12

1.3K 86 6
                                        

" အစ်မ ချယ်ဝင်ခဲ့လို့ရမလား "


အခန်းထဲမှာစာဖတ်နေတာထင်လို့ ချယ်ယောင်းတံခါးတောင်မခေါက်ဘဲ ချောင်းကြည့်ပြီးဝင်သွားလိုက်တော့ အစ်မက စာဖတ်နေတာမှမဟုတ်တာ ၊ ပိုက်ဆံလေးတွေကိုပုံချကာ အစ်မက စာရင်းလုပ်နေပုံရသည် ။


" အန်တီတို့ ပိုက်ဆံပို့လိုက်လို့လား အစ်မ ၊ ဒီတစ်ခါစောတယ်နော် လကုန်ဖို့တောင်လိုသေးတာကို "


ကျောင်းမတက်ခင် လအနည်းငယ်ကြိုရောက်နေတာမို့ သူမတို့ကို လကုန်ခါနီးတိုင်း အိမ်ကထောက်ပံ့လေ့ရှိသည် ၊ ချယ်နဲ့ ဂျီဆူးရဲ့ဆက်ဆံရေးက အကောင်းကြီးမဟုတ်ရင်တောင် အဆိုးရွားကြီးတော့မဟုတ်သေးပါ ၊ ဂျန်းနီလား ပိုလာရိုက်ဓာတ်ပုံလေးကိုပြန်ပေးပြီးထဲက ကုတ်အင်္ကျီတစ်ထည်နဲ့ အခန်းတွင်းအောင်းနေတာ ဘာတွေလုပ်နေမှန်းလဲ ဘယ်သူမှမသိရပါ ။


" အစ်မ "


အတွေးတွေက ချယ်ယောင်းအမေးကြောင့် ပြတ်တောက်သွားသော ဂျီဆူးတစ်ယောက် ချယ်ယောင်းကိုကြည့်ကာ ခေါင်းလေးငြိမ့်ပြလိုက်သည် ။


" အန်တီတို့မုန့်ဖိုးတွေပို့တာစောတာလား ၊ ဒါမှမဟုတ် အစ်မကိုယ်ပိုင်ပိုက်ဆံတွေလား "


ခေါင်းလေးကုတ်ကာမေးလာသော ချယ်ယောင်းကိုကြည့်ပီး ဂျီဆူးပြုံးရုံလေးသာပြုံးလိုက်သည် ။


" အစ်မအပိုင်မဟုတ်တဲ့ အစ်မကိုယ်ပိုင်ပိုက်ဆံတွေပါ "


ဒီအတောအတွင်း အစ်မမျက်ဝန်းတွေကို ချယ်ယောင်းဖတ်တတ်လာခဲ့သည် ၊ ဒီစကားကိုမပြောခင် အစ်မမျက်ဝန်းလေးတွေက ထင်ထားတာထက်ပိုညိုနေသည် ၊ အညိုရောင်အစ်မမျက်ဝန်းတွေက လိုတာထက်ပိုညိုနေခဲ့ရင် ဒါဟာသိပ်ကိုဝမ်းနည်းပူဆွေးနေတဲ့ အမူအရာမို့ပါ ။


" အစ်မမှာဖြစ်နေတဲ့ အခက်အခဲတွေအကုန်အဆင်ပြေသွားမှာပါ အစ်မရယ် ၊ အရာရာကိုတစ်ယောက်ထဲကြိတ်ခံစားနေတာမျိုးမလုပ်ဘဲ တစ်ခုခုဆို ဖွင့်ဟပြောတာမျိုးကိုလုပ်ပါ ၊ ချယ်က လူကြီးလူကောင်းတော့မဆန်ပေမဲ့ ချယ်ကအစ်မပြိုလဲလာမဲ့အချိန်တိုင်း အသင့်ရှိနေပေးချင်တဲ့ ပခုံးတစ်စုံပါ "

မစ်စတာ နိုဘန် ( mini series )Where stories live. Discover now