" မစ်စတာ မီးမီးကိုကယ်ပါ ၊ တကယ်ကို တောင်းပန်ပါတယ် "
တကယ်ပင်ဘယ်သူဘယ်ဝါမှန်းမသိပေမဲ့လဲ သူမရောက်တတ်ရာရာဖမ်းဆွဲလိုက်မိတာ ၊ သူစိမ်းတစ်ယောက်ပေမဲ့လဲ ဂျန်းနီရှက်မနေနိုင်ပေ ။
" ကလေးမ မင်းဘာဖြစ်နေတာလဲ ၊ ငါ့ကိုလွှတ်ဦးလေ ငါဘယ်လိုသွားရမှာလဲ "
" မသွားပါနဲ့ တကယ် ကျွန်မတစ်ယောက်ထဲဖြစ်နေလို့ မသွားပါနဲ့ ၊ ကျွန်မ မှာအားကိုးစရာရှင်တစ်ယောက်ပဲရှိတာမို့ပါ "
" မဟုတ်သေးဘူးလေ ကလေးမရဲ့ ဒီလိုဟုန်းဒယ်လမ်းမပေါ်မှာ ကလေးတစ်ယောက်လိုလမ်းပျောက်နေရအောင် မင်းကအသက်မပြည့်သေးတဲ့ ကလေးတော့ဟုတ်ဖူးမဟုုတ်လား ၊ ဒီခေတ်မှာ အသက်မပြည့်သေးတဲ့ကလေးတွေတောင် ဒီလောက်ကြီးတော့ လမ်းပျောက်မလွယ်ကြဘူးလေ "
" ကျွန်မက ဒီကမဟုတ်လို့ပါ ဟုန်းဒယ်လမ်းတွေကတကယ်ကိုလုံးဝအစိမ်းသက်သက် ဘယ်လိုှမကျွမ်းကျင်လို့ပါ "
ဂျန်းနီမော့ကြည့်လိုက်တော့ သူမကိုမော့ကြည့်နေတဲ့ မျက်ဝန်းညိုညိုတွေ ၊ တကယ်ပင် နီယွန်မီးတွေအောက်က မျက်ဝန်းညိုတွေကို သူမသိပ်ရင်းနှီးသည် ။
" မင်းက ဒီကမဟုတ်ဖူးလား တစ်ယောက်ထဲလား "
" သူငယ်ချင်းနဲ့လာတာပါ ဖုန်းကလဲသူ့ဆီပါသွားပြီး လူစုကွဲဿွားတာပါ ၊တကယ်ကို ကျွန်မ ခက်ခဲနေတာပါရှင် "
" မင်းတို့ဒီဈေးတန်းထဲကို ဘာလုပ်ဖို့ရည်ရွယ်ချက်နဲ့လာခဲ့တာလဲ ငါမင်းကိုအဲ့နေရာလိုက်ပို့ေးမယ်လေ မင်းသူငယ်ချင်းလဲ မင်းကို အဲ့နားမှာစောင့်ရင် စောင့်နေမှာပေါ့ "
" ဖြစ်ပါ့မလား ချယ်ယောင်းက အဲ့နေရာမှာပဲရပ်နေပါ့မလား ၊ သူကျွန်မကိုလိုက်ရှာနေရင်ရော ကျွန်မကဒီနေရာမှာပဲနေခဲ့ရမှာလားဟင် ရှင်ကရော ကျွန်မကိုအဲ့နေရာမှာထားခဲ့မှာလားဟင် "
" ဟူးခက်တော့နေပြီ ဆိုယွန်း ပြန်နှင့်လို်ကတော့ ငါသူ့ကိုလူရှာပေးပြီးမှပဲ ပြန်လိုက်ခဲ့တော့မယ် "
" နင်ကရော ဘာနဲ့ပြန်လာမှာလဲ ၊ ငါကကားထားပေးခဲ့ရလားနင့်ကို "
YOU ARE READING
မစ်စတာ နိုဘန် ( mini series )
Romance" ချစ်ခြင်းမုန်းခြင်းကို ဘေးဖယ်လိုက်ရင် မင်းနဲ့ငါက သူစိမ်းသာသာပဲလေ " _မစ်စတာနိုဘန် " ကမ္ဘာပေါ်မှာ သူစိမ်းတိုင်းကနေပဲ သွေးသားဆိုတာဖြစ်လာကြတာလေ ကျွန်မကရော မစ်စတာနဲ့ ပေါင်းဖက်ပြီး သွေးသားတွေ ဖြစ်လို့မရနိုင်ဘူးလား " _ဂျန်းနီရူဘီဂျိန်းကင်မ်