In Party,
ပါတီကတော့ ထင်တဲ့အတိုင်း Zhuအိမ်တော်ကကျင်းပတာဖြစ်ပြီး Zhuzhixin အသက်၁၇နှစ်ပြည့်တော့မှာမလို့ ဂုဏ်ပြုတဲ့ပွဲပါ မွေးနေ့မတိုင်ခင် ၂ရက်လောက်ကြိုလုပ်တယ်ဆိုတာလဲ Zhuzhixin ကမွေးနေ့မှာ သူငယ်ချင်းတွေနဲ့ခရီးထွက်ချင်တာကြောင့် မိဘတွေက ကြိုပြီးပွဲလုပ်ပေးတဲ့သဘောပါ ဒါကြောင့် ဂုဏ်အရှိန်အဝါကြီးတဲ့သဌေးတော်တော်များများကိုဖိတ်ကြားထားတာပါ Deng jiaxin, Zhang Zeyu, Liuyaowen, သူတို့၃ယောက်က ဖိတ်ကြားခံရလို့လာတာဆိုပေမဲ့ Suxinhao ကတော့ Zhuzhixin ရဲ့မိဘတွေနဲ့ငယ်ငယ်ကတဲ့က ရင်းနှီးပြီးသားမလို့ ဖိတ်စရာတောင်မလိုပါဘူး ကျန်တဲ့သူတွေကတော့ ဖိတ်စာပို့ထားေပမဲ့မအားလို့မလာကြပါဘူး
ပါတီက လူကြီးတွေအတွက်သီးသန့်လို့တောင်ထင်ရတဲ့ထိ လူကြီးတွေနဲ့ပြည့်နေပြီး လူငယ်ဆိုလို့ သူတို့5ယောက်နဲ့ ကျန်တဲ့20ကျော်ပိုင်းတစ်ချို့တွေလောက်ပဲပါတယ် ပါတီက Deng jiaxin ရဲ့မိဘတွေလက်အောက်က နာမည်ကြီးဟိုတယ်တစ်ခုမှာလုပ်တာပါ
ပွဲထဲမှာ လူကြီးေတွစကားပြောရင်း စားစရာသောက်စရာတွေကိုအာရုံစိုက်နေချိန် liuyaowen တစ်ယောက်မျက်လုံးက zhuzhixin ကိုလိုက်ရှာနေမိတယ် တကယ်ဆို zhuzhixin ရဲ့မိဘတွေနဲ့သူနဲ့က အတူလက်တွဲလုပ်ရမဲ့ ပရောဂျက်ကိုဆွေးနွေးစရာတွေရှိပါတယ်
*ပါတီရှင်တွေလဲမတွေ့ ပေါက်စကိုလဲမတွေ့ မဟုတ်သေးပါဘူး ငါနေရာမှားလာတာလဲမဖြစ်နိုင်ဘူး*
နေရာတိုင်းမှာလိုက်ရှာဖို့သူဆုံးဖြတ်လိုက်တယ်
Liuyaowen တစ်ယောက် 15မိနစ်လောက်နေရာတိုင်းမှာ သူ့ရဲ့နေရောင်ခြည်လေးကို ခေါင်းမီးတောက်အောင်လိုက်ရှာနေတာပေါ့
~~~~
Su: "အချစ် ပြီးပြီလား သွားရအောင်လေ Xiao bao တို့စောင့်နေလောက်တယ် "
Zhu: "ခနလေး လက်စွပ်၀တ်လိုက်ဦးမယ်"
Su: "လာ မောင်၀တ်ပေးမယ်"
ဆိုပြီး Xiao zhu ရဲ့လက်ဖမိုးလေးကိုနူးနူးညံ့ညံ့လေးကိုင်ပြီး အဖြူရောင်ကျောက်လေးတွေစည်ထားတဲ့ လက်စွပ်လေးကို လက်သန်းကြွယ်မှာ သေသေချာချာလေး၀တ်ပေးလိုက်တယ် ပြီးတော့ နူးနူးညံ့ညံ့လေးကိုင်ထားပြီး အနမ်းပေးလိုက်တယ်
Suxinhao နမ်းလိုက်တော့ Xiao zhuရဲ့ပါးလေးက ရဲတက်လာပြီး ပြုံးလိုက်တော့ ပါးလေးကဖောင်းထွက်နေတယ် ပုံစံလေးက စတော်ဘယ်ရီသီးလေးအတိုင်းပဲ Suxinhao သူ့ရှေ့မှာအရှက်သည်းနေတဲ့ ကိုကိုပေါက်စလေးကို အူတွေယားလာတာကြောင့်
Su: "ဒီထပ်ပိုပြီးချစ်စရာကောင်းနေရင် မောင်ဘာလုပ်မိမယ်မသိဘူးနော် "
Zhu: "နှာဘူး အသက်ကဖြင့်မပြည့်သေးပဲနဲ့"
Su: "အသက်ပြည့်တာမပြည့်တာနဲ့မဆိုင်ပါဘူး ဘေဘီရယ်"
Zhu: "တော်ပြီ သွားမယ်"
Su: "ဟုတ်ပါပြီဗျ မောင့်နားမှာပဲနေနော်"
Zhu: "အပိုတွေလုပ်နေပြန်ပြီ"
နှစ်ယောက်သား မာမီတို့ရှိရာ ဟိုတယ်ကိုထွက်လာလိုက်ကြတယ် Suxinhao နဲ့ Zhuzhixin တွဲတာကို နှစ်ဖက်မိဘတွေအကုန်လုံးသိပေမဲ့ Zhuzhixin ကအဲ့တာကိုသိပ်သဘောမကျဘူး သူကအပျော်တွဲတာမဟုတ်လား အတည်ကြီးလုပ်နေတဲ့ Suxinhao ကြောင့် တစ်ခါတစ်လေ သူစိတ်ရှုပ်ရတယ် ခုဆို နှစ်ယောက်က ပွဲတွေတောင်တူတူတက်နေကြပြီလေ အားလုံးရှေ့မှာ ချပြဖို့ Suxinhao ကပြသနာမရှိပေမဲ့ သူကတော့ရှိတယ် သူအဲ့လိုမျိုးတွေမကြိုက်ဘူး ထိန်းချုပ်ခံထားရသလိုမျိုးခံစားချက်ကြီး။
~~~
" Xiao Su, Xiao Zhu လာပြီလား မာမီတို့က သားတို့ကိုစောင့်နေတာ"
Zhu: "မာမီ Xiao bao တို့ရောက်ပြီလား"
"မရောက်သေးဘူးနော် သားသား"
Su: "ကျွန်တော်ဖုန်းဆက်ကြည့်လိုက်မယ်"
"အေးအေး သားတို့အေးအေးဆေးဆေးနေကြဦးနော် မာမီဟိုဘက်ခနသွားလိုက်ဦးမယ် ပြီးမှ သား Xiao zhu ကိုမာမီဧည့်သည်တွေနဲ့မိတ်ဆက်ပေးမယ်"
Zhu: "ဟုတ်မာမီ"
မာမီလဲထွက်သွားတော့ Suxinhao Xiao bao တို့ဆီဖုန်းဆက်ဖို့အပြင်ခနထွက်သွားတယ် Zhuzhixin တစ်ယောက်ပဲကျန်ခဲ့တယ်
*တွေ့ပြီပဲ Suxinhao နဲ့လာတာကိုး*
yaowen: "ပေါက်စ ကိုယ်တို့ထပ်တွေ့ပြန်ပြီနော်"
