Ch.7 + Ch.8 + Ch.9

2.1K 250 18
                                    

UNICODE

Ch.7

နောက်တစ်နေ့မှာတော့ ကျောက်ထန်ထန်လေးဟာ နေမြင့်မှသာ အိပ်ယာက နှိုးလာလေသည်။

[ငါ့အမေက ဒီနေ့မှ အရမ်းကြင်နာတတ်သွားတာလား?ဘာလို့ ငါ့ကို ညှဉ်းပန်းနှိပ်စက်ဖို့ ရောက်မလာရသေးတာလဲ?

အာ!ဟုတ်သား ငါက အခု ခမည်းတော်ဧကရာဇ်နန်းဆောင်မှာ နေနေတာလေ!]

သူမ နှိုးးလာသည်ကို ချန်လျှန်ဖူမြင်သည့်အခါ ပြုံးပြလာပြီး သန့်ရှင်းလုပ်ရန် အစေခံတစ်ယောက်အား ဘေဇင်ယူလာခိုင်းလိုက်လေသည်။

သူတို့သူမကို အရုပ်လေးတစ်ရုပ်လို လုပ်ချင်သလိုလုပ်နေကြတာကို သူမခွင့်ပြုထားရသည်။

သူမကို သန့်ရှင်းရေးလုပ်ပေးပြီးနောက်မှာ အဝတ်အစားလဲပေးကြသည်။

ဒီနေ့မှာတော့ အစေခံက သူမကို ဆံထုံးလေးနှစ်ခုထုံးပေးပြီး ဖဲကြိုးနီနီလေးနှင့် ချည်နှောင်ပေးလေသည်။အဲ့တာလေးက အရမ်းလှပပြီး သူမမျက်နှာဝိုင်းဝိုင်းလေးနဲ့လည်း အလွန်လိုက်ဖက်လှသည်။

ဟမ်၊ ငါက ဘာလို့ နှစ်သစ်ကူး ပန်းချီကားထဲကအရုပ်နဲ့ တူနေရတာလဲ?။

ထို့နောက်မှာတော့ ချန်လျှန်ဖူက သူမကို ပွေ့ချီပြီး နန်းဆောင်ထဲမှထွက်လာခဲ့သည်။

ကျောက်ထန်ထန်လေးဟာ သူမတို့ဦးတည်လျှောက်လာတဲ့လမ်းကိုမြင်လိုက်ရတဲ့အခါမှာတော့....
လွှတ်တော်ကြီးဟ!

မှန်ပေ၏။ဤသည်မှာ ကျီချန် နန်းတော်ရှိ တရားလွှတ်တော်ညီလာခံသို့ သွားရာလမ်းဖြစ်ပေသည်။

ချန်လျှန်ဖူ၏လည်ပင်းကို ရစ်ပတ်ထားသည့် သူမ‌လက်လေးတွေဟာ ထိတ်လန့်မှုကြောင့်တုန်လှုပ်သွားပြီး မေးလိုက်သည်။
"ချန်ကုန်းကုန်း သမီးတို့ ဘယ်သွားကြမလို့လဲ?"

ချန်လျှန်ဖူက အပြုံးလေးနှင့် ပြန်ဖြေလာသည်။
"ဧကရာဇ်မင်းက မင်းသမီးလေးကို သနားငဲ့ညာပြီး မင်းသမီးလေး နိုးလာတဲ့အခါမှာ ပျင်းနေမှာကို စိုးရိမ်တဲ့အတွက်ကြောင့် မင်းသမီးလေးကို ညီလာခံဆီ ခေါ်လာခဲ့ဖို့ ဒီကျွန်ကိုအမိန့်ပေးခဲ့ပါတာပါ။"

✓ကူးပြောင်းသွားပြီးတဲ့နောက်  ခမည်းတော်ဧက္ကရာဇ်က ငါ့စိတ်ထဲကအသံကိုကြားနိုင်နေတယ်။Tempat cerita menjadi hidup. Temukan sekarang