1

1.8K 122 16
                                    

နွေမှမိုးပြောင်း မေလကုန်ခါနီးအချိန်ကာလပေါ့ ၊ ကာလ ဒေသမတူညီတော့ သူမတို့နေထိုင်တဲ့ အူဆန်မှာတော့ ဒီချိန်ဆိုဘာတွေပေါများနေလောက်ပြီလဲ ၊ သေချာတာကတော့ အူဆန်နယ်တစ်လျှောက်တောပန်းလေးတွေတော့ အလှဆုံးဖူးပွင့်နေတော့မှာ အသေအချာပဲပေါ့ ။

" သမီးလေးတို့ ထမင်းစားမယ်လေ "

အိမ်ထံက မေမေ့ခေါ်သံကြောင့် ခြံထဲမှာ အခင်းလေးခင်းလျက် ထိုင်ဆော့နေကြတဲ့ ဂျန်းနီနဲ့ ဂျီဆူးတို့ညီအစ်မနှစ်ယောက် လက်ချင်းတွဲကာ အိမ်ထဲကို ဝင်သွားကြတယ် ။

" ညီမလေးလာ ဒီမှာလက်တွေဆေးကြရဦးမယ်လေ "

ဂျီဆူးက အကြီးဖြစ်သူပီပီ သူ၏ညီမလေးကို ရှေ့ကနေသွန်သင်လမ်းပြသည် ၊ ဂျန်းနီကလည်း သူ့အစ်မကိုခင်တွယ်သည် ၊ အဖေဖြစ်သူက အမြဲအလုပ်ရှုပ်နေတတ်တာမို့ ဒီအိမ်လေးထဲမှာ သူတို့သားအမိသုံးယောက်သာ အချိန်ကုန်နေတတ်သည် ။

" ညီမလေး မမအရိုးနွင်ပေးထားတယ် ငါးကိုသေချာစားရမယ်နော် ၊ ငါးစားမှ ရိုးတွင်းခြင်ဆီတွေကောင်းကောင်းများလာပြီးအားရှိမှာ "

ရှစ်နှစ်အရွယ် သမီးကြီး၏ ခုနစ်နှစ်အရွယ် ညီမလေးပေါ်ဂရုစိုက်မှုကြောင့် အိုမားကင်မ်လဲ စိတ်အေးရသည် ၊ အသက်အရွယ် မကွာခြားလွန်းလှပေမဲ့လဲ လူကြီးတစ်ယောက်လိုပင် သူ၏ညီမလေးကို ဂရုစိုက်လှသည် ။

" ဂျီဆူး မေ့သမီးလေးလဲများများစားဦး ၊ တော်ကြာ ညီမလေးက ဝတုတ်ကြီးဖြစ်ပြီးမေ့သမီးလေးက ပိန်နေပါဦးမယ် "

ကင်မ်မေမေရဲ့စကားကို ဂျီဆူးက သွားကျိုးလေးများပေါ်အောင်ရယ်ပြလာသော်လည်း သမီးငယ် ဂျန်းနီက နှုတ်ခမ်းများဆူထွက်ကာ ပါးကြီးဖောင်းလာလေပြီ ၊ သူမလေးတကယ်စိတ်တိုနေပါပြီပေါ့ ။

" မေမေက မမကိုကျတော့ဂရုစိုက်တယ် မီးကိုကျတော့ ဂရုစိုက်ဖူး ၊ ဖေဖေနဲ့တိုင်ပြောမယ်ဟွန့် "

အကြီးဆုံးသမီးဖြစ်သည့် ဂျီဆူးကို သူမ၏မိခင်က သနားချစ်ဖြင့်ချစ်ရှာသည် ၊ သူမလေးတစ်နှစ်အရွယ်လောက်မှာ ဂျန်းနီလေးကို မွေးဖွားလာပေမဲ့ ညီမလေးဖြစ်သူအပေါ် ငြူစူခြင်း စိတ်ကွက်ခြင်းအလျင်းမရှိ ၊ ထို့ကြောင့် အိုမားကင်မ်က သူမလေးကို သနားချစ်ဖြင့်ချစ်ရှာသည် ။

မစ်စတာ နိုဘန် ( mini series )Where stories live. Discover now