မနက်ခင်းနေရောင်ဟာ 4ထပ်မြောက်တိုက်ပေါ်ရှိ အပေါ်ဆုံးအထပ်သို့ကျရောက်နေတယ်ဒါပေမဲ့လဲ အခန်းထဲကောင်လေးကတော့ အိပ်ပျော်နေဆဲအချိန်အားဖြင့် 7နာရီရှိပြီ ဒီနေ့ကသောကြာနေ့ဖြစ်တာကို ဒီကောင်လေးမေ့နေတာဖြစ်မယ် ဘာလို့ဆို သောကြာနေ့တိုင်းကျောင်းမတက်ခင် လက်တွေ့ခန်း၀င်ရတယ်လေ
"သားသားရေ မထသေးဘူးလား မနက်စာစားသွားနော် မာမီကုမ္မဏီကိုသွားပြီ"
"ဟူးဒီနေ့လဲငါတစ်ယောက်ထဲကျောင်းသွားရမယ်ထင်တယ် အယ်..ဒါမှမဟုတ် Xiao bao ကိုဖုန်းဆက်ခေါ်ရမယ်"
Zhu: "ဟျောင့် အိမ်လာခဲ့ဦး"
Zeyu: "ခနနေထွက်ခဲ့မယ်"
ဒီလိုနဲ့ zhuzhixin ရေချိူးဖို့ပြင်ပါတော့တယ် ကျောင်းက9နာရီမှတက်တာဆိုပေမဲ့ သောကြာနေ့ဆိုတော့ ကျောင်းမတက်ခင်နာရီ၀က်လောက် လက်တွေ့ခန်း၀င်ရတယ်လေအဆင့်၁ကျောင်းသားဆိုတော့ နောက်ကျလို့ဘယ်ကောင်းမလဲ မြန်မြန်လုပ်ရမယ်"ကိုယ်ကရေချိုးပြီးလို့မနက်စာတောင်စားပြီးပြီ ဆရာသမားကရောက်မလာသေး"
နာရီကိုကြည့်လိုက်တော့8:00AM ရှိပြီ
ခနနေတော့Zeyu: "နဲနဲနောက်ကျသွားတယ် ငါအင်ကျီရွေးနေတာနဲ့"
Zhu: "တစ်နာရီကြီးတောင် မင်းအင်ကျီရွေးနေတာလား တကယ်လေးစားပါတယ် Zhang Zeyu ရယ်"
Zeyu: "မဟုတ်ပါဘူး အပိုယူလာတာ ကျောင်းဆင်းရင်ငါအိမ်မပြန်ချင်လို့"
Zhu: "မင်းကဘယ်သွားမလို့လဲ"
Zeyu: "ဘယ်သွားနေနေအဆင်ပြေတာပဲကွာ မဟုတ်လဲအိမ်ပြန်လဲ လုပ်စရာမရှိ မာမီတို့က တစ်ချိန်လုံးဆေးရုံမှာလေ"
Zhu: "ထားပါအရင်သွားရအောင် မိနစ်၂၀ပဲလိုတော့တယ်"
Zeyu: "အင်း"
ကျောင်းရောက်လာသောအခါ လူနည်းတာပဲ အင်းလေ ကိုယ်ကမှအစောရီးထွက်လာတာကို ပုံမှန်ဆိုတော်တော်များများက ကျောင်းတက်ဖို့ မိနစ်၂၀လောက်လိုမှလာကြတာကိုး ထားပါ
ကျွန်တော်နဲ့xiao bao ကအခန်းတူတာမို့ အခန်းထဲအရင်သွားပြီးမှ ကန်တင်းဘက်ကိုသွားကြတယ် ပျင်းတိုင်းကန်တင်းသွားကြတာများတယ်လေ
