Zaw gyi version
"ဟို Ceo nim"
သူမ၀င့်မရဲလေးခေါ်လိုက်သည်။ဒီလိုမှမခေါ်ရင် သူ အပြောခံ ရမည်မှာ 100%။ ဒေါသကြောင့်ထင်သည်သူ့ နားရွက် တွေ ကအနီရောင် သမ်းနေလေပြီ
"အင်း ဘာလဲပြော"
သူ၏အသံ ဩ ဩကြောင့် သူ့အားကြည့်နေသည့်အကြည့်များမှလွှဲ လိုက်သည်။
"ဟို ...လမ်းမ ဘက် ထွက်ပြီး ကားဌားလိုက်ဦးမယ်လို့"
Jimin ပြောသည့်စကားကို ကားပတ်ပတ်လည်သေချာ ကြည့်နေသည့် Yoongi ကတော့ကြားမယ်မထင် ?
Jimin သွားမယ်ပြင်တော့
"ဒါ ဘယ်လဲ ညဘက်အေးရအေးနဲ့ တစ်ယောက်တည်းဘယ်သွားမလို့လဲ"
"လမ်းမဘက် ကားသွား ဌားမလို့ပါဆို "
အသံအား ခပ်သေးသေး သာပြောသော်လည်း အသံနဲ့ အတူ ဆူထွက်လာသော နှုတ်ခမ်းလေးအား သူမြင်လိုက်ပါသေးသည်။
"နေဦး ကိုယ်ပါလိုက်ခဲ့မယ်"
"အာာာ ရပါတယ် CEO ,ကျွန်တော့်ဘာသာ ဌားလိုက်ပါမယ် "
"ငါက စိတ်ချမယ်ထင်လို့လား!!!!!"
အော်သည်ဟုမဆိုလောက်သောအသံကြောင့် Jimin အနည်း ငယ်လန့်သွားတာအမှန်
"ခဏစောင့် "
"ဟုတ်ကဲ့ပါ CEO nim "
ကားထဲမှ file တစ်ချို့နဲ့ အိတ် ကိုယူလာသည် ။
"အင်္ကျီအိတ်တွေက ထားလိုက်မနက်
မှ တစ်ယောက်ယောက်ကိုလာယူခိုင်းလိုက်မယ် "သူကတော့ အနောက်က ခပ်သွက်သွက်လိုက်လာရသည်။
ဖြူလွှသော အသားရောင်က ညဘက်တောင်မှဖြူဝင်းနေသည်။ လမ်းမီးတိုင်ရှေ့ရပ်စောင့်နေသည်မို့ မီးရောင်က သူမျက်နှာနုနုပေါ်တွင်းဖြာကျနေသည်။ဘာလို့ အဲ့လောက် ချောနေရတာလဲ ????
သူတောင်မသိခင်မှာဘဲတွေးလိုက်မိသော အတွေးအချို့ကြောင့် Jiminပြုံးမိသည်။
ဘာလဲ အခု CEO nim ကို ရင်ခုန်သွားတာလား။"Jimin???"
ခေါင်းအား မြေကြီးကွဲ မတတ် ငုံနေသော ကြောင့် သူခေါ်လိုကိကိုတောင်မကြားလိုက်!
