အပိုင်း (2.2)

318 48 2
                                    

(2.2)

သွမ့်ရှီး တစ်ယောက် ထို ဟာ ကို ရှာတွေ့ ဖို့ အတွက် အချိန် တော်ကြာတဲ့ အထိ ကူးခတ် ခဲ့ရတယ်လေ။ ပြီးတော့ ဒီနေရာ ကို ရောက်တဲ့ အထိ ပြန်ကူး လာရတာ ကြောင့် သူ့ခမျာ မောပန်း နေခဲ့ပြီး ဖြစ်လေတယ်။

သူက အဲ့တာ ကို ဆုံးရှုံးလို့ မဖြစ်ဘူး!

သူက ငွေအမြှီး ထံ ချောမွေ့စွာ ကူးခတ် သွားခဲ့တယ်။

သွမ့်ရှီး က သူ့ကိုယ်သူ စိတ်ထဲ မှာ နူးညံ့စွာ ချီးကျုး မြောက်ပင့် လိုက်ပြီး တဲ့ နောက်မှာ သူ့ရဲ့ မျက်နှာ တစ်ဝက်ကို  ထွက်ကာ ငွေအမြှီး ကို ကြည့်လိုက် လေတယ်။

ငွေအမြှီး က သန္တာကျောက်တန်း ပေါ်မှာ တိတ်တဆိတ်  လဲလျောင်း နေဆဲ ဖြစ်ပြီးတော့ သူ့ကိုယ် ပေါ်ကနေ သွေးတွေက ဖြေးဖြေးချင်း စီးကျ နေကာ မျက်ဝန်း တွေက လည်း တစ်ဝက်ပွင့် တစ်ဝက် ပိတ် အနေအထား ဖြစ်နေ တယ်လေ။ အဲ့တာ က ကြည့်ရတဲ့ သူတွေ အဖို့ မျက်နှာပေါ်က အမူ အရာ တွေကို သေချာ ရှင်းလင်းစွာ မြင်ရ ဖို့ ခက်ခဲ စေပါတယ်။

သွမ့်ရှီး က သူ့ရဲ့ ခေါင်းကို နောက်ထပ် လွဲလိုက် ပြီးတော့ သူ့ရဲ့ အပြာရောင် ငါးအမြှီး ကို ခတ် လိုက်ကာ ဝမ်းနည်း နေတဲ့ မျက်နှာလေး နဲ့ အတူ သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ တည်ဆောက် မှု တစ်ခု လုပ်လိုက် လေတယ်။

သူက ဘယ်လို အဖွင့် အခြေအနေ မျိုး ပြုမူ ရမလဲ ဆိုတာကို တွေးဖို့ လိုအပ်တယ်လေ။ အဲ့လိုမှသာ သူက အရိုက် မခံရမှာပေါ့။

သွမ့်ရှီး က တိတ်တိတ်လေး ပြောကြည့်လိုက်တယ်။

'' မင်း အဆင်ပြေ ရဲ့လား? မင်းကြည့် ရတာ သေတော့ မယ့်ပုံ ပေါက်နေတယ်နော် ''

စကားကြီး က တစ်ခုခု မှားနေတဲ့ ပုံပဲ။

သွမ့်ရှီး: '' ဖွ ဖွ....လွဲ  ပါစေ ''

နှစ်ကြိမ်မြောက် မှာတော့ သူက ဆက်ပြီး ဘယ်လို ပြောရမလဲ ဆိုတာ ကို တွေးမိ လိုက် ပြန်တယ်။

'' ဟိုင်း မင်းမှာ အရမ်းလှတဲ့ အမြှီးကြီး တစ်ခု ရှိတာ ပဲနော် ''

သွမ့်ရှီး က သူ့ရဲ့ ​ခေါင်းကို ခါလိုက် ပြီးတော့ သူ့ကိုယ်သူ တိတ်တိတ်လေး ဆက်ပြီး စကားပြော လိုက်လေတယ်။

ရေသူထီးလေး နဲ့ ငါးမန်း တို့ ဒိတ်နေကြပြီ![BL]Where stories live. Discover now