Description

3.4K 171 7
                                    

UNICODE

ငါ့နာမည်က ကျောက်ထန်ထန် ‌ကျောက်တိုင်းပြည်ရဲ့ ဆဌမမြောက်မင်းသမီးလေးပေါ့။ အလိုလိုက်မခံရတဲ့ငါးဆားနယ်တစ်ကောင်အဖြစ် ထာဝရနေသွားရ‌တော့မယ်လို့ ထင်ခဲ့ပေမဲ့လည်း ငါ့အသက်ခြောက်နှစ်‌ရောက်တဲ့အချိန်မှာ ငါ့ရဲ့ဖခင်ဧက္ကရာဇ်က ငါ့စိတ်ထဲကအသံကို ရုတ်တရက်ကြီးကြားနိုင်သွားပြီး ငါ့ကိုမိုးထိအောင် အလိုလိုက်တော့တာပဲ။

လွန်ခဲ့တဲ့ ခြောက်နှစ်တာကာလအတွင်းမှာ စားတာအပြင် ငါလုပ်ခဲ့တဲ့တစ်ခုတည်းသောအရာက သေဖို့အတွက် တွင်းတူးပြီးစောင့်နေတာဖြစ်တယ်။ဘာလို့လဲဆိုတော့ ငါ့ရဲ့အင်ပါရီယာဒုတိယအစ်ကိုက ဒီစာအုပ်ထဲက အဓိကဇာတ်လိုက်ဖြစ်ပြီး သူ ထီးနန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာ ငါက "မျောက်ကိုခြောက်ဖို့ ကြက်ကိုသတ်ခဲ့သည်"ဆိုတဲ့ ဇာတ်လမ်းထဲက 'ကြက်' ဖြစ်လာမယ်ဆိုတာ ငါသိနေလို့လေ။

အမှန်ပဲ၊ငါက မွေးကတည်းက ဒီစာအုပ်ထဲကို ကူးပြောင်းလာခဲ့တာ။ငါက ဒီစာအုပ်ထဲက ဇာတ်ကွက်တွေအကုန်လုံးကို သိပြီး အားလုံးကို လည်း ငါ့စိတ်ထဲမှာ မှတ်မိနေတယ်။ဒါပေမဲ့ အဲ့တာအပြင် ငါ့မှာရှိတာက ငါ့ရဲ့ဉာဏ်မကောင်းတဲ့ ဦးနှောက်လေးပဲ။

ငါ့ရဲ့ တည်ရှိနေမှုကို မြှင့်တင်ဖို့အတွက်နဲ့ မျက်နှာသာရဖို့ ကြိုးစားတာမျိုးလုပ်ဖို့တော့ ငါ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး.. ဘာလို့လဲဆိုတော့ ငါ အနိုင်မယူနိုင်ဘူးဆိုတာ ငါသိတယ်လေ။ရှေးခေတ်လူတွေရဲ့ IQ ကို ငါ တစ်ခါမှ လျှော့မတွက်ခဲ့ဖူးသလို ငါက ကူးပြောင်းလာတဲ့လူတစ်ယောက်ဖြစ်တာကြောင့်မို့ ငါ့မှာ အနိုင်ရဖို့ အခွင့်အရေးရှိတယ်လို့လည်း ငါမထင်ဘူး။

T/N ဒါလေး ကိုယ်ရှာကြည့်ရသလောက်တော့ ဘာသာပြန်မရှိသေးပါဘူး
တကယ်လို့ ရှိတယ်ဆိုလဲပြောနော် ပြန်ဖျက်ပေးပါ့မယ်။
Description ဖတ်ပြီး အရမ်းတွေ စိတ်ဝင်စားသွားလို့ တအားပြန်‌ချင်နေတာ။ရေးလက်စတစ်ပုဒ်မပြီးသေးတာကို ဒါစရေးမိတဲ့အထိပဲ။
အပိုင်းရေကလည်း မများဘူး ချစ်ဖို့ကောင်းတဲ့ short story ပုံစံလေး။

ဒါလေးက paid ရှိပါတယ်။အပိုင်းရေနည်းတာမို့ paid မှာ complete ဖြစ်မှပဲ free မှာ ဖြေးဖြေးချင်းပြန်‌တင်ပေးပါမယ်နော်။

✓ကူးပြောင်းသွားပြီးတဲ့နောက်  ခမည်းတော်ဧက္ကရာဇ်က ငါ့စိတ်ထဲကအသံကိုကြားနိုင်နေတယ်။Where stories live. Discover now