3.Uni

140 22 3
                                    

ပိုက်ဆံအိတ်ပါမလာပဲ အင်တာနက်ဂိမ်းဆိုင်သွားရဲတာလည်း ဒီစံပြကျောင်းသားပဲရှိလိမ့်မယ်။ဂိမ်း‌ဆိုင်ပိုင်ရှင်က သူတို့ကျောင်းမှာတက်သွားတဲ့ ကျောင်းသားဟောင်းလို့ပြောတာပဲ။ရိပေါ် ရဲ့ ကျယ်လွန်းလှတဲ့ ပေါင်းသင်းဆက်ဆံရေး စက်ဝိုင်းကြီးထဲမှာ ဒီဂိမ်းဆိုင်ပိုင်ရှင် ကောကောလည်း အပါအဝင်။

" ယွီကော ဒီနေ့လုပ်သမျှအကုန် အကြွေးယူမယ်။"

" အိုခေ "

‌ကျွန်တော်ကသာ မျက်နှာပူနေပေမဲ့ အကြွေးရှင်နဲ့အကြွေးယူမဲ့သူကတော့ စကားနှစ်ခွန်းနဲ့တင် ပွဲသိမ်း။

" ကိုကို ကြိုက်တဲ့ခေါက်ဆွဲပြုတ်သာမှာစားထားနော် ကျွန်တော် အိမ်ရောက်မှ ဖုန်းကနေလွှဲပေးလိုက်မယ်။"

" ကိုကို သတိမပေးရင် မင်းက ဘာဆိုဘာမှကိုသတိမရဘူး။"

" ကိုကို့ ကိုတော့ ကျွန်တော်မမေ့ဘူးလေ။ဒါဆိုရပြီ။"

စကားတတ်တဲ့ ပေါင်းသင်းဆက်ဆံရေး လိပ်ပြာမဟုတ်ဘူးလို့ ဘယ်သူကပြောမှာစိုးလို့လဲ။ရှောင်းကျန့်မှာ တစ်ကွက်နဲ့ အချုပ်ခံလိုက်ရပြန်တယ်။

" တော်ပြီ တော်ပြီ မင်းနဲ့မပြောတော့ဘူး စိတ်ဆိုးလို့ စားချင်တာတွေ အကုန်ယူပစ်ခဲ့မှာ။ရှင်းပေတော့ မင်း!။"

" အစပ်လျှော့။"

ဂိမ်းထဲ ဝင်လိုက်ရင်း ရိပေါ်မှာ သတိပေးရတယ်။ငရုတ်သီးနဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ ချုံချင့်သားက သူမမြင်ရင် မမြင်သလို ငရုတ်သီး‌နဲ့မိတ်ဆွေဖွဲ့နေတတ်တာ။ဖြစ်ချင်တော့ ယွီကောရဲ့ဆိုင်မှာက ငရုတ်သီးမုန့် ငရုတ်ဆီ  ငရုတ်သီးနဲ့ပတ်သက်သမျှ အသစ်အစမ်းတွေအကုန်အစုံရှိနေတယ်။ဒါကြောင့်  ယွီကောရဲ့ဂိမ်းဆိုင်သွား‌ေတာ့မယ်ဆို ရိပေါ်နောက်ကနေအမှီးတန်းလေးလို ကိုကိုက ခေါက်ဆွဲပြုတ်စားဖို့ လိုက်လာတတ်တာ။

" ဟေး ကျန်‌့ကော ဂိမ်းလာဆော့တာလား ရိပေါ်နဲ့။"

" ရုံ ရုံပင် မဟုတ်ဘူး အဲ့ဟုတ်တယ် ဒါပေမဲ့ရိပေါ်နဲ့မဟုတ်ဘူး ကောတစ်ယောက်တည်း။"

ရုံပင်က ပုထားတဲ့ဇာတ်ကလေးကို ဆန့်လိုက်ရင်း အတွင်းဘက်ကျကျ နေရာကိုကြည့်လိုက်တယ်။ရိပေါ်နဲ့ လာတာ သေချာတာကို ရုတ်တည်ကြီးနဲ့ လာလိမ်နေဝာယ်။

You Complete me.ᯓᡣ𐭩Where stories live. Discover now