ဆိုဂျူဆိုတာ တကယ်ကကြားသာကြားဖူးတာ ၊ ဖေဖေတို့က ချစ်တာသာချစ်တာ အလိုမလိုက်တာမို့ ဒါတွေကိုမြည်းစမ်းဖူးတာမဟုတ် ၊ မစ်စတာက ငြင်းလိုက်လို့ စိတ်ထဲညစ်ညူးနေလို့်သာ ဒီဆိုဂျူဆိုတာကို မြည်းကြည့်ချင်တာ အဲ့တာကြောင့် ဘာမှအများကြီးတွေးမနေဘဲ ဝယ်ခဲ့တာ ။
ခုမှစသောက်မှာဆိုတော့ တစ်စုံတစ်ခုလည်းဖြစ်မှာစိုးလို့ ကွန်ဒိုအောက်က ပန်းခြံထဲမှာပဲ ထိုင်သောက်နေလိုက်တာ ၊ သူမ မမူးခင်လောက်ထိတော့ သူမကိုဆရာမကြီးဝင်လုပ်သွားတဲ့ ဟိုအသည်းပုံနှုတ်ခမ်းနဲ့ အစ်မကြီးကိုပဲ သူမှတ်မိသည် နောက်ပိုင်းကိစ္စတွေ သူမမသိတော့ပေ ။
" ညီမလေးနိုးလာပြီလား "
အခန်းတံခါးကိုဖွင့်လိုက်တာနဲ့ မီးဖိုခန်းထဲကနေ အသံလှမ်းပေးတဲ့ အစ်မဖြစ်သူကြောင့် ကိုက်ခဲနေတဲ့ ခေါင်းကိုသာသာထူရင်း ထမင်းစားပွဲဆီဦးတည်ရင်း ထိုင်လိုက်သည် ။
" ခေါင်းတွေကိုက်နေတယ်မလား ၊ ဒီမှာ မမ အမူးပြေ ရေညှိဟင်းချိုလုပ်ပေးထားတယ် သောက်လိုက်ဦး "
စားပွဲပေါ်ကို ပန်းကန်လုံးချပေးပြီး သူမကတော့ မီးဖိုဆီပြန်ဦးတည်သွားးသည် ။
" မမက ဘာတွေဆက်ချက်နေတာလဲ ၊ ပြီးတော့ နီနီကရော မနေ့က ဒီကိုဘယ်လိုပြန်ရောက်လာတာလဲ "
" ချယ်ယောင်းလေးလဲ ဖျားနေလို့လေ ၊ သူလဲတစ်ညလုံးမထနိုင်ဖြစ်ထားတော့ နိုးလာရင် ဗိုက်ဆာနေမှာစိုးလို့ မမက ဆန်ပြုတ်လုပ်ပေးနေတာ "
မမကချယ်ယောင်းပေါ်ဘာလို့ ဒီလောက်အမြင်ကြည်သွားပြန်တာလဲ ဆိုတာ ဂျန်းနီလိုက်မမှီ ၊ ဒါပေမဲ့ ခုလိုကလည်းကောင်းတာပဲမလား ဂျန်းနီသိချင်တာ မနေ့ကဘယ်သူလာပို့သွားလဲဆိုတာ ဒါပေမဲ့ မမကမဖြေပေးသေး ။
" မမ ၊ နီနီ့ကိုဘယ်သူလာပို့သွားတာလဲလို့ "
သူမခပ်ဆူဆူလေးမေးလိုက်တော့မှ ဆန်ပြုတ်အိုးကို အဆက်မပြတ်မွှေနေတဲ့ မမက ဂျန်းနီဆီကိုအကြည့်ရောက်လာပြီး
" ကွန်ဒိုလုံခြုံရေးလာပို့သွားတာလေ မူးပြီးလဲနေလို့တဲ့ ကိုယ့်ညီမကို သေချာထိန်းသိမ်းပါဆိုပြီး လာပြန်ပို့သွားတာ ၊ မမလဲ ညီမလေးကိုပြောမနိုင်တော့လို့ ဒီကိစ္စကိုဖေဖေတို့ကိုဖုန်းဆက်တိုင်လို်ကတယ် "
![](https://img.wattpad.com/cover/369828086-288-k808174.jpg)
YOU ARE READING
မစ်စတာ နိုဘန် ( mini series )
Roman d'amour" ချစ်ခြင်းမုန်းခြင်းကို ဘေးဖယ်လိုက်ရင် မင်းနဲ့ငါက သူစိမ်းသာသာပဲလေ " _မစ်စတာနိုဘန် " ကမ္ဘာပေါ်မှာ သူစိမ်းတိုင်းကနေပဲ သွေးသားဆိုတာဖြစ်လာကြတာလေ ကျွန်မကရော မစ်စတာနဲ့ ပေါင်းဖက်ပြီး သွေးသားတွေ ဖြစ်လို့မရနိုင်ဘူးလား " _ဂျန်းနီရူဘီဂျိန်းကင်မ်