ဦးဇေယျာသတိထားမိသည်။
YOU ARE READING
အချစ်တဲ့လား...(Complete)
FantasíaUni+Zawgi Photo from Pinterest Zayar Min Yu, Zyan Myat Thaww