ကျောင်းဆင်းလို့ ညခင်း Zhang ji အိမ်မှာလူစုနေကြပြီ လူကလဲစုံသလောက်ရှိနေပြီ အိမ်ရှင် Zhang ji ကသာဘယ်ရောက်နေလဲမသိဘူး
hang: "Zhang ji ကဘယ်ရောက်သွားတာလဲ"
ပြောရင်း ခုန်ပေါက်လိုက်လို့ ချော်လဲသွားတယ်Zhu: "Yu Yu hang မင်းငြိမ်ငြိမ်နေလို့မရဘူးလား"
Zhou: "နေရာတိုင်းမှာ မင်းဖင်ရာတွေကြည့်ပဲ"
hang: "ငြိမ်တာနဲ့ အလာဂျစ်ရှိတယ်"
Chen: "ငြိမ်တာနဲ့ အလာဂျစ်ရှိတယ် ဘာစကားရီးလဲ"
ပြောပြီးအကုန်လုံးဝိုင်းရယ်နေကြတယ် အဲ့ချိန် Zhang ji ရောက်လာပြီးZhang ji: "ဘာတွေရယ်နေကြတာလဲ"
Su: "Yu Yu hang ကိုဝိုင်းရယ်နေကြတာနေမှာပေါ့ "
Zhang ji: "ထားပါ ငါမိတ်ဆက်ပေးဦးမယ် ငါ့အကိုတစ်၀မ်းကွဲ liuyaowen တဲ့"
yaowen: "တွေ့ရတာ၀မ်းသာပါတယ် ကိုယ်က liuyaowen ပါ"
အဲ့လိုနဲ့ပဲအကုန်လုံးကသူတို့နာမည်တွေပြောနေကြတာပေါ့ zhuzhixin ကလွဲလို့*ဘာလို့လဲမသိဘူး ဒီလူကတော်တော်အမြင်ကပ်ဖို့ကောင်းတယ် ဘာလို့ငါ့ကိုလိုက်ကြည့်နေတာလဲ ငါ့မျက်နှာမှာတစ်ခုခုရှိနေလို့လား*
Zhu:" suxinhao ငါ့မျက်နှာမှာဘာရှိလဲ"
Su: "ဘာရှိလဲဆိုတော့ ချစ်စရာကောင်းတဲ့အမှည့်လေးရှိတယ်လေ"
Zhu: "အကောင်းမေးတာ တနှာရူးမနေနဲ့"
Su: "မောင်ကတကယ်ပြောနေတာ "
Zhu: "Suxinhao!"
Su: "စတာစတာ ဘာမှမရှိပါဘူး"Jiaxin: "အဲ့လိုအဲ့လို ဘေးကလူတွေက သေနေကြတာလေ"
Chen: "ဟုတ်ပ မင်းတို့က"
Liuyaowen pov:
Xiao ji ကညခင်းသူ့အိမ်မှာသူငယ်ချင်းတွေလာမယ်ဆိုတော့ ကိုယ့်ပါခေါ်တယ်လေ မဟုတ်တောင်ပျင်းနေတာ ကုမ္မဏီမှာပဲနေရတာ ပင်ပန်းတာမို့ နဲနဲလောက်တော့ အနားယူသင့်တယ်မလား အဲ့လိုနဲ့ပဲ တစ်၀မ်းကွဲညီလေးရဲ့အိမ်ကိုရောက်လာပါရော အကုန်လုံးစနောက်ပြီးရယ်နေကြတယ် အဲ့ထဲမှာမှချစ်စရာကောင်းတဲ့ကောင်လေး မင်းအပြုံးက ကိုယ့်ရဲ့မြင်ကွင်းတွေကိုသိမ်းပိုက်လိုက်တယ် ဘယ်လိုလေးတောင်လဲ အဲ့ဒီနေရာရောက်တော့ Xiao ji ကအကုန်လုံးနဲ့မိတ်ဆက်ပေးတယ် တခြားသူတွေကဖော်ဖော်ရွှေရွှေသူတို့နာမည်တွေပြောနေကြပေမဲ့ အဲ့ဒီကောင်လေး သူကတော့ကိုယ့်ကိုအမြင်မကြည်ဘူးထင်ပါရဲ့ 3sec ပြည့်အောင်တောင်မကြည့်ဘူး နောက်တော့ဘာရယ် Suxinhao နဲ့ရည်းစားတွေလား Suxinhao ကသူ့ကိုယ်သူ မောင်လို့ သုံးလိုက်တာပဲ ဘယ်လိုပဲပြောပြောပါ Suxinhao နဲ့ကိုယ်ကသူငယ်ချင်းတွေဆိုပေမဲ့ မတက်နိုင်ဘူးလေ အဲ့ဒီကောင်လေးကိုလိုချင်တယ် ရအောင်ယူမယ် ကိုယ့်ဘ၀မှာ လူတစ်ယောက်ကလွဲလို့ ဘယ်သူ့ကိုမှမချစ်ဖူးသလို ဘယ်အရာကိုမှ မတောင်းတခဲ့ဖူးဘူး အခုတော့မဟုတ်တော့ဘူး ကောင်လေး မင်းကကိုယ်တောင်းတရတဲ့ဖြစ်တည်မှုပဲ
