" ဗိုက်ဆာနေပြီလား ခန့် "
" အင်း နည်းနည်း "
"အဲတာဆို ခနနားရအောင် ပြီးမှလိုအပ်တာတွေပြန်ဝယ်ကြတာပေါ့ "
" အင်း "
သူတို့နှစ်ယောက် ကိုရီးယားဆိုင်တစ်ဆိုင်ကိုသာဝင်ထိုင်လိုက်တော့သည်။သူတို့နှစ်ယောက်ဆိုင်ထဲသို့ဝင်လိုက်သည်နှင့်အကြည့်တွေအကုန်လုံးကသူတို့စီမှာဖြစ်နေသောကြောင့်ခန့်တစ်ယောက်စိတ်ညစ်သွားရသည် ဒီနေ့တစ်နေ့ထဲပဲလူဘယ်နှစ်ယောက်စီကနေအကြည့်ခံနေရတာလဲ သူအဲတာကြောင့်အပြင်ထွက်ရတာမကြိုက်တာပင် လူတွေရဲ့အကြည့်တွေရှောင်ချင်တာကြောင့်လည်းပါသည်
ခန့်တစ်ယောက်အတွေးထဲမြောနေတုန်းပင် သူလက်ကိုလာကိုင်သည့်လက်တစ်စုံကြောင့် တစ်ချက်လန့်သွားပင်မယ့် လက်လာကိုင်သူကိုကြည့်လိုက်တော့ နှစ်ယောက်မရှိသည့်စိုင်းဟန်သာပင်
" ခန့် မင်းအဆင်ပြေရဲ့လား ငါတို့ဆိုင်ပြောင်းထိုင်ကြမလား "
" ဟင် ငါအဆင်ပြေပါတယ် "
" သေချာလို့လား "
" အင်း သေချာတယ် "
" အင်း "
စိုင်းတစ်ယောက်ခန့်နေရခက်နေသည်ကိုသိသည့်အတွက် မေးလိုက်ရခြင်းတာခန့်အဆင်မပြေဘူးလို့ပြောရင်သူဒီဆိုင်ကချက်ချင်းထွက်သွားမှာပင် ခန့ကအဆင်ပြေသည်လို့ပြောသည်အတွက် သူဘာမှမပြောတာပင် ခန့်တစ်ယောက်နေရခတ်မည်ဆိုးသည့်အတွက် ထောင့်ကျသောဝိုင်းကိုသာရွေးပြီးထိုင်လိုက်သည် သူတိုနှစ်ယောက်ထိုင်လိုက်သည်နှင့် သူတို့ဝိုင်းကိုဝိတ်တာမလေးကလာပြီး မီနူးလာပေးသည်မို့သူခန့်ကိုပေးကာဘာစားမလဲလို့ရွေးခိုင်းလိုက်ရသည်
" ခန့်ဘာစားမလဲ "
" ငါ kimchi fried rice စားမယ် "
" အင်းဒါဘဲလား "
" omukရယ် cheese tokbokki ရယ် tuna kimbapရယ် ဒါဘဲ"
" ထပ်မှာချင်တာရှိသေးလား "
" မင်းငါကိုလာရွဲနေတာလား စိုင်း "
" ငါကမင်းမဝမှာစိုးလို့ပါ "
" မင်းနော် ငါကိုဝက်များမှတ်နေလား "
" ဟား ငါမင်းကိုဝက်လို့မပြောဘူးနော် မင်းဘာမင်းပြောတာ ကိုယ်ကိုကိုယ်သိတာကောင်းတယ်သားလေး "