5Uni.

127 15 1
                                    

" ကိုကိုတော့ သွားပါပြီ သုံးခုကြီးများတောင် မှားခဲ့တာ။"

ရိပေါ် ကကိုကို့ ကိုပြန်ပြီးစောင့်ပေးရတဲ့ အချိန်က စားမေးပွဲဖြေတဲ့အချိန်ပဲရှိတယ်။စာမေးပွဲခန်းစောင့်တဲ့ လောင်ရှီးကနေ စာရွက်တွေအပ်လို့ရပြီ ဆိုတဲ့အသံမကြားမချင်းထွက်မလာဘူး။

ရိပေါ်ကတော့ အဲ့လိုမဟုတ် စာဖြေရင်း တစ်ခါတည်းစစ်တဲ့အလုပ်ကိုပါလုပ်သွားရင်း အကုန်ပြီးတဲ့အခါ နောက်ဆုံးတစ်ခေါက်ပြန်စစ်လိုက်တယ်။ပြီးရင် အသက်ရှူကြပ်ချင်စရာ စာမေးပွဲခန်းကြီးထဲကနေ ထွက်လာခဲ့ပြီပဲ။

ရှေ့ဆုံးကထွက်လာသူက ရိပေါ်ဆို ကိုကိုက နောက်ဆုံး။
မတူညီတဲ့အရာတွေများပေမဲ့ မတူညီတာတွေကပဲ ငါတို့ကို လိုက်ဖက်စေတာ။

" ဘာမှမဖြစ်ပါဘူး ကိုကိုရဲ့ အဆင်ပြေတယ် သုံးခုလေးပဲ။"

" အင်းပေါ့ ကိုကို့ ရဲ့ခံစားချက်ကို မင်းကတော့ဘယ်နားလဲမှာ မင်းက မှားမှမမှားတာလေ။"

မျက်နှာ‌နုနုက‌ေလးကိုငယ်လို့ စတင်ပြီး ဒရမ်မာခင်းလာတဲ့ ကိုကိုကြောင့် ရိပေါ်ကတော့ ‌ရယ်နေဖို့ကိုသာ ရွေးချယ်လိုက်ရတယ်။ဒီလိုရက်တွေဆို မိုးလေဝသ ထက်တောင်ခန့်မှန်းရခက်တဲ့ ကိုကို့ ရဲ့စိတ်ကလေးကြောင့် ရိပေါ်ကပဲ လိမ္မာပါးနပ်ရပါတယ်။

" ဘာစားကြမလဲ နောက်ဆုံးတစ်ဘာသာပဲကျန်တော့ဝာာဆိုတော့ အေးဆေးဖြစ်ပြီ။"

" ကိုကို ကတော့ ဘာစားလို့စားချင်နေမှန်းကိုမသိဘူး။အိမ်ပြန်ပြီး ထိုးအိပ်ချင်တာပဲသိတော့တယ်။"

" ဒီည ကိုကို ကျွန်တော်နဲ့လာအိပ်နော် "

ရိပေါ်ပြောတော့ ကိုကိုက နာခံစွာပဲ ခေါင်းငြိမ့်ရှာပါတယ်။
ကျောင်းဝန်းထဲရောက်လဲ ရှောင်ဖို့ စကားမပြောဖို့ မလိုတော့တာမို့ ရိပေါ်တို့နှစ်ယောက်ကို အတူတူတွဲမြင်တိုင်း အကုန်လုံးက အံ့ဩနေပုံနဲ့။နောက်လည်း သူတို့နှစ်ယောက်နဲ့ ပတ်သက်လို့ ဒီလိုအံ့ဩစရာတွေ ကြုံရအုံးမှာပါလား တွေးမိတော့ ကိုယ့်အတွေးနဲ့ကို ရိပေါ်ပြုံးမိပြန်ပါတယ်။

နောက်ကြုံရမဲ့ အံ့ဩစရာတွေအတွက် အံ့ဩဖို့ရာချန်ထားဦးလို့ ရိပေါ်ဖြင့်အသိပေးချင်မိတယ်။

You Complete me.ᯓᡣ𐭩Where stories live. Discover now