အပိုင်း ( 1.1)

537 62 3
                                    

(1.1)

အဆုံးမဲ့တယ်လို့ ထင်ရတဲ့ ပင်လယ် ကြမ်းပြင် အောက်ခြေ ကနေ သန္တာကျောက်တန်း အစွမ်းတစ်ခု က ထိုးထွက် နေပြီးတော့ ထိုနေရာ လေယက လက်တလော သွမ့်ရှီး တစ်ယောက် ရှာဖွေ တွေ့ရှိ ထားတဲ့ နေရာကောင်း လေး တစ်ခုပဲ ဖြစ်ပါတယ်။

ထို သန္တာကျောက်တန်း ရဲ့ ထောင့်တွေက မချွန် ထက်တဲ့ အတွက်​ကြောင့် သွမ့်ရှီး ကို ခြစ်မိတာမျိုး မဖြစ်စေ နိုင်ပေ။ ပြီးတော့ ထို နား တစ်ဝိုက်မှာ ငါး အကြီးကြီး တွေ မရှိပဲ သေးငယ် ငြင်သာတဲ့ ငါး တစ်ချို့သာ ကျက်စား ကြပါတယ်။

ဒီနေရာမှာ ဆိုရင် သွမ့်ရှီး အတွက် လုံခြုံ ပါတယ်။

သွမ့်ရှီး က သန္တာကျောက်တန်း ပေါ်ကို လဲလျောင်း နေကာ သူ့နောက်ကျော မှာ ရွှေရောင် ဆံနွယ်တွေ က နူးညံ့ ပျော့ပျောင်းစွာ လွင့်မျော နေပြီးတော့ သူ့ရဲ့ အမြှီး ကလည်း ကောင်းကင် ပြာရောင် လိုမျိုး အပြာ​ဖျော့ဖျော့လေး နဲ့ ပိုပြီး နီးစပ်လေတယ်။ ဒါပေမယ့် တဖြေးဖြေး နဲ့ ရေယက် အမြှီးပိုင်းနား ရောက်တော့ နက်ပြာရောင် ပင်လယ် ရေ ဖြင့် အရောင်က ရောသွား ပြန်ပါရောလေ။

သွမ့်ရှီး က ပင်လယ်ရေ ကို သူ့ အမြှီး နဲ့ ဆက်ကာ ရိုက်ခတ် နေပြီးတော့ နူးညံ့စွာ ပြောလာ ခဲ့တယ်။

'' မနေ့တုံး က ပင်လယ်ရဲ့ အောက်ခြေမှာ အရမ်းကို လှပတဲ့ ကျောက်တုံး တစ်စု ကို ငါတွေ့ခဲ့တယ်။ နောက်ပိုင်း ကျရင် အဲ့တာ တွေကို မြင်ရ အောင်လို့ မင်းကို ငါ ခေါ်သွားမယ် ။ ကောင်းပြီလား ''

ဘယ်သူကမှ သူ့ကို ပြန်ပြီး မတုံ့ပြန်ခဲ့ ပါချေ။ ဘာလို့လဲ ဆိုတော့ သွမ့်ရှီး က သူ့ဘေးနားမှာ ကူးခတ် နေတဲ့ ငါးအသေးလေး ကို ပြောနေ တာကြောင့်ပဲ ဖြစ်လေတယ်။ ထိုငါးလေး ကို ကြည့်ရတာ သွမ့်ရှီး အား အရမ်း သဘောကျ နှစ်သက်ဟန် ပေါ်နေကာ ထိုငါးလေး က သွမ့်ရှီး အနားမှာ အချိန် အတော်ကြာ တွယ်ကပ် လှည့်ပတ် နေခဲ့တာ ပဲ ဖြစ်တယ်။

သွမ့်ရှီး တစ်ယောက် သူ့ဘာသာ သူ ပဲ စကား ပြောတာ ကို ဆက်လုပ် လိုက်တယ်။

'' မင်း က အဲ့ကျောက်တုံး တွေကို ငါ နဲ့ အတူတူ ကြည့် ပြီးသွားတဲ့ အချိန် ရောက်ရင်တော့ ဒီနေ့ အတွက် မင်းကို ငါ့ညစာ အဖြစ် ငါ လုပ်လိုက်တော့ မယ်နော် ''

ရေသူထီးလေး နဲ့ ငါးမန်း တို့ ဒိတ်နေကြပြီ![BL]Where stories live. Discover now