မည်သူတစ်ဦးတစ်ယောက်မှ တာဝန်ပေးထားခြင်းမရှိပါဘဲ ရှောင်းကျန့်က မနက်တိုင်း ခြောက်နာရီကွက်တိဆို နိုးနေတတ်ပြီး ကျောင်းသွားဖို့ရာ ပြင်ဆင်စရာတွေအကုန်ပြင်ဆင်နေပြီ။ ခုနှစ်နာရီကွက်တိမှာ ရှောင်းကျန့်ရဲ့ ကျောင်းသွားဖို့ရာ ပြင်ဆင်ခြင်းလုပ်ငန်းက အပြီးသတ်တယ်။
နေ့တိုင်း ဘေးအိမ်က ကောင်လေးဝမ်ရိပေါ်ရဲ့ နှိုးစက်လေးအဖြစ်လည်း ပါဝင်ရသေးတယ်။သူ့ထက် ၂နှစ်ငယ်တဲ့ ဝမ်ရိပေါ်က သူ့ရဲ့အိမ်နီးနားချင်း ကျောင်းသွားဖော်ကျောင်းသွားဖက်။သူတို့နှစ်ယောက်က တအားခင်ကြတာ။ဒါပေမဲ့ သူငယ်ချင်းတွေလည်းမဟုတ်ပြန်ဘူး။
ချူချာလွန်းလှတဲ့ ကျွန်တော်က အထက်အတန်းပထမနှစ်မှာ ကံမကောင်းစွာဘဲ အပြင်းဖျားတော့ ကျောင်းတစ်နှစ်နားလိုက်ရတယ်။ဒီလိုနဲ့ ကျွန်တော့်ထက် နှစ်၊နှစ်ငယ်တဲ့ အတန်းတူအိမ်နီးနားချင်းလေးက အလိုလိုကျွန်တော့်ရဲ့ ကျောင်းသွားဖော်ကျောင်းသွားဖက်ဖြစ်လာတယ်။
အချိန်တိကျလွန်းတဲ့ ကျွန်တော်နဲ့ အချိန်နီးမှ ဝရုန်းသုန်းကား ထလုပ်တတ်တဲ့ ရိပေါ်ကြောင့် နှိုးစက်ကလေးအဖြစ် ဘယ်သူမှတာဝန်မပေးလည်း ကိုယ့်ဟာကိုပဲ ဝင်လုပ်လိုက်တယ်။တော်တော်နှိုးရခက်တဲ့ ကလေး။
ကျောပိုးအိတ်ကိုကောက်လွယ် မားမားအသင့့်ထုတ်ပိုးပေးထားတဲ့ ထမင်းချိုင့်အိတ်ကလေးကို ဆွဲလို့ နှိုးစက်ကလေးကျွန်တော် တာဝန်ရှိရာ အိမ်ဘက်ကို အပြေးလေးသွားရတယ်။
မနက်စာပြင်ဆင်ဖို့ရာ မီးဖိုချောင်ဝင်နေတဲ့ အားရီေဖး
က ရှောင်းကျန့် ဝင်လာတာကို မြင်ရင် မနက်စာစားသွားဖို့ရာ ခေါ်လိမ့်မယ်။ဧည့်ခန်းမှာ အပတ်စဉ်သတင်းစာ ဖတ်လေ့ရှိတဲ့ ဦးလေးဝမ်ကတော့ ကော်ဖီသောက်ဖို့ရာ ခေါ်လိမ့်မယ်။ရှောင်းကျန့်ကတော့ ခေါင်းကိုသွက်သွက်ကလေးခါလို့ အကုန်လုံးကို ငြင်းလာရတယ်။နှိုးစက်ကလေးလုပ်ဖို့ရာ ရင်းနှီးရတာတွေ အတော်များတယ်။သူ့မှာ ရွေးချယ်စရာအများကြီးမရှိဘူး။အခုအချိန်လောက် နှိုးမှတော်ကာကျမယ်။ကျောင်းနောက်ကျတဲ့ စံပြကျောင်းသား။အိုး နားထဲ တော်တော် ကြားရဆိုးတဲ့စကားလုံးကြီး။
YOU ARE READING
You Complete me.ᯓᡣ𐭩
FanfictionWe filled in one by one Blank and we gets Perfection in difference.