ဂျီဆူးတစ်ယောက် အခန်းတံခါးဝရှေ့မှာရပ်နေရင်း တံခါးကိုခေါက်လိုက်ရမလား မခေါက်ဘဲနေရမလား တွေးတော စဥ◌်းစားနေသည် ၊ တကယ်ကတော့သူမမှာချယ်ယောင်းကိုတောင်းပန်ချင်စိတ်တွေအပြည့်ပါ ၊ အစထဲက အမြင်ကတ်ခဲ့တော့ ခုသူ့မြင်တာနဲ့စီးပြီးဟောက်နေမိတာ ။
"ဘာလုပ်နေတာလဲ ဒီနားမှာ "
အခန်းရှေ့အတော်ကြာရပ်နေမိတာ အတွေးတွေထဲမျောနေမိတာနဲ့ တောင့်တင်းနေတဲ့ ခြေထောက်တွေကိုမသိနိုင်လောက်အောင်ရပ်နေမိတာ ၊ အခန်းထဲကထွက်လာတဲ့ ချယ်ယောင်းကိုမြင်မှ သတိကပ်မိသွားတာမို့ ။
" အစ်မ မင်းကိုတောင်းပန်ချင်လို့ပါ ချယ်ယောင်း "
" ရပါတယ် ကျွန်မကံကိုက အဲ့လိုပဲထင်တယ် ကျွန်မကိုက အစ်မတွက် တအားအနှောက်ယှက်ဖြစ်လွန်းနေတယ်လို့ခံစားနေရတယ် ၊ အဲ့တာကြောင့် ကျွန်မကိုယ်တိုင်က နောက်ဆို အစ်မနားက ခပ်ခွာခွာနေပေးမှာမို့ ရပါတယ် မတောင်းပန်ပါတော့နဲ့ "
ပြောပြီးလှည့်ထွက်သွားတဲ့ ချယ်ယောင်းကျောပြင်ကိုကြည့်ရင်း ဂျီဆူးခြေထောက်တွေ ခွေယိုင်လဲကျသွားသည် ။
ချယ်ယောင်းတစ်ယောက် ဂျီဆူးအခန်းပြင်မှာရပ်နေတာကိုအစထဲကသိသည် ၊ အပြင်ထွက်မလို့ချောင်းကြည့်လိုက်တာ အခန်းကိုကျောပေးရပ်နေတဲ့ ဂျီဆူးကိုတွေ့လို့ သူမသွားသည်ထိစောင့်နေခဲ့တာ ဒါပေမဲ့ အခန်းရှေ့က တစ်ဖဝါးမှမခွာဘဲ အချိန်ကြာကြီးရပ်နေတော့ စိတ်တွေပူလာတာမို့ သူမသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့တာ ။
အစ်မဘက်က စတောင်းပန်လာတာကိုတော့ စိတ်ထဲ ပျော်မိပေမဲ့ သူမကြောင့်နဲ့ အစ်မကိုတကယ်စိတ်မရှုပ်စေချင်တာအမှန် ၊ ကလေးဘဝထဲက ခုချိန်တွေထိ အစ်မကသူရောက်လာရင်ကိုစိတ်ရှုပ်သွားသိလိုခံစားနေရသည်ဆိုတာ အစ်မမျက်နှာတွေမှာပေါ်လွင်နေသည် ၊ ဒါကြောင့်သူမကပဲ နောက်ဆုတ်ပေးဖို့ဆုံးဖြတ်လိုက်တာ ဒါကလဲ အရမ်းလွယ်လွန်းနေတယ်မထင်ကြပါနဲ့ ကိုယ့်ဖြစ်တည်မှုက ချစ်ရသူကို အရမ်းစိတ်ရှုပ်နေစေလို့ လက်လျှော့ပေးလိုက်တာပဲရှိတာ ၊ တကယ်ကို ကိုယ့်ဘက်မှာလဲ ခက်ခဲပင်ပန်းလွန်းလှသည် ။
![](https://img.wattpad.com/cover/369828086-288-k808174.jpg)
YOU ARE READING
မစ်စတာ နိုဘန် ( mini series )
Romance" ချစ်ခြင်းမုန်းခြင်းကို ဘေးဖယ်လိုက်ရင် မင်းနဲ့ငါက သူစိမ်းသာသာပဲလေ " _မစ်စတာနိုဘန် " ကမ္ဘာပေါ်မှာ သူစိမ်းတိုင်းကနေပဲ သွေးသားဆိုတာဖြစ်လာကြတာလေ ကျွန်မကရော မစ်စတာနဲ့ ပေါင်းဖက်ပြီး သွေးသားတွေ ဖြစ်လို့မရနိုင်ဘူးလား " _ဂျန်းနီရူဘီဂျိန်းကင်မ်