Ch.25 + Ch.26 + Ch.27 {End}

2.4K 289 25
                                    

UNICODE

Ch.25

ဧကရာဇ်အနိုင်ရသွားသည်အထိ ကျောက်ထန်ထန်လေးဟာ မလှုပ်ရှားနိုင်သေး။

သူမ ခမည်းတော်က သူမစိတ်ထဲက အသံကို အမြဲကြားနိုင်နေတာတဲ့လား!

သူမ ငိုချလိုက်ချင်ပေမယ့်လည်း မျက်ရည်ကကျမလာခဲ့။သူမအရင်ကပြောခဲ့တဲ့ စကားတွေအားလုံးနီးပါးဟာ သစ္စာဖောက်တဲ့စကားတွေချည်းပဲလေ။

ထိုအချိန်မှစပြီး ကျောက်ထန်ထန်လေးဟာ သူမ၏ ခမည်းတော်ဧကရာဇ်ကို ရှောင်နေတော့သည်။

[ဒီလူက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ!။]

သူမ တစ်ချိန်က တူးခဲ့ဖူးသည့် ခွေးတွင်းတွေထဲကနေ ထွက်ပြေးဖို့စတင်ပြင်ဆင်တော့၏။

သူမ မင်းသမီးအဖြစ်ဆက်မနေနိုင်တော့ပေ။ ကံကောင်းထောက်မစွာနဲ့ ယခင် နှစ်များတစ်လျှောက် သူမသည် အစီအစဉ်များကို ဂရုတစိုက်ဆွဲပြီး ငွေအများအပြားကို စုဆောင်းထားခဲ့လို့ပေါ့။

ဒီနေ့ဟာ လမိုက်ညဖြစ်သလို လေကလည်းကြမ်းတမ်းစွာ တိုက်ခတ်နေသည့်အတွက် ထွက်ပြေးလို့ကောင်းသည့်နေ့တစ်နေ့ပင်။

ကျောက်ထန်ထန်လေးဟာ သူမရဲ့လွယ်အိတ်သေးသေးလေးကို ကျောပေါ်တင်ပြီး ခြေတံတိုတိုလေးတွေနှင့် တတ်နိုင်သမျှ မြန်မြန်ပြေးနေခဲ့သည်။

နောက်ဆုံးတော့ သူမပန်းတိုင်ကို မျက်စိရှေ့မှာ မြင်နေရပြီး ရောက်ခါနီးနေပေပြီ။

"အား!!"

ငါ့လည်ပင်းလေး!

သူမရဲ့ ကိုယ်‌လုံးသေးသေးလေးက အပေါ်သို့ပင့်မ ခံလိုက်ရသလို ရင်းနှီးနေသောနံ့သာဖြူရနံ့ကိုလည်း လျင်မြန်စွာ အနံ့ခံမိသွား၏။သူမ ခေါင်းကို နောက်လှည့်ပြီးတော့ မကြည့်ချင်တော့။

ငါတော့ သေပြီပဲ။ခမည်းတော်ဧကရာဇ်က ငါ့ကို ဖမ်းမိသွားပြီဆိုမှတော့ သေချာပေါက်အရေးယူတော့မှာပဲ!။

-----

Ch.26

နန်းဆောင်ထဲတွင် သူမလေး၏ ခမည်းတော်ဧကရာဇ်၊ဧကရီ၊အင်ပါရီယာအကြီးဆုံးအစ်ကိုတော်နှင့် တတိယအစ်ကိုတော်တို့ဟာ ကျောက်‌ထန်ထန်လေးအား လေးနက်သောမျက်နှာများဖြင့် စိုက်ကြည့်နေကြသည်။

🎉 Has terminado de leer ✓ကူးပြောင်းသွားပြီးတဲ့နောက် ခမည်းတော်ဧက္ကရာဇ်က ငါ့စိတ်ထဲကအသံကိုကြားနိုင်နေတယ်။ 🎉
✓ကူးပြောင်းသွားပြီးတဲ့နောက်  ခမည်းတော်ဧက္ကရာဇ်က ငါ့စိတ်ထဲကအသံကိုကြားနိုင်နေတယ်။Donde viven las historias. Descúbrelo ahora