Uni.4

122 18 0
                                    

စာမေးပွဲဒဏ်ကို မခံရတဲ့ကျောင်းသားကတော့ မရှိသလောက်ရှားမှာပါ။အခု ရက်ပိုင်း နီးကပ်လာတဲ့ လပတ်စာမေးပွဲကြောင့် ရှောင်းကျန့်မှာ စာရေးစားပွဲခုံကနေကို ဖင်မကြွရဲဘူး။ငါးမိနစ်ပဲခံတဲ့ ဦးနှောက်မဟုတ်ပါဘဲ ရှေ့ကကျက် နောက်ကမေ့နဲ့ ပုရွက်ဆိတ်တွင်းထဲက သကြားခဲလေးလို ရှောင်းကျန့် ဦးနှောက်ကလေးမှာ လုံးပါးပါးလို့နေပြီ။

ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်နဲ့မတူ ၂၄နာရီလုံးမှာ  ရသလောက် ပေကပ်ပြီး ဂိမ်‌းဆော့လိုက် ဘော်လီ‌ဘောသွားပုတ်လိုက်နဲ့ တော်တော်လေး အားလပ်နေပုံရတယ်။ကျောင်းတက်ချိန်မှီဖို့ရာ စောစောနိုးအောင်လည်း နှိုးစက်ကလေးဖြစ်တဲ့ ရှောင်းကျန့်ကပဲ မအားတဲ့ကြားကနေ အချိန်ကျတိုင်း သွားနှိုးပေးရတယ်။

ဒီနေ့မနက်အတွက်လည်း ရှောင်းကျန့်မှာ ထုံးစံအတိုင်း တိုက်ပွဲဝင်ရဦးမယ်။ပြောရဆိုရခက်တာလည်း မဟုတ်ပါပဲ ရှောင်းကျန့်ရဲ့ အချိန်တစ်ဝက်လောက်ကို ယူကိုယူရမှ ရိပေါ်က စားဝင်အိပ်ပျော်တယ်။

" ရိပေါ် ကိုကို မင်းကိုနောက်ရက်တွေ တကယ်လာမနှိုးတော့ဘူး။ "

ငိုမဲ့မဲ့ ဖြစ်လာတဲ့အသံကြောင့် ရိပေါ် မထပဲပေကတ်ကတ်အိပ်နေမိရာကနေ ဆတ်ခနဲထလာရဝောာ့တယ်။စိတ်ကောက်တဲ့လယ်ဗယ် အဆင့်၃လောက် ရောက်သွားပြီမို့ ၂ရက်၃ရက်‌ဒါမှမဟုတ်၁ပတ်လောက်ကတော့ ကိုကို သူ့ကို လာနှိုးမှာမဟုတ်ဝောာ့ဘူး။ရိပေါ်ကလည်းရိပေါ်ပါပဲ ဒီလိုဂျစ်ကတ်ကတ်လေးမှ လုပ်ပြီး ကိုကို့ ကို မစရရင် မနက်ခင်းတွေက မပြည့်စုံသလို ခံစားရတယ်။

" ကျွန်တော်မှားပါတယ်။ "

" ကိုကို က မင်းလိုညဏ်ကောင်းတာမဟုတ်ဘူး။ကျက်ထားတဲ့ မီးနင်း အလုံးသုံးဆယ်လောက်ကို ဦးနှောက်သေးသေးထဲ သယ်ထားရလို့ မေ့သွားမှာစိုးပါတယ်ဆို မင်းကပါအလိုက်မသိဘူး။"

ရိပေါ်က နည်းနည်းလိုသွားတာပါ။ဒီနေ့ရဲ့ အိမ်နီးနားချင်း ရာသီဥတုကလေး သာယာနေရဲလား အရင်မစစ်ဆေးလိုက်မိဘူး။စာမေးပွဲနီးလာရင် အနီးနားပတ်ဝန်းကျင်က ရာသီဥတုကလေးက အရင်လိုနွေးထွေးအေးဆေး မနေတော့ပါဘဲ ဆောင်းတွင်းမှာတိုက်လေ့ရှိတဲ့ လေအေးတေ‌ွလို ခြောက်ကပ်ကပ်ဖြစ်လာတတ်တယ်။စာမေးပွဲဆိုတဲ့အရာကြီးက သူ့ရဲ့ ချစ်စရာကိုကို ကို ဒီလိုနည်းနဲ့လည်း ဖိအားပေးတတ်သေးတာ။

You Complete me.ᯓᡣ𐭩Where stories live. Discover now