ပြခန်း ဒုတိယထပ်ကို ရောက်လာသော်လည်း ဒီအထပ်တွင်တော့ မည်သူမျှမရှိနေပေ။ ဒုတိယထပ်တွင် ရှိသော ပန်းချီကားများသည် အနုစိတ်ရေးဆွဲထားပြီး ကြည့်လိုက်တာနှင့်အသက်ဝင်နေသည်။ပန်းချီကားချပ်များကို လှည့်ပတ်ကြည့်နေသော Jihoon ရဲ့ ခြေလှမ်းများသည် ပုံတစ်ပုံရှေ့တွင် ရပ်တန့်သွားသည်။
ဘေးမှ တစ်ကောက်ကောက်လိုက်နေသော Soonyoung သည် ရှေ့ကို ရောက်နှင့်နေသော်လည်း Jihoon ပါမလာတာကြောင့် နောက်ကိုလှည့်ကြည့်ရာ Jihoon က ထိုပန်းချီကားကို စူးစူးစိုက်စိုက် ကြည့်နေသည်။
"ဘယ်လိုလဲ Jihoon , ကျွန်မလက်ဆောင်ကို သဘောကျရဲ့လား"
အခုနကအမျိုးသမီးသည် ဘယ်ကရောက်လာမှန်းမသိ။Jihoon အနားကပ်ကာ ပြောလာသည်Soonyoung လည်း Jihoon ကို ကျော်ကာ ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်သည်။
Jihoon က ပန်းချီကားချပ်ကို လက်ညိုးထိုးကာ
"ဒါ ငါဆွဲခဲ့တဲ့ ပုံလား"
ထိုခါမှ Soonyoung ပုံဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။ ပန်းချီကားသည် မျက်နှာဖုံးတစ်ခုကို ကိုင်ကာ ရပ်နေသော လူကြီးတစ်ယောက်ဖြစ်သည်။မျက်နှာကို အမှောင်ဆွဲထားပြီး လက်တွင်တော့ အနီရောင် မျက်နှာဖုံးတစ်ခုကို ကိုင်ထားသည်။ ထိုလူကြီး၏ မျက်နှာကို အမှောင်ချထားသော်လည်း
လက်တွင် ကိုင်ထားသော မျက်နှာဖုံးသည် အနုစိတ်ဆွဲထားသည်။"နင် ဒီပုံကို ဘယ်လိုရခဲ့တာလဲ"
ထိုအမျိုးသမီးက Jihoon ကို ပြုံးပြလိုက်ကာ
"နင် ပြန်သွားပြီး နောက်တစ်ရက်ဖြစ်လိမ့်မယ် ၊ငါ နင့်အိမ်လာခဲ့တာ၊ နင့်အိမ်မှာနေတဲ့ အလုပ်သမားတွေက ဒီပုံကို မ,ထုတ်လာပြီး ပစ္စည်းတွေကို အကုန်ရှင်းပစ်ဖို့ လုပ်နေကြတာ ငါတွေ့လိုက်တယ် သူတို့က နင် ဒီမှာနေခဲ့တယ်ဆိုတာကို ဖျောက်ချင်နေပုံဘဲ သူတို့ တခြားပစ္စည်းတွေ ရွှေ့နေတုန်း ငါ ဒီပုံကို ယူခဲ့တာ"
Jihoon ပန်းချီကို အနီးကပ်သွားကြည့်လိုက်ရာ ထောင့်တွင် သူထိုးထားသော လက်မှတ်လေးကိုပါ တွေ့လိုက်ရသည်။
"အားနာပေမယ့် Kath , ငါ ဒီပုံကို ပြန်ယူသွားလို့ရမလား"
ထိုအမျိုးသမီးမှာ အပြုံးမပျက်ပင်။
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍