Chapter 123

1.2K 157 0
                                    

Unicode

ကုမျန်က ဖုန်းချပြီးနောက်မှာ အိပ်ချင်စိတ်မရှိတော့ဘူး။ သူမက လော့ချယ် သီချင်းဆိုနေတာကိုရှာဖို့ လိုင်းဖွင့်လိုက်တယ်။

"အမတ၏အချစ်ကိုရှာဖွေခြင်း" ဆိုတဲ့ သူမ အရင်တစ်ခါ ဆိုခဲ့တဲ့သီချင်းက တစ်ကယ့်ရှေးခေတ်သီချင်းတစ်ပုဒ်ဖြစ်တာမို့ အဲ့မှာ rapအပိုင်းလုံးဝမပါဘူး။ ဒါပေမယ့် အခုလေးတင် လော့ချယ် rapရွတ်တာကိုကြားလိုက်ရတော့ သူသရုပ်ဆောင်သာမလုပ်ဖြစ်ခဲ့ရင် အခု hip-hop အဆိုတော်တစ်ယောက် ဖြစ်နေလောက်တယ်လို့ သူမထင်တယ်။ သူက လူတွေအများကြီးကို ဆွဲဆောင်နိုင်လောက်မယ်။

ပြောရရင် လော့ချယ်ရဲ့ rapက ခံစားချက်အပြည့်ပဲ။

ခဏလောက်ကြာတော့ ကုမျန်ရှာကြည့်ပေမယ့် လော့ချယ် rap ရွတ်နေတဲ့ videoတွေ အင်တာနက်မှာ အများကြီးမတွေ့ရဘူး။

သူက သရုပ်ဆောင်ဘက်မှာပဲ တိုးတက်လာဖို့ကို ဦးတည်ထားတာ။ ဒီတော့ သရုပ်ဆောင်၊ ကြော်ငြာတွေနဲ့ realityရှိုးတွေကပဲ အချိန်အများကြီးယူထားတော့ သူ့မှာ အားလပ်ချိန်သိပ်မရှိခဲ့ဘူး။ ဒါကြောင့် သီချင်းသိပ်မဆိုခဲ့လို့ 'Ask the immortal' မှာဆိုထားတဲ့ အဲ့ဒီတစ်ပုဒ်ကလွဲရင် နှစ်ပုဒ်ပဲကျန်တယ်။ ပြီးတော့ အဲ့ဒီနှစ်ပုဒ်မှာလည်း rapလုံးဝမပါဘူး။

ဒီတော့ သူမက လော့ချယ်ရဲ့ချစ်သူအနေနဲ့ သူမအတွက် ဖန်တီးထားတဲ့ freestyle rapတစ်ပုဒ်ကို ကြားလိုက်ရတာလား။

ကုမျန် သူမနှဖူးသူမပြန်ရိုက်လိုက်မိတယ်။ နောက်တော့ ရေချိုးပြီး အိပ်ရာပဲဝင်လိုက်တော့တယ်။

ထပ်မစဉ်းစားနဲ့တော့ ၊ နောက်ရက်မှာ သူမနဲ့လော့ချယ်က နေ့လယ်စာစားဖို့ ချိန်းထားတယ်လေ။

သူမ နေ့လယ်ခင်းမှာ အပြင်ထွက်လာတော့ ရွှယ်ကွေ့ဝမ်နဲ့တခြားကောင်မလေး တစ်ယောက်ကိုပါ တွေ့လိုက်ရတယ်။

ဒီကောင်မလေးက ကျန်းရှောင်တော့မဟုတ်ဘူး ဒါပေမယ့် ကြည့်ရတာရင်းနှီးနေတယ်။

ကုမျန် သူမကို ဘယ်မှာမြင်ဖူးလဲဆိုတာ စဉ်းစားမရဘူး။ ဒါပေမယ့် သူမစိတ်ထဲသိပ်မထားနေဘူး။ သူမထွက်သွားမလို့လုပ်နေတုန်းမှာပဲ အဲ့ဒီကောင်မလေးက တားလာတယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now