အပိုင်း (1.3)

322 69 1
                                    

(1.3)

သူ့ရဲ့ မျက်နှာ က ဆံပင်ရဲ့ အရိပ်ကြောင့် ဖုံးကွယ်ထားခံရ သလို ဖြစ်ကာ သူ့ရဲ့ မျက်နှာ အမူအရာ ကို သွမ့်ရှီး က သေချာမမြင်ရ ပါချေ။ အေးစက်ပြီး အမူအရာကင်း မဲ့နေတဲ့  ငွေရောင်ဒေါင်လိုက် မျက်စံတစ်စုံ  ကိုသာ မြင်ရ ပြီးတော့ မျက်ဝန်းတွေက တည်ငြိမ်နေ ပေမယ့် အထဲက အဖြူရောင် မျက်သားတွေ ကတော့ မတည်ငြိမ်ပဲ သွေးရောင် လွှမ်းနေခဲ့ ပါတယ်။

ထို အခိုက်အတန့်လေး မှာပဲ သူတို့ နှစ်ဦးခမျာ တစ်ယောက် ကို တစ်ယောက် မမျှော်လင့်ထား ပဲ အကြည့်တွေ ဆုံသွား ကြတော့ လေတယ်။ သွမ့်ရှီး ခမျာ ကြီးမားလှတဲ့ သားရဲကြီး  တစ်ကောင် ရဲ့ သားကောင် အဖြစ် သတ်မှတ်ခြင်း ကို ခံလိုက်ရသကဲ့သို့ သူ့ရဲ့ ဆံပင်တွေ အဆုံးကနေ တောင် ထောင်ထ သွားပါတော့တယ်။

ပြီးတော့ နောက်အခိုက်အတန့် မှာတင် တစ်ဖက်သားရဲက အမြန်ပြေးလာ ကာ သူ့ရဲ့ လည်ပင်း ကို ပြငိးထန်စွာ လိမ်ချိုး ပြီးတော့ အကြမ်းပတမ်း ကိုက်ခဲတော့ မယောင် ထင်ရ ပါတယ်။ အရမ်းကို ကြမ်းတမ်း ခက်ထန် လွန်းတယ်!

ငွေအမြှီး က ထိုနေရာမှာ ဘာမှ မူမမှန်တာ တစ်ခုခု မျိုး မတွေ့တာ ကြောင့် တစ်ခြား တစ်ဖက်ကို ပြန်လှည့် သွား တဲ့ အထိမှစောင့် ပြီးမှပဲ သွမ့်ရှီး လှုပ်ရှား ရဲပါတော့တယ်။

သွမ့်ရှီး က ချက်ချင်းပဲ သန္တာကျောက်တန်း အနောက်ကို ပြန်ပုန်း လိုက်ပြီး မျက်နှာရဲ့ အောက်ပိုင်း ကို လက်ဖြင့် ကြောက်လန့်စွာ ဖုံးအုပ်ထားပြီး သူ့အသက်ရှု သံကို ထိန်းချုပ် ကာ အသာလေး ပဲ အသက်ကို ဖြေးဖြေးချင်း ရှုရဲ လေတယ်။

အရမ်းကို ခက်ထန်တယ်!

အခုတော့ ငွေအမြှီး က သနားဖို့ ကောင်းတယ် လို့ သူ မထင်တော့ ဘူး။ ဒါပေမယ့်လည်း သူ ငိုချင်လာ ခဲ့တယ်။ သွမ့်ရှီး က အမြဲတမ်းပဲ သူ့လို တစ်ခြား ရေသူထီး တွေ နဲ့ စကားပြော ချင်နေခဲ့တာ ဆိုပေမယ့်လည်း အခုအချိန်မှာတော့ သူက လုံးဝ ကို မပျော်နေပါလေ။

ရေသူတွေရဲ့ အန္တာရယ် ဖတ်တက်တဲ့ ရေဒါအာရုံက ရူးလောက်တဲ့ အထိ အလုပ်လုပ် လာကာ ထို ငွေရောင် အမြှီး က တစ်ခြား ငါးအကြီးကြီး တွေ ထက် ပိုပြီး ကြောက်စရာကောင်း တယ်လို့ သွမ့်ရှီးကို သတိပေး နေခဲ့ပါတယ်။

ရေသူထီးလေး နဲ့ ငါးမန်း တို့ ဒိတ်နေကြပြီ![BL]Where stories live. Discover now