Ch.(10+11+12+13+14+15)

2.2K 268 13
                                    

UNICODE

Ch.10

ကျောက်ထန်ထန်လေးဟာ ချင်ကျန်း နန်းဆောင်ဆီသို့ ပျော်ရွှင်မြူးတူးစွာ ပြန်လာခဲ့
လေသည်။သူမလေးနောက်မှာတော့ သူမရဲ့အစေခံပိုင်ယုဟာ မုန့်တွေထည့်ထားသည့်သေတ္တာကိုသယ်ရင်း ပြေးလိုက်လာ၏။

သူမ နန်းဆောင်ထဲကိုဝင်လိုက်သည်နှင့် သူမလေးရဲ့ခမည်းတော်ဧကရာဇ်ဟာ အစီအရင်ခံစာတွေကို စစ်ဆေးနေတာကို တွေ့လိုက်ရ၏။

[ငါ့ရဲ့ငတုံး အဖေက အရင်ဘဝတုန်းက ကောင်းတာတွေမလုပ်ခဲ့လို့ ဒီဘဝမှာ ဧက္ကရာဇ်ဖြစ်လာတာဖြစ်ရမယ်။ ကြည့်လေ၊ သူ့ဘဝက သောက်ရမ်းခက်ခဲလိုက်တာ။]

စာရွက်ပြဲသံတစ်ခု ထွက်ပေါ်လာလေသည်။

ချန်လျှန်ဖူက စာရွက်အစားလဲပေးရန် ချက်ချင်း ရှေ့တိုးလာခဲ့သည်။

"မင်းသမီးခြောက်ကိုကျင့်ဝတ်တွေသင်ပေးဖို့ မိုမို ကို ရွေးပြီးသွားပြီလား?"

"ဧကရာဇ်မင်းကို ပြန်လည်ဖြေကြားပါတယ်၊ဒီကျွန် ရွေးနေတုန်းပါပဲ။"

"မြန်မြန်ရွေးလိုက်!"

[ဝူးဝူးဝူး ဒီစျေးပေါတဲ့အဖေက အရမ်းဆိုးတာပဲ!။သူငါ့ကို မနာလိုဖြစ်နေတာပဲဖြစ်ရမယ်!။]

--------

Ch.11

တတိယမင်းသားဟာ ရေဘေးဒုက္ခဒေသသို့ ထွက်ခွာသွားခဲ့သည်။သူ မသွားခင်မှာ ကိတ်မုန့်အသစ်တစ်မျိုးနှင့် စာတစ်စောင်ကို ကျောက်ထန်ထန်ဆီ အစေခံတစ်ယောက်ကို သွားပို့ခိုင်းဖို့ကိုလည်း မမေ့ခဲ့ချေ။

" 'နန်းပြင်ထွက်ကစားဖို့ ဒီအစ်ကိုတော်က မင်းကိုခေါ်သွားပေးမှာမို့တတိယအစ်ကိုတော်ပြန်လာမှာကိုစောင့်နေချည်။'ဆိုပြီး
တတိယမင်းသားက အမှာပါးခဲ့ပါတယ်။"

အစေခံပြောသွားခဲ့သည်ကို ပိုင်ယုက ပြန်ပြောပြလာသည့်အခါ ကျောက်ထန်ထန်ခေါင်းညိမ့်ပြလိုက်သည်။

တတိယအစ်ကိုတော် အကောင်းအတိုင်း ဆက်ဆက်ပြန်လာရမယ်နော်!

"မင်းသမီးခြောက်၊ဒီအစေခံတို့ စာဆက်လေ့လာသင့်ပါတယ်၊မဟုတ်လို့ရှိရင် ဒီကိတ်မုန့်ကို မင်းသမီးဒီနေ့စားနိုင်မှာ မဟုတ်လောက်ဘူး။"

✓ကူးပြောင်းသွားပြီးတဲ့နောက်  ခမည်းတော်ဧက္ကရာဇ်က ငါ့စိတ်ထဲကအသံကိုကြားနိုင်နေတယ်။Donde viven las historias. Descúbrelo ahora