မိတ်ဆက်

1K 127 14
                                    

(0)

သွမ့်ရှီး က ပင်လယ်ရေပြင်တွေ ချည်းသာ ရှိပြီးတော့ ကုန်းမြေ တစ်ခုတောင် မရှိတဲ့ ဂြိုလ် တစ်ခု အပေါ်မှာ နေထိုင် ပါတယ်။ ကံမကောင်း စွာနဲ့ ပဲ သူ ဟာ ဂြိုလ် တစ်ခု လုံးမှာ ရှိတဲ့ တစ်ကောင် ထဲသော ရေသူထီး တစ်ယောက် ပဲ ဖြစ်ပါတယ်။

သွမ့်ရှီး က သူ့ရဲ့ အမြှီးအကြီးကြီး ကို ပွေ့ဖက် ထားပြီးတော့ လက်ချောင်း လေးတွေ ဖြင့် နေ့ရက်တွေကို ရေတွက် ခဲ့ပါတယ်။ အထီးကျန် နေတဲ့ ရေသူထီးငယ်လေး ဟာ ဆိုရင်ဖြင့် ဒီ အလေ့ အကျင့်ကို တစ်ရက်ပြီး တစ်ရက် ပျိုးထောင် ရင်း ကြီးပျင်း လာခဲ့ ပါတော့တယ်။

အဲ့တာ က တစ်နေ့အထိ မတိုင်ခင်ပေါ့။ သူက နောက်ထပ် ' ရေသူထီး ' တစ်ကောင် ကို ရှာတွေ့ ခဲ့တယ်လေ။

တစ်ဖက်လူ က ဒဏ်ရာ ရနေတာ ဖြစ်ပြီး သွေးတွေ ကလည်း မတိတ်ပဲ ထွက်နေကာ ဖြူဖျော့ ပြီး အားနည်းလို့ နေပါတယ်။

ဘယ်လိုတောင် သနားစရာ ကောင်းနေ ရတာလဲ လို့!

သွမ့်ရှီး က ဒီ အနိုင်ယူ ဖို့ ခက်ခဲတဲ့ သူ့ရဲ့ မျိုးနွယ်သား ကို သေချာပေါက် ကာကွယ်ပေး ရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချခဲ့ ပါတယ်။ ဘယ်လိုပဲ ဖြစ်နေ ပါစေ တစ်ဖက်လူ ကို ကြည့်ရတာ အနည်းငယ် တုံးအ နေတဲ့ ပုံပေါ်ပြီးတော့ သူ့ကိုလည်း စကား တစ်ခွန်းမှ ပြောမလာ ခဲ့ဘူးလေ။

တစ်ဖက်လူ က သူ့ကို ထားပြီး ထွက်သွား ခဲ့တဲ့ အချိန်အထိ ပါပဲ။ ပြီးတော့ သွမ့်ရှီး က တစ်ကောင်ထဲ ပြန်ဖြစ် သွားရှာ ပါတယ်။

အချိန်အတော် ကြာသွား ပြီးတဲ့နောက် ထို တစ်ကောင်ထဲ သော ရေသူထီးလေးဟာ ဂြိုလ် ထဲကို ချိုးဖောက် ဝင်ရောက် လာတဲ့ တစ်ခြား ဂြိုလ် သားတွေ ရဲ့ ဖမ်းဆီး ခြင်းကို ခံလိုက် ရပြီးတော့ ကြယ်သူခိုးတွေ ဟာ စကြဝဠာ တစ်ခု လုံးမှာမှ တစ်ကောင်ထဲ ရှိသော ထို ရေသူထီးအား လိုက်ဖ်လွင့်ပြီး လေလံ တင် ရောင်းချ ပွဲ ပြုလုပ် ခဲ့ ပါတော့တယ်။

မိုးလောက်ထိ မြင့်မားတဲ့ စျေးနှုန်း ရလို့ ရောင်းချ ဖို့ရာ အတွက် သဘောတူ လိုက်တော့ မယ့် အချိန်မှာပဲ သူတို့ ကြယ်သင်္ဘော ရဲ့ တံခါးက ပုံပျက်တဲ့ အထိ ကန်ဖွင့် ခံလိုက် ရပြီး ဓားတွေလို ထက်ရှတဲ့ အေးစက်သော အကြည့် ပိုင်ရှင် အမျိုးသား တစ်ယောက် က သေနတ် တစ်လတ် ကို ကိုင်ဆွဲကာ ချိုးဖောက် ဝင်ရောက် လာပါတော့တယ်။

ကြောက်စရာ ကောင်းလှတဲ့ အင်ပါယာ ရဲ့ မာရှယ်ဟာ ကြယ်ဓားပြ သူခိုးတွေ အကုန်လုံး ကို ဖမ်းဆီး လိုက်ပြီးတော့ ရေသူထီးလေး ကို တော့ အောင်မြင်မှု  ဆုတံဆိပ် အနေဖြင့် အိမ်ကို ပြန်ခေါ် လာခဲ့ ပါတယ်။

သွမ့်ရှီး တစ်ယောက် ပြန်ခေါ် လာခံ လိုက်ရတဲ့ ပထမဆုံး ရက်မှာတင်ပဲ မာရှယ် မှာလည်း ငါးအမြှီး အကြီးကြီး ရှိတယ် ဆိုတာကို ရှာဖွေ တွေ့ရှိ သွား ပြီးတော့ သူ့ကို အံ့အား သင့်မှု အပြည့်ဖြင့် ပွေ့ဖက် လာခဲ့တယ်။

'' ရှောင်ပန့်သန့်! '' ( ငတုံးလေး)

သွမ့်ရှီး ဟာ သူ့ရဲ့ မျိုးနွယ်စု သား ကို နောက်တစ်ကြိမ် ပြန်ရှာတွေ့ မှုကြောင့် အရမ်းကို ပျော်ရွှင် နေခဲ့ပါတယ်။ ဒါပေမယ့် သူက ထိုလူ ရဲ့ အနည်းငယ် ထူးဆန်း နေတဲ့ အမူအရာ ကိုတော့ မမြင်ခဲ့ ပါလေ။

စီ ကျီရှန် ဟာ သွမ့်ရှီး ရဲ့ လက်လေးကို ကိုင်ပြီး ရေကူးကန် ထဲမှာ ​ဖြေးဖြေးချင်း ကူးခတ် နေတဲ့ အချိန် သူ့စိတ် ထဲမှာ သူ့ဘာသာ သူ ပြောလိုက် မိတယ်။

' အမှန်တော့ ကိုယ်က ရေသူထီး တစ်ကောင် မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်က ငါးမန်း တစ်ကောင်ပါ ''

......................................................

သမန်း ငါး ငါးမန်း မာရှယ် (Gong) X တစ်ကောင်ထဲသော ရေသူထီးလေး (Shou)

mtl ကနေ ယူထားတာ မလို့ ကိုယ်အဆင်ပြေ အောင် ဘာသာ ပြန်ထား ပါတယ်။ ၉၉ ပိုင်း နဲ့ အပို ၁၁ ပိုင်း ပါ။

[ paid က တံငါသည် gp ပြီးမှ စ မှာပါ။ ဒီမှာ ကတော့ လာဦးထားတာ ။ ]

ရေသူထီးလေး နဲ့ ငါးမန်း တို့ ဒိတ်နေကြပြီ![BL]Where stories live. Discover now