Love mud part3

82 8 2
                                    

Zhuzhixin ဒီနေ့တော့ ကျောင်းကိုစောစောသွားချင်တာမို့အိမ်ကနေ 7နာရီခွဲလောက်ထွက်လာခဲ့လိုက်တယ်ကျောင်းကအကျယ်ကြီးမလို့ အခန်းကိုရောက်ဖို့ 15မိနစ်လောက်လျှောက်ရသေးတယ် ကျောင်းပေါက်၀ကိုရောက်တော့ကားတစ်စီးရပ်ထားတာကို Zhuzhixin တွေ့လိုက်တယ် တကယ်ဆိုကျောင်းရှေ့မှာကားလာရပ်တဲ့သူကမရှိသ‌ေလာက်‌ေအာင် ရှားတယ်‌ေလအဲ့‌ေကြာင့်စပ်စုတတ်တဲ့သူမလို့ အနားကိုသွားကြည့်လိုက်တယ်
အနားကိုရောက်တော့ ကားထဲကနေ လူတစ်ယောက်ထွက်လာပြီး
yaowen: "ပေါက်စ ကျောင်းကိုအစောကြီးပါလား အဲ့တော့လဲကောင်းတာပေါ့ ကိုယ်အကြာကြီးမစောင့်ရတော့ဘူးလေ"

Zhu: "ဘာလုပ်ဖို့စောင့်နေတာလဲ"

yaowen: "ကိုယ်ကဒီတိုင်းတွေ့ချင်လို့ပါ နောက်ပြီး ကိုယ့်ကိုပေါက်စရဲ့ဖုန်းနံပါတ်လေးပေးပါလား"

Zhu: "ကျွန်တော့်မှာနာမည်ရှိတယ် Zhuzhixin ပြီးတော့ ကျွန်တော့်ဖုန်းနံပါတ်ကို Suxinhao ဆီကပဲတောင်းလိုက်ပါ ခင်ဗျားနဲ့Suxinhaoနဲ့ကတော်တော်လေးရင်းနှီးတာပဲ သိချင်တာရှိရင် သူ့ဆီပဲတိုက်ရိုက်သွားမေးလိုက်ပါနော်"
ပုံမှန်ဆိုစကားတွေအဲ့လောက်ထိပြောဖြစ်မှာမဟုတ်ပေမဲ့လဲ ဒီလူကြီးနဲ့က ဇာတ်လမ်းကိုမစချင်တာ ရှင်း"ပြောရရင် မြင်ကိုမမြင်ချင်တာ

yaowen: "ကိုယ်ကမေးရင်သူကဖြေမှာမလို့လား မင်းပြောကြည့်လေ"

Zhu: "အဲ့တာတော့ကျွန်တော်လဲမပြောတတ်ဘူး သူ့သဘောပဲလေ wenသခင်လေး ကျွန်တော့်ကိုခွင့်ပြုပါဦး"
*ဒီလူတော်တော်အရစ်ရှည်တာပဲ *

yaowen: "နေဦးလေ ကိုယ်ပြောစရာရှိသေးတယ်"
လို့ပါးစပ်ကလဲပြော လက်ကလဲ Zhuzhixin ရဲ့လက်ကိုကိုင်လိုက်မိတယ်

Zhu: "ဘာဖြစ်ချင်နေတာလဲ လွှတ်"

yaowen: "ကိုယ်ကစကားလေးနဲနဲပြောချင်ရုံပဲ ပေါက်စ"

Zhu: "မပြောချင်ဘူး ပြောစရာရှိရင် Suxinhao ကိုသွားရှာလိုက်"
လို့ပြောပြီး yaowen ရဲ့ခြေတောက်ကိုတက်နင်းပြီး ပြေးထွက်လာခဲ့တယ်
အဖြစ်အပျက်အားလုံးကိုမြင်လိုက်ရတဲ့ Suxinhao ကတော့ yaowen ကိုကြည့်ပြီး ခနဲ့ပြုံးပြုံးနေလိုက်တယ်
yaowen ရဲ့ကားထွက်သွားတော့ Suxinhao လဲ Zhuzhixin နောက်ကိုမှီအောင်ပြေးလိုက်တော့တယ်
Su: "အချစ် ခုနက ဟိုကောင်နဲ့စကားရပ်ပြောနေတာတွေ့လိုက်တယ်"
မြင်လိုက်ပေမဲ့ပြော‌ေနတဲ့စကားတွေကိုသူသေချာမကြားရတဲ့တွက်မေးလိုက်ခြင်း
Zhu: "ပြောစရာရှိလို့တဲ့ အဲ့တာမင်းကိုသွားရှာလိုက်လို့ပြောလိုက်တယ် ပြီးတော့ဖုန်းနံပါတ်လဲတောင်းတယ် မင်းဆီကတောင်းလိုက်လို့ပြောလိုက်တာ"
Su: "မောင့်ဆီအကုန်လွှဲလိုက်တာပေါ့ အဲ့ကြောင့်ချစ်နေရတာ အချစ်ကို"
ဆိုပြီး Xiao zhuရဲ့ပါးလေးကို နမ်းလိုက်တယ်
Zhu: "Suxinhao လူရှေ့သူရှေ့ကိုဘာဖြစ်နေတာလဲ"
Su: "မောင်တို့တွဲတာ မသိတဲ့သူမရှိပါဘူး ရှက်စရာလဲမလိုပဲနဲ့ကို"
Zhu: "တော်ပြီဖယ်..."
Su: "မဖယ်ပါဘူး"
ဆိုကာ တင်းတင်းကျပ်ကျပ်ဖတ်ထားလိုက်တယ်
Zhu: "အော်..ဟုတ်သားပဲညကျ မာမီတို့က ပါတီပွဲရှိတယ် အဲ့ကြောင့်စောစောပြန်ရမှာ"
Su: "ဘယ်အိမ်ကပါတီလဲ"
Zhu: "မသိဘူး မာမီတို့လုပ်တာနေမှာ ငါ့မွေးနေ့က နောက်နှစ်ရက်နေရင်ရောက်ပြီလေ"
Su: ".........."
Zhu: "ဖယ်တော့ အူတူတူအတတပုံစံလုပ်မနေနဲ့ ဖယ်"
Su: "............."
Zhu: "Suxinhao ငါစိတ်တိုလာပြီနော်"
မသိချင်ယောင်ဆောင်ပြီး သူ့ကိုရင်ခွင်ထဲကမထုတ်ပဲဟိုကြည့်ဒီကြည့်လုပ်နေတဲ့ Suxinhao ကိုသူတကယ်စိတ်မရှည်တော့ပေ
Su: "မောင်လို့ခေါ်ရင် ဖယ်ပေးမယ် "
Zhu: "........"
Zhu: "မောင်..ဖယ်ပေးလို့ အသက်ရှူကြပ်လာပြီ"
မနိုင်တဲ့အဆုံး သူကပဲအလျော့ပေးလိုက်ရတော့တယ်
Su: "ဟုတ်ပြီဗျ ဒါဆို မောင်အချစ်ကိုအခန်း‌ဆီလိုက်ပို့‌ေပးမယ်"
Suxinhao ပြောတာကိုဘာမှတောင်ပြန်မပြောပဲ ရှေ့ကနေထွက်သွားတဲ့ Xiao Zhu
Su: "မောင့်ကိုမစောင့်ပဲ ထွက်သွားတယ်ပေါ့ မိလို့ကတော့ ကိုက်စားပြစ်မယ်"
Xiao Zhu လဲ Suxinhao ရဲ့ခြိမ်းခြောက်သံကိုကြားပြီး ပြေးပါတော့တယ်
Suxinhao ကတော့ မစောင့်တဲ့အပြင် သူ့စကားကိုပါလျစ်လျူရှုပြီးပြေးထွက်သွားတဲ့ အကောင်ပေါက်လေးနောက် အ‌သည်းသန်ပြေးလိုက်ပါတော့တယ်
~~~~
Su: "မိပြီ ဘယ်ပြေးမှာလဲ လူလေးကသေးသေးလေးနဲ့ရုံးချင်သေးတာ"
Xiao Zhu လဲသူ့ကိုပါးစပ်ကလဲပြော လက်တစ်ဖက်ကချုပ်ထားပြီးနောက်တစ်ဖက်က ကလိယားထိုးနေတဲ့ Suxinhao ကြောင့် ရယ်နေတာရပ်ကိုမရပ်တော့ဘူး
Zeyu: "အေးအေးလုပ်နေလိုက် မျက်စိ‌ေနာက်အောင် "
အခန်းထဲမ၀င်ပဲ တံခါးအပြင်ဘက်မှာ ကျီစယ်နေတဲ့နှစ်ယောက်သားကို တကယ်စိတ်မရှည်တော့၍ထပြောလိုက်ခြင်း
Zhou: "ထားလိုက်ပါကွာ တစ်သက်နဲ့တစ်ကိုယ်ရည်းစားမထားဖူးတဲ့သူတွေဆိုတော့ ဒီလောက်တော့ရှိမှာပေါ့"
Zhou hang ရွဲ့ပြီးပြောလိုက်တာကို Zhang ji နဲ့ Zhang Zeyu က၀င်ထောက်ခံလိုက်တယ်
Suxinhao နဲ့ Zhuzhixin လဲစောစောစီးစီး သာသနာဖျက်နေတဲ့သူငယ်ချင်းကောင်း‌လေးတွေကြောင့် အခန်းထဲ၀င်လာလိုက်တယ်

Su: "သူများသာယာနေပြီဆို သာသနာကဖျက်ပြီ မင်းတို့ကလဲ့ကျမှတွေ့မယ်"
jiaxin: "အခန်းထဲမ၀င်ပဲ တံခါး၀မှာ နံ့ကြောဆွဲနေတာကို ပြောမှာပေါ့"
Su: "မင်းဆိုတဲ့ကောင်ကလေ ပါးစပ်ကတော်တော်အပေါက်ဆိုးတာပဲ"
jiaxin: "ငါကအပေါက်ဆိုးတာမဟုတ်ဘူး Zhou hang ပြောတာကမှန်လွန်းနေလို့ ၀င်ထောက်ခံတဲ့သဘော"
Su: "ဒီကောင်ကွာ.."
Zeyu: "ကဲတော်တော် ရန်ဖြစ်မှာဆိုအပြင်ဘက်ထွက် နားညီးတယ်"
jiaxin: "မဖြစ်ပါဘူး ဒီကောင်ကလာစနေတာ"
Su: "မင်းအရင်စတာ ဟျောင့်"
Zhang ji: "ပါးစပ်ကလေးပိတ်နေကြပါကွာ Yu Yu hang မရှိလို့ နားအေးမယ်ထင်နေတာ မင်းတို့ကပြီးကိုမပြီးနိုင်ကြတော့ဘူး"
အကုန်လုံးက ပြတင်းပေါက်နဲ့နီးရာမှာထိုင်ကြတယ် zhuzhixin ကပြတင်းပေါက်နဲ့နီးတဲ့ ခုံ့တန်းက ဒုတိယမြောက်ခုံမှာထိုင်တယ် သူ့ဘေးမှာ Deng jiaxin , တတိယမြောက်ခုံမှာ Zhou hang သူ့ဘေးမှာ Suxinhao, သူတို့ရဲ့ ဘေးကခုံတန်း(အလယ်ဒိုး)မှာ Zhang Zeyu နဲ့ Zhang ji။ အစကတော့ Zhuzhixin ရဲ့ဘေးမှာ Suxinhao ထိုင်တာ Deng jiaxin နဲ့Zhang jiနဲ့က က‌မြင်းကြောအရမ်းထလွန်းလို့ Zhou hang က Deng jiaxin ကိုနှင်ထုတ်ရာမှ Zhuzhixin ရဲ့ဘေးမှာ Deng jiaxin ဖြစ်သွားခြင်း Suxinhao ကတော့သူမလာခင် သူ့နေရာကိုအပိုင်းစီးသွားရုံသာမက သူ့ရည်းစားလေးကိုပါ မှီလိုက် အသားယူလိုက် ရွဲ့ပြိီးလုပ်"ပြနေတဲ့ သူငယ်ချင်းကောင်းလေး jiaxin ကိုနေ့တိုင်း မေတ္တာပို့ပို့နေရတာ တစ်လုပ်
နေ့တိုင်းနေ့တိုင်း စာသင်ခန်းထဲမှာ Zhang ji နဲ့ Deng jiaxin နဲ့စာတွေလိုက်မကြည့်ပဲ မုန့်ခိုးခိုးစားလို့ ဆူရတာဆရာမလဲ ငြီးငွေ့နေပြီ အခန်းဖော်တွေဆို ပြောမနေပါနဲ့တော့

~~~~
ကျောင်းဆင်းချိန်
Su: "ဒါဆိုငါတို့အိမ်ပြန်ကြတာပေါ့"
ji: "အိမ်မပြန်လို့မင်းက ဘယ်သွားချင်တာလဲ"
Su: "ရည်းစားလေးအိမ် ...နော့်ဘေဘီ"
Zhu: "အချိန်ပြည့် တနှားလောက်ရူးနေတာ.. ငါအိမ်ပြန်တော့မယ်နော် ညကျပါတီရှိသေးတာမို့"
Zeyu: "ဘယ်မှာလုပ်တာလဲ ငါ့ကိုလဲမာမီဖုန်းဆက်ထားတာ ပါတီရှိသေးလို့ သူအိမ်ပြန်ရောက်နေတာတဲ့"
jiaxin: "အင်းငါ့ရောပဲ"
Zhu: "လူစုံတော့လဲကောင်းတာပေါ့ ငါပြန်တော့မယ်"
Su: "မောင်လိုက်ပို့ပေးမယ် အန်တီနဲ့စကားပြောစရာရှိသေးတယ်"
Zhu: "ဘာပြောမလို့လဲ"
Su: "အချစ်ရယ် ...မောင့်မှာအန်တီနဲ့ပြောစရာဆိုလို့ မင်းနဲ့ပတ်သတ်တာပဲရှိတာလေ"
Ji: "ပရမ်းပတာနဲ့ ငယ်ငယ်ကတဲ့က zhuzhixin ရဲ့အမေနားမှာနေလာပြီးတော့"
jiaxin: "အင်းလေ ငါတို့လဲ ငယ်ငယ်ကတဲ့က အမျိုးတွေလိုနေလာတာကို ကြီးကြီးကျယ်ကျယ်တွေပြော"
Su: "ကဲ ငါ့အဖေတို့ရယ် ကျွန်တော့်ဘာသာ ကျွန်တော့်ကောင်လေးကို ဘာ‌ပဲပြောပြော အဖေတို့၀င်၀င်ပြီးဖင်မရှည်ကြပါနဲ့"
Zhou: "ငါ့သားလေးက ဒီလိုကျ တနှာရူးသားပဲ"
Zeyu: "လူစုခွဲရအောင် နောက်မှတွေ့မယ်"

Love mud Where stories live. Discover now