ဒုန်း!ဒုန်း!ဒုန်း!
"စိုင်းဟန်သာ စိုင်းဟန်သာ အော်ဒီကောင်လေးနဲ့တော့ ညကဂိမ်းတွေဆော့တာများပြီးညဥ်နက်သွားတာဖြစ်မယ် စိုင်းဟန်သာ စိုင်းဟန်သာ"
တံခါးထုသံကြောင့်ကုတင်ပေါ်ရှိအမျိုးသားသည်လူးလိမ့်လာသည်။ရုတ်တရက်ထထိုင်လိုက်တာကြောင့်သူ၏မျက်နှာအပြည်အဝကိုမြင်တွေ့နေပြီဖြစ်သည်။ထိုသူသည်စိုင်းဟန်သာဟုအမည်ခေါ်သောအမျိုးသားပင်ဖြစ်သည်။အိပ်ရေးမဝသောကြောင့်မျက်မှောင်ကြုတ်ကာစိုင်းဟန်တစ်ယောက်တံခါးဝကိုကြည်လိုက်သည်။မနေ့ကဂိမ်းဆော့တာညဥ်နက်သွားတာကြောင့်အိပ်ရေးမဝပါ။စိတ်ရှုပ်စွာဖြင့်ဆံပင်ကောက်ကောက်တွေကိုလက်ဖြင့်ထိုးဖွလိုက်ပြီးကုတင်ပေါ်မှဆင်းကာတံခါကိုသာသွားဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့်မြင်ရသည်မှာတစ်ခြားသူမဟုတ်သူ၏မာတာမိခင်ပင်
"အမလေး ခုမှဘဲတံခါးဖွင့်တော့တယ် ကျွန်မလက်တော့ပြုတ်ထွက်သွားပြီးလားတောင်မှတ်တယ် "
"မာမီဘာကိစ္စလဲ ကိုယ်အိပ်နေတယ်လေ မာမီကြောင့်ကိုယ်အိပ်ရေးမဝတော့ဘူး"
"ကျွန်မကြောင့်အိပ်ရေးမဝတာလား ရှင်မနေ့ညကဂိမ်းဆော့တာညဥ်နက်သွားလို့လား ပြောပါဦး"
"မာမီကလည်း ယောကျာ်လေးဘဲဒီလောက်တော့ရှိမှာပေါ့ "
"ရှင်ဘာရှင်ဒီလောက်တော့ရှိတာတွေစိတ်မဝင်စားဘူး ဒီနေ့ဘာနေ့လည်းသိလား"
စိုင်းဟန်မျက်လုံးထောင့်ကပ်ကာစဥ်းစားလိုက်သည်။ဒီနေ့ကဘာနေ့လည်းသူတစ်ကယ်မသိတာပင် မာမီမွေးနေ့လားမဟုတ်ပါဘူး။ဒါဆိုဒယ်ဒီလား မဟုတ်ရင်ဟိုကောင်လား သုံးယောက်လုံးနဲ့မဆိုင်ပါပင် ဒါဆိုဒီနေ့ကဘာနေ့လည်းစိုင်းဟန်တစ်ယောက် မာမီကိုသွားဖြဲကာကြည်လိုက်မိသည်။
ဒေါ်ထိပ်ထားသူကိုသွားဖြဲကာကြည်လိုက်သည်သားကြောင့် သက်ပြင်းချကာ လက်ကိုတစ်ချက်လောက်ရိုက်လိုက်သည်
"အား မာမီဘာလို့ရိုက်တာလဲ နာတယ်ဗျ"
"နာလေ နည်းတောင်နည်းသေးတယ် ဒီနေ့ကဘာနေ့မမှတ်မိဘူးမလား"
