အပိုင်း (1.2)

307 61 3
                                    

(1.2)

လှိုင်းတွေ အသာလွင့်နေတဲ့ ပင်လယ်ရေ  ထဲမှာ အပြာရောင် ရေသူ အမြှီးလေးက ထိန်းချုပ်ထား မှု မရှိသလို ဟိုဘက်ဒီဘက် အသာလေး ယမ်းနေကာ နားရွက် နဲ့ ပါးဟပ်တို့ ကတော့ ပင်လယ် ရေအောက်မှာ အတန်ငယ် ပိတ်လိုက်ဖွင့်လို့ ဖြင့် လေကို ဒေါသ တကြီး ရှုသွင်း နေခဲ့တယ်လေ။

သွမ့်ရှီး က သူ့ရဲ့ မျက်လုံးတွေကို ပွတ်ပစ် လိုက်တယ်။ သူ့ရဲ့ မျက်လုံးတွေက အခုဆို နီရဲ လို့ နေပါပြီ။

အဲ့တာလေး ​က သူ့ရဲ့ နောက်ဆုံးသော စားစရာလေးလေ။

သူ က တစ်နေကုန် ဘာမှ မစားရ သေးတဲ့ အတွက်ကြောင့် အရမ်းကို ဆာလောင်နေပြီ။ ဘယ်လောက်တောင် ဗိုက်ဆာ လိုက်သလဲ ဆိုရင် ဗိုက်ထဲ ကနေတောင် အသံစုံတွေ ထွက်နေပြီလေ။

အရင်တုံးက သူဟာ ရှောင်ယွီ ( ငါးလေး)  ကို စားပစ်ဖို့ တွန့်ဆုတ် နေခဲ့မိတယ် ဆိုတာ မှန်သော်လည်းပဲ မြိုသိပ်ထားလို့ ရတဲ့ ဆာလောင်ခြင်း နဲ့ လုံးဝ အားအင်ကုန်လို့ အလေတကြီး ဆာလောင်ခြင်း ကြားမှာတော့ ကွာခြားချက် က ကြီးကြီးမားမား ကို ရှိနေတယ်လေ။

သွမ့်ရှီးက တရှုံ့ရှုံ့ လုပ်လိုက်တယ်။ တကယ်လို့ ဒီမှာ သူက တစ်ကောင်ထည်း သော ရေသူထီး သာ မဟုတ်ခဲ့ရင် သူ့ရဲ့ မျိုးနွယ်စု ဝင်တွေက သူ့ကို ငါးကူဖမ်းပေး လောက်တယ် မဟုတ်လား။

သွမ့်ရှီး က နေရာမှာတင် လှုပ်ရှားမှု တွေကို နှေးချ လိုက်ပြီးတော့ မှ ခေါင်းကို ဒေါသ တကြီး လှည့်ကာ အနောက်ကို တစ်ဖန် ပြန်ကူး သွားတော့ လေတယ်။

သူ့ရဲ့ ညစာ ကို ဘယ်ဟာ ကများ အဝေးကို ထွက်ပြေး ရစေတဲ့ အထိ ခြောက်လွတ် လိုက်တာ လဲ ဆိုတာကို သူသိချင်တယ်!

ဒီလောက် နူးညံ့ ကျိုးပဲ့ လွယ်တဲ့ ရေသူထီလေး ခမျာ အဲ့လို ငါးလေး တစ်ကောင် ဖမ်းမိ နိုင်ဖို့ အတွက် ဆိုတာ က ဘယ်လောက် တောင် ခက်ခဲ လိုက်သလဲ ဆိုတာ သ်ိကော သိကြရဲ့လား။

အခုချိန်မှာ သွမ့်ရှီးဟာ ​ခြောက်လွတ် လိုက်တဲ့ ဟာ ကို ညစာ အသစ်အဖြစ် မှတ်ယူ လိုက်ပါပြီ။

အသံ ထွက်ပေါ် လာခဲ့တဲ့ နေရာက ကြီးမားတဲ့ သန္တာကျောက်တန်း အုပ်စု ရှိတဲ့ ဘက်ကပဲ ဖြစ်တယ်။ သူ့ ခန့်မှန်းချက်က မှားယွင်းပြီး ငါးအကြီးကြီး တစ်ကောင် ဖြစ်နေမှာကို စိုးရိမ်တဲ့ အတွက်ကြောင့် သွမ့်ရှီး က ထိုနေရာ စီကို တိတ်တိတ် လေး ကူးခတ် သွားကာ သန္တာကျောက်တန်း တစ်ခု အနား ကပ်သွားပြီး မှ ထိုနေရာ ကနေ လှမ်းပြီး ချောင်းကြည့် လိုက်တော့ လေတယ်။

ရေသူထီးလေး နဲ့ ငါးမန်း တို့ ဒိတ်နေကြပြီ![BL]Where stories live. Discover now