Ch.1 + Ch.2 + Ch.3

2.5K 232 21
                                    

UNICODE

Ch.1

ငါ့ရဲ့မွေးအမေက နန်းတော်ထဲကအစေခံတစ်ယောက်။ဧက္ကရာဇ်ကျောက်ရွေ့အ‌တွက် တစ်ညတာအသုံးတော်ခံအဖြစ် ဆက်သခံရပြီးနောက်မှာ ငါ့ကိုကိုယ်ဝန်ရှိလာခဲ့တယ်။

ငါသူမဗိုက်ထဲမှာရှိနေတဲ့အချိန်တုန်းက ငါ့အမေချူယွဲ့က ငါ့ကိုပွတ်သပ်ပေးရင်း
"အမေ့ရဲ့သား‌လိမ္မာလေး ကောင်းကောင်းမွေးလာရမယ်နော်။ဒီအမေ ကောင်းကောင်းနေနိုင်မလားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်....။"
ဆိုပြီး ပြောတဲ့အသံကို ငါမကြာခဏကြားရလေ့ရှိတယ်။

"သူမတော့ စိတ်ပျက်ရတော့မှာပဲ"လို့ ငါတွေးမိသွားတယ်။

သေချာတာပေါ့၊လက်သည်က ငါ့ကိုမွေးဖွားပေးပြီး "ဂုဏ်ယူပါတယ်။မင်းသမီးငယ်လေးပဲ!"
လို့ ပြောပြီးတဲ့နောက်မှာ ငါ့အမေက ငါ့ကို တစ်ချက်လေးတောင်မှ လှည့်မကြည့်တော့ဘူး။

အခြေခံအားဖြင့် မင်းသားငယ်လေးတစ်ပါးမွေးဖွားပေးတာက နောက်ခံမရှိတဲ့သူမလိုလူအတွက်တစ်ခုတည်းသောအခွင့်အရေးပဲလေ။ဒါကြောင့် ငါ့ရဲ့မွေးဖွားလာခြင်းက ငါ့အပေါ် သူမရဲ့မုန်းတီးမှုကိုပိုပြီး‌တောင်ကြီးမားလာစေခဲ့တယ်။
အဲဒီအချိန်ကစပြီး ငါဟာအဖေက အလိုမလိုက်၊အမေကလည်း မချစ်တဲ့ဘဝမှာ ရှင်သန်ခဲ့ရတယ်။

ငါ့ကိုမွေးဖွားပေးခဲ့တာကြောင့် ဧက္ကရာဇ်မင်းမြတ်က သူမကိုချူကျဲယွိဆိုတဲ့ဘွဲ့ကို ပေးအပ်ချီးမြှင့်ပေးခဲ့တယ်။

ငါသာ သူမနေရာမှာဆိုရင် ဒီလောက်ကြီးထိတုံး,အ နေမှာမဟုတ်ဘူး။ငါက မင်းသမီးတစ်ပါး ဖြစ်တယ်ဆိုရင်တောင်မှ ဧကရာဇ်ရဲ့ သွေးသားပဲမို့ ကောင်းကောင်း ဆက်ဆံခံရသင့်တဲ့ သူတစ်ယောက်ပဲလေ။

ဘယ်လိုတောင်တုံးအရတာလဲ။

နန်းတော်ထဲကအစေခံတွေထက် နည်းနည်းလေးပဲ ပိုကောင်းတဲ့အဝတ်တွေကို ငါဝတ်ရတယ်။ဟင်းပွဲနှစ်ပွဲနဲ့ ဟင်းချိုတစ်မျိုးကိုတောင် တစ်နေ့ကို နှစ်ကြိမ်ပဲ ငါ စားရတယ်။အသားဟင်းဆိုတာကတော့ တစ်ပတ်ကို နှစ်ကြိမ်ပဲ ငါစားလို့ရနိုင်တဲ့အရာလေ။

အင်ပါရီယာနန်းတော်ဆိုတာက လေယူရာအတိုင်းယိမ်းတတ်တဲ့မြက်ပင်တွေနဲ့ပြည့်နှက်နေတဲ့နေရာဆိုတော့ ငါ့လိုမျိုး မွေးကတည်းက
ဧက္ကရာဇ်မင်းမြတ်ကို  တစ်ကြိမ်သာမြင်ဖူးခဲ့တဲ့ မချစ်မနှစ်သက်ခံရတဲ့ မင်းသမီးတစ်ပါးအတွက်တော့ နန်းတော်ထဲမှာ မမြင်ရတဲ့ လူတစ်ယောက်လို ဆက်ဆံခံရတာက သဘာဝကျတယ်လေ။
[T.N လေယူရာအတိုင်းယိမ်းတတ်သည့်မြက်ပင်များ=အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲတတ်တဲ့လူများ]

✓ကူးပြောင်းသွားပြီးတဲ့နောက်  ခမည်းတော်ဧက္ကရာဇ်က ငါ့စိတ်ထဲကအသံကိုကြားနိုင်နေတယ်။Where stories live. Discover now