Part (17)

155 24 32
                                    

အခန်းတံခါးဖွင့်လိုက်သော် သူ့ကိုစိတ်ပူစွာကြည့်နေသည့် Soonyoung။ Wonwoo က အခန်းထဲတွင် ထိုင်နေရာမှ ထလာပြီး

"မင်း Bodyguard က ဘယ်ဆိုးလို့လည်း ငါ့လူတွေကိုတောင် ချသွားတာ အသာလေးဘဲ ဒါကြောင့် ဒီနေ့ လူသစ်တွေခေါ်လာတာ"

လို့ ပြောလိုက်သော်လည်း Soonyoung က သူ့စကားကို လျစ်လျူရှုကာ Jihoon ကို ကြည့်ပြီး

"Boss ပြန်တော့မလားဗျ" လို့ မေးလိုက်သည်။

Jihoon က ခေါင်းညိမ့်ပြလိုက်တော့ Soonyoung က
Jihoon ကို ရှေ့မှ သွားစေပြီး နောက်က လိုက်သွားလိုက်သည်။

နောက်တွင် ကျန်ခဲ့သော Wonwoo မှ

"အချိန်ရရင် လာလည်ဦးနော် ကိစ္စတွေ အတွက်ကတော့ စာပို့လိုက်မယ်" လို့ Jihoon ကို လှမ်းပြောလိုက်သည်။

------------------------

စံအိမ်ရောက်သော် အခန်းထဲရှိ ဆိုဖာပေါ်တွင်
ထိုင်ပြီး စဉ်းစားနေမိသည်။ Ruby နဲ့ Monster က တစ်ချိန်က လက်တွဲဖော် ဖြစ်ခဲ့သော်လည်း ဖေဖေ့လက်ထက်တွင် Monster ဘက်မှပစ္စည်းတွေယူပြီးထွက်ပြေးသွားသည်ဟုဆိုကာတစ်ဖက်စီဖြစ်သွားကြသည်။၊ ကိုယ့်လူနဲ့ကိုယ်သာ နေကြတော့ကာ အလုပ်ကိစ္စတွင်လည်း ဝင်မပတ်သတ်တော့ပေ။ပြီးတော့ Jihoon သာ သူတို့ဘက်ကို ကူတာသိလျှင် Capo တွေက တစ်ယောက်တစ်ပေါက်နှင့်ဝေဖန်ကြဦးမည်။

သူရှင်းလိုက်သည့် အရှုပ်ထုပ်က ဂိုဏ်းချင်းလာနွယ်နေတာကြောင့် မကူလည်းမရတော့ပေ။သို့သော် Jihoon အတွက်တော့ ထို black box က နောင်တစ်ချိန်လည်း ထပ်ပြီး အကြပ်ကိုင်ခံရလာနိုင်တာကြောင့် အဲ့ကိစ္စကိုတော့ ဖြေရှင်းရမည်။

တင်း*

မက်ဆေ့ချ်ဝင်လာတဲ့အသံကြောင့် ခုံပေါ်တင်ထားသည့်ဖုန်းကို လှမ်းယူလိုက်သည်။

"နောက်တစ်ပတ် 19ရက်နေ့ (ContainerNo.214-220)
သေချာ စစ်ပြီးသယ်လာနော် Lee Jihoon"

သူ့ဟာက အကူညီတောင်းနေတာမှန်းမသိ ခိုင်းနေတာမှန်းမသိ။ စာပို့တာကိုက အချိုးမပြေနေသော Wonwoo ကို စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

------------------------

ဆိပ်ကမ်းဘက်ကို လူအလွတ်ထားလိိုက်ကာ Jihoon သည် Soonyoung အပြင်Bodyguard 5 ယောက်ကို ခေါ်သွားလိုက်သည်။ထို့အပြင် ဒီနေ့ကိစ္စကို ဒီနေ့တွင်သာ ထားပြီး ဘယ်သူ ဘာမေးမေး မသိဘူးဟု ဖြေရန်မှာထားလိုက်သည်။ သင်္ဘောတစ်စီး ကမ်းကပ်လာပြီးနောက် Container 7 စီး ချကာ ပြန်ထွက်သွားလေသည်။

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon Where stories live. Discover now