Love mud (part 9)

124 10 7
                                    

ထိုင်သာထိုင်နေကြပြီး ဘာစကားမှမပြောကြတဲ့အခြေနေကြောင့် Xiao jun နေရခက်လာပြီး
Hao: "Xiao bao မင်းမအေးဘူးလား"

Bao: "မဆိုးပါဘူး နေလို့ကောင်းပါတယ်"

Hao: "ဒါဆိုလဲကောင်းပြီ"
တဖန်ပြန်လည်တိတ်ဆိတ်သွားတယ်

လေကအရမ်းကိုတိုက်လာတာကြောင့် Xiao bao တော်‌ေတာ်အေးလာသလိုခံစားလိုက်ရတယ် နဂိုကတဲ့က ချမ်းစိမ့်စိမ့်လေးဖြစ်နေတာကြောင့် အခုတော့ပိုပြီးအေးလာတယ် Xiao junလဲ သူ၀တ်ထားတဲ့ ကုတ်အင်ကျီကို Xiao bao ရဲ့ပခုံး‌ကနေခါးထိလုံအောင်အပေါ်ကနေချုံပေးလိုက်တယ်
Xiao jun ရဲ့အပြုအမူကြောင့် Xiao bao မျက်လုံးလေးပြူးကာလှည့်ကြည့်လိုက်တယ်

Hao: "ဘာကြည့်တာလဲ ငါမပြောဘူးလားအေးပါတယ်ဆိုတာကိုစကားမှနားမထောင်တာ"

Bao: "အဲ့တာဆို မင်းကရော"

Hao: "ငါကရတယ်"
Xiao bao လဲမယုံတဲ့အကြည့်နဲ့ကြည့်လိုက်တယ်
Hao: "အဲ့လိုမကြည့်နဲ့လေ ငါကမင်းလိုကျန်းမာရေးချူချာတဲ့သူမှမဟုတ်တာ"
Xiao jun စကားကြောင့် Xiao bao သူ့ကိုမကြည့်တော့ပဲ ခေါင်းပြန်လှည့်လိုက်တယ်
Bao: "စကားကောင်းကောင်းပြောလို့မရဘူးလား"

Hao: "စကားကောင်းကောင်းပြောနေတာပဲလေ မင်းမှနားမထောင်တာ ကျန်းမာရေးကမကောင်းဘူး လေတိုက်ကြီးထဲထိုင်နေတာ"
Xiao jun လေသံနည်းနည်းမာသွားတယ်
Bao: "ငါမင်းကိုပြောမယ်ZhangJunHao ငါ့ကျန်းမာရေးအဲ့လောက်ထိမဆိုးပါဘူး မင်းကပိုပြောနေသလိုပဲ ပြီးတော့မင်းဘာလို့စိတ်ဆိုးနေတာလဲ"

Hao: "ငါစိတ်ဆိုးတယ်..?"

Bao: "ဟုတ်တယ် မင်းသိသိသာသာကြီးငါ့ကိုတင်းမာနေတာ"

Hao: "ငါမဟုတ်ပါဘူး"

Bao: "ZhangJunHao မင်းလိမ်တယ်"

Hao: "ငါတကယ်မလုပ်ပါဘူးဆို"

Bao: "လူလိမ်..!မုန်းတယ်...!"
Xiao bao မျက်ရည်တွေကျကာ ထပြေးသွားတယ်

Hao: "Xiao bao ငါမှားပါတယ် မငိုပါနဲ့ ‌xiao bao စောင့်ပါဦး"
Xiao junလဲအသည်းအသန်ပြေးလိုက်ပါတော့တယ်။ နောက်ဆုံးမှာတော့ Xiao bao ကိုမှီသွားပြီး လက်ကိုလှမ်းဆွဲကာ ဖတ်လိုက်သည်။အချိန်အတော်အတန် ကြာအောင်ထိ ဖတ်နေပြီးလွှတ်မပေးသေးတဲ့ Xiao jun။
နာရီ၀က်ကြာသော်
Bao: "ZhangJunHao ငါအသက်ရှူကြပ်နေပြီ မင်းဖယ်ဦး"
ပြောတာတောင်မကြားပဲ အာရုံလွင့်နေတဲ့ Xiao jun ကို Xiao bao ကကျောကုန်းထုလိုက်တယ်

Love mud Where stories live. Discover now