Ch.19 + Ch.20 + Ch.21

1.8K 252 4
                                    

UNICODE

Ch.19

သူမ၏အကြီးဆုံးအင်ပါရီယာအစ်ကိုတော်ဟာ ယုထုန်ယန်းကို အောင်မြင်စွာ ချုပ်ကိုင်နိုင်ခဲ့ပေသည်။အင်ပါရီယာ အစ်ကိုတော်၏ သရုပ်မှန်ကို ထုတ်ဖော်ပြီးနောက်မှာတော့ ယုထုန်ယန်း အံ့သြဝမ်းသာသွားခဲ့သည်။မင်းသားတစ်ပါးနှင့် စိတ်တူကိုယ်တူ သူငယ်ချင်းဖြစ်သွားပြီဆိုမှတော့ ဘယ်သူရဲ့ အနာဂတ်ကများ မှေးမှိန်တော့မှာလဲ။

"အစ်ကိုတော်၊ယုထုန်ယန်းက အစ်ကိုတော်ရဲ့လူဖြစ်သွားပြီဆိုမှတော့ သူ့မိသားစုကိုလည်း ကောင်းကောင်းစောင့်ရှောက်ရမယ်နော်။"

သူမ၏ ဆိုလိုရင်း သူမအစ်ကိုကြီးသည် အလျင်အမြန် သဘောပေါက်သွားပြီး ယုထုန်ယန်း၏ အသက်ကြီးနေပြီဖြစ်သောမိခင်နှင့် ဖခင်တို့ကိုပါ အတူတကွ ခေါ်ဆောင်လာခဲ့သည်။

ယုထုန်ယန်း အလွန်လှုပ်လှုပ်ရှားရှားဖြစ်သွားသလို ကျောက်ထန်ထန်‌လေးဟာလည်းကျေနပ်စွာ ခေါင်းညိတ်မိလိုက်၏။

သူမတို့၏အိမ်ပြန်လမ်းမှာတော့ နောက်ထပ်လူ သုံးယောက်အပိုပါလာခဲ့ပေ၏။

--------

Ch.20

အချိန်သည် မြှားတစ်စင်းကဲ့သို့ အလျင်အမြန်ပဲ ကုန်ဆုံးသွားခဲ့သည်။သိပ်မကြာခင်မှာပဲကောင်းကင်ယံ၌ ထူထပ်သည့် ဆီးနှင်းတွေကျဆင်းလာခဲ့၏။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဧက္ကရာဇ်၏မျက်နှာအမူအရာသည် အလွန်ဆိုးရွားလှသည်။အင်ပါရီယာတတိယအစ်ကိုတော်ကြောင့်ဖြစ်တယ်ဆိုတာ လုကျောင်းကျောင်းသိပေ၏။

တတိယအစ်ကိုတော်ဆီက မည်သည့်သတင်းမျှမကြားရသည်မှာ တစ်ပတ်ကျော်ပြီဖြစ်တာ ကြောင့် ကလေးမလေးဟာလည်း အလွန်စိတ်ပူနေလေသည်။သူ့ကိုပေးခဲ့တဲ့ ဒူးလေးအသေးစားလေးက အသုံးဝင်နေဖို့ သူမမျှော်လင့်မိပေသည်။

ကျောက်ထန်ထန်လေးဟာ ဗုဒ္ဓဘာသာကို မယုံကြည်ပေမယ့်လည်း သူမလေးရဲ့ တတိယအစ်ကိုတော်အတွက်တော့ နေ့တိုင်းနေ့တိုင်း ဆုတောင်းနေဆဲဖြစ်သည်။

ထိုသို့ပြုလုပ်ပေးခြင်းကြောင့် ဧကရီက သူမလေးကို ပိုပြီးတော့တောင်ချစ်လာခဲ့သည်။

✓ကူးပြောင်းသွားပြီးတဲ့နောက်  ခမည်းတော်ဧက္ကရာဇ်က ငါ့စိတ်ထဲကအသံကိုကြားနိုင်နေတယ်။Where stories live. Discover now