Part 5

6 0 0
                                    

အိပ်ရာကျယ်ကြီးပေါ်တွင်လူးလိမ့်နေသောကောင်လေးတစ်ယောက် သူ၏အသားအရေမှာဖြူနေသဖြင့်စောင်နှင့်လူနှင့်မသဲကွဲ ဟိုလိမ့်လိုက်ဒီလိမ့်လိုက်ဖြင့်ထရမည်ကိုပျင်းရိစွာအချိန်ဆွဲနေသလိုပင် သိုသော်လည်းမကြာပါရုတ်တရက်ထထိုင်လိုက်ပြီး အကြောဆန့်ကာ တစ်နေ့တာလုပ်ငန်းစဥ်များကိုစတင်ရန် အသင်ပြင်ရတော့သည်

ခန့်တစ်ယောက်စာရေးခုံပုံကဖုန်းကိုယူကာအချိန်ကြည့်လိုက်တော့ ၆ခွဲပြီပင် ထိုကြောင့်သူထကာကျောင်းသွားရန်ပြင်ဆင်ရတော့သည် ဒိနေကပထမဦးဆုံးနေ့ပင် တက္ကသိုလ်တက်ရန်ပင် သူရင်နည်းနည်းတုန်နေပါသည် ဘာလို့လည်းဆိုတော့ပထမဆုံးစိုင်းနဲ့အခန်းမတူဘဲတက်ရမည်ဖြစ်သည့်အတွက် ဘယ်လိုလူတွေနဲ့တွေ့ရမလဲမသိပင် ဒါပေမယ့်လည်း ဒီနေ့တော့ သူငယ်ချင်းလေးတစ်ယောက်လောက်ရရင်ကျေနပ်ပါပြီ

ခန့်တွေးနေတာတွေလက်စသက်ကာ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်သွားတိုက်ရေမိုးချိုးကာ ထွက်လာလိုက်သည် ပြီးနောက်အဝတ်ဗီရိုဖွင့်ကာ ဘာဝတ်ရမလဲကြည်လိုက်သည် ကျောင်းကprivate university ဖြစ်တဲ့အတွက် အရမ်းကြီးတော့ဝတ်ပုံစားပုံကိုမပြောထားပေ ယောကျာ်လေးတွေက လက်ရှည်နဲ့ဘောင်းဘီရှည် မိန်းကလေးတွေကိုတော့ အတိုအပြတ်တွေမဝတ်ရန်တားမြစ်ထားသည် အဲတာကြောင့် သူစဥ်းစားနေတာနည်းနည်းတောင်ကြာလာပြီပင် သူသက်ပြင်းချ လိုက်ပြီး အညိုရောင်အကျီရှပ်အပါးနှင့် အဖြူstyle pantsသာဝတ်လိုက်သည် သူကအညိုရောင်ကြိုက်တဲ့သူဖြစ်သည့်အတွက် အညိုရောင်အကျီတွေတော်တော်များသည် ပင်

သူလည်းအဝတ်ဝတ်လိုက်ပြီး ရေမွှေးတွေဘာတွေစွတ်ကာ ဆံပင်ကိုသေချာဖြီးပြီး ဟိုတစ်နေ့ကစိုင်းနဲ့သွားကာဝယ်ခဲ့သည့် အိမ်ထဲ လိုအပ်တာတွေထည့်ကာ အောက်ထပ်ဆင်းလာခဲ့သည် သူအောက်ကိုဆင်းလာတော့ မုန့်ဟင်းခါးနံကိုရသည်ပင် သူဆင်းလာကိုမြင်သည် နှင့်အမနန်းက

"ငယ်လေးတောင် ဆင်းလာပြီ ဒီမှာမေမေက ရှင့်အကြိုက်မုန်းဟင်းခါးချက်ပေးထားတယ် "

"ဟာ မေမေကလည်းမလုပ်ပါနဲ့ဆိုတာ ဟိုတစ်ခါကလို့အမောဖောက်ပြီးမေ့လဲသွားရင်ဘယ်လိုလုပ်မလဲ "

You've reached the end of published parts.

⏰ Last updated: Oct 30, 2024 ⏰

Add this story to your Library to get notified about new parts!

One Side Love Where stories live. Discover now