အချစ်က ဘာနဲ့တူလဲမေးရင် ရိပေါ်အတွက်တော့ တိုဟူး တစ်တုံးလိုပါပဲ။ အထိအခိုက် မခံနိုင်တဲ့အထိ နူးညံ့တဲ့ ဖြစ်တည်မှုကလေးမို့ လက်လွတ်စပယ်လည်း သူ့မှာမထိတေွ့ရဲဘူး။တဲ့တိုး ဖွင့်ပြောရင်တောင် ရိပေါ်ပြောတာ ကိုကို့ ကိုလားဆိုပြီး မေးခွန်းပြန်ထုတ်လောက်မှာ အသေအချာ။စားလို့မရတဲ့ တိုဟူးတုံးဟာ တစ်ခါတလေတော့ ပိန်းဥကလေးအဖြစ်လည်း တာဝန် ထမ်းဆောင်တတ်သေးတာ။
အဆင့်တက်ဖို့ ကြိုးစားနေတဲ့ ရိပေါ်ကပဲ တစ်ယောက်တည်း ကြောင့်ကြမှုများရတယ်။နောက်ဆုံးဘာသာကို ဖြေပြီးတဲ့အခါ ဆောင်းဦးပွဲတော်ရှိတာမို့ ကျောင်းတွေက 2ပတ်လောက်ပိတ်ထားတတ်တယ်။ပွဲတော် ကာလမှာ မိဘအိမ်ပြန်သူကပြန် ခရီးထွက်သူကထွက်နဲ့မို့ နှစ်ပတ်လောက်ခွဲခွာရမဲ့ သူငယ်ချင်းအပေါင်းအသင်းတွေက သူ့လူနဲ့သူ ပွေ့ဖက်နှုတ်ဆက်ကြတယ်။
ရိပေါ်ကတော့ တေွ့ချင်ရင် ဘေးအိမ်ကိုအပြေးလေးသွားလိုက်ရုံမို့ နှုတ်ဆက်ဖို့ မလိုအပ်ပေမဲ့ ပွေ့ဖက်ဖို့တော့လိုတယ်လေ။
" ကိုကို ကျွန်တော့်ကိုလည်း လွမ်းနေနော်။"
" ဟမ် "
ရိုးတံစိမ်းစိမ်း အပင်များလို တောင့်တောင့်ကလေး ဖြစ်သွားရတာက အတန်းဖော်ကလေးတွေရှေ့ ရုတ်တရက်ကြီး အဖက်ခံလိုက်ရလို့။ကြိုတင်ဇာတ်တိုက်ထားချင်း မရှိပါပဲ ထွက်လာတဲ့အသံပိစိက ရိပေါ်စကားမှာ ကြောင်သွားရလို့။
ဒီကောင်လေး ဘာတွေပြောနေပြန်တာလဲ ? ရှောင်းကျန့် ခေါင်းထဲက ကော်ရှင်မတ်လေးတွေဟာ အရေးပေါ် အခြေအနေအတွက် ပြေးလွှားကြရတယ်။
" လွမ်းနေနော်လို့ ကျွန်တော်ကပြောရင် ကိုကိုက လွမ်းနေမယ်ဆိုပြီး ပြောရမှာပေါ့။"
" အိုးဟိုး မင်းကတော့ ဒုက္ခပါပဲ လွမ်းနေရအောင် ကျောင်းနှစ်ပတ်ပိတ်ရင်တောင် မင်း မျက်နှာကို မမြင်ချင်မှအဆုံးမြင်နေရမဲ့ ကိစ္စကို။"
" ကိုကိုက ကျွန်တော့်ကို ဒုက္ခအိုးကြီးလို့ မြင်နေတာပဲ
ကိုကို့ကြောင့် နှလုံးသားလေး နာကျင်သွားရပြီ။"
YOU ARE READING
You Complete me.ᯓᡣ𐭩
FanfictionWe filled in one by one Blank and we gets Perfection in difference.