Ep 9

78 4 2
                                    

သာမန် နေ့ရက် သာမန် ဘဝ ကိုဖြတ်သန်းနေရင်း ဒီအချိန်ပြန်ရောက်လာပြန်တယ် ။

September 3 ရက် ၊ 2022 ခုနှစ် ။

ဘဝမှာ တောင်းတောင်းတတ နဲ့ လိုချင်တာ ဆိုရင် အကိုက ဖြည့်ဆည်းလိုက် မိဘ က လဲဖြည့်ဆည်းပေးလိုက်ဆိုတော့ အခုချိန်ထိ အငယ်ဆုံးဆိုတဲ့ စည်းစိမ်ကို ခံစားနေရဆဲပင် ။

ဘာလို့ ဒီလိုစိတ်ချမ်းသာစရာနေ့လေးမှာ ဘာလို့ သူက ?

"အတန်းမတူတာတောင် တကူးတက ကြီးဒီလိုမျိုးလာထိုင်နေတာဘာကြောင့်လဲ ဘရို? "

"ကလေး မျက်နှာကြည့်ချင်လို့‌လေ"

"ရုပ်ကြမ်းကြီးနဲ့ အဲ့လိုမပြောပါနဲ့လား "

ဟိုတစ်လောက သူနေမကောင်းတဲ့ကိစ္စဖြစ်ပြီးတော့ နှစ်ယောက်သား အရင် ကလောက်ပိုမဆိုးတော့ပေမဲ့လဲ တစ်ခါတစ်ရံကျ ဒီလူကြီးက တစ်အား အမြင်ကပ်ဖို့ကောင်းတာပဲ ။ အခုလဲ ကျွန်တော့စားပွဲခုံရှေ့မှာထိုင်ပြီး လူကို လာကြည့်နေတာတဲ့ ။

လွန်ခဲ့တဲ့ လေးလ မေလ ပိုင်း Taehyung မူးလဲပြီးနောက်နေ့ အချိန်တွင် ....

တီ န် တောင် ~~

ကျောင်းဝင်းတစ်ခွင် ပျံ့လွင်လာတဲ့ ကျောင်းတက်ခေါင်းလောင်းအသံ နှင့် အတူ ကျောင်းသားများလဲကိုယ်စီဆိုင်ရာအတန်းသို့ အလျှိုလျှိုဝင်သွားကျလေပြီ ။ ထိုစဉ် ကျောင်းထောင့် လူမျက်ကွယ် တစ်နေရာ၌ .....

"Jungkook ဆိုတဲ့ စာတော် ကျောင်းသားလေးဆိုတာ မင်းလား ။ "

"လူကသေးသေးကွေးကွေးနဲ့ စာကြမ်းပိုးရုပ်ဆိုတာ သိသာနေတာကို ဟျွန်းနင်းရဲ့ ။ "

"HAHAHAHA...... ကဲ ထားပါ ။မင်းက ဆရာမတွေနဲ့လဲခင်တယ် ကြားလိုက်သား ...ဟင်"

Jungkook ၏ပခုံးကိုပုတ်လျက် ဆက်ပြောနေသည်။

" ငါ့ ... ငါ့ဆီက ဘာလိုချင်လို့လဲ ။ ငါနဲ့လဲ မသိပဲနဲ့ ဘာလို့ လာပြီး "

"မေးခွန်းစာရွက်ခိုးပေး မင်းက ဆရာမအခန်း ထဲမှာနေရတာ များတယ်လေ ။ ဆိုတော့ ဒီလိုလောက်ကတော့ငါ့အတွက် လုပ်ပေးနိုင်တယ်မလား ။"

" ‌ဒါတွေက ငါနဲ့ မဆိုင် ...." ပြောနေလက်စစကားတွေက လျှာဖျားတွင် ပျောက်ကုန်၏ ။ ဤသည်မှာ ထိုလူ၏ လက်ထဲတွင်ကိုင်ထားသောပုံကြောင့် ...ထိုပုံသည် လွန်ခဲ့တဲ့ လေးနှစ် ကတစ်စုံတစ်ဦးရိုက်ခဲ့သောပုံပင် ထို ဓာတ်ပုံသည် ကောင်းသော မှတ်ဉာဏ်ဖြင့် တည်ရှိနေခဲ့သည့် ပုံမျိုး မဟုတ်ခဲ့ ။ အမဲစက်ပေါင်းများစွာ ၊ဒဏ်ရာများစွာ .... ထို ပုံကို ဘာလို့ ဒီကျောင်းက လူ ဆီမှာ ရှိနေရတာလဲ???

Stay With MeWhere stories live. Discover now