မိုးကောင်းကင်တွင်တိမ်တွေဟာရွေ့လျားနေပြီး နေမင်းကြီးသည် လူသားများတွက်အလင်းရောင်ရရှိရန်ဖန်ဆင်းပေးနေပြီး လူသားဟာလည်းသူတို့လုပ်ဆောင်ရမည်ကိစ္စအဝဝကိုဆောင်ရွက်နေကြသည် ထိုသို့ဆောင်ရွက်နေသည့်လူများထဲတွင် ဘုန်းခန့်ဆိုသည်ကောင်ကလေးတစ်ယောက်ဟာလည်းအပါအဝင်ပင်
ခန့်တစ်ယောက်မကြာခင်တက္ကသိုလ်တက်ရမည်ဖြစ်သည့်အတွက် လိုအပ်သည့်ပစ္စည်းများကိုသွားဝယ်ရန်ပြင်ဆင်နေခြင်းပင် အစကတော့အိမ်ကမမနန်းသော်တာနဲ့သွားမလို့ပင် ဒါပေမယ့်စိုင်းကလည်းသူပါလိုက်မည်ဆိုသည်အတွက် မနန်းကိုခန့်အတူမလိုက်ခိုင်းတော့ပါ သူကြောင့်နှင့်မနန်းအလုပ်ပျက်နေမည်ဖြစ်သည်အတွက်ပင် သူသွားဝယ်မည့်နေရာကလည်း သူတို့ပိုင်ဆိုင်
သည့် mallဖြစ်သည့်အတွက်ကြောင့်လည်းဖြစ်သည်။ ပြီးတော့စိုင်းနဲ့နှစ်ယောက်တည်းအတူတူသွားချင်တာကြောင့်လည်းပါသည် သူတို့နှစ်ယောက်တက္ကသိုလ်သွားအပ်သည့်နေ့ကစပြီးမတွေ့ဖြစ်တော့တာကြာပြီပင် စိုင်းက သူ့သူငယ်ချင်းအချို့နှင့်အပြင်သွားလိုက် ကလပ်တက်လိုက်လုပ်နေပင်မယ့် ခန့်ကတော့မကြိုက်ပါ လူရှုပ်တဲ့နေရာတွေကိုသူကမကြိုက်ပါ စိုင်းကတော့သူနဲ့မတူ သူကကျောင်းမှာကတည်းက ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပြီး တစ်နေ့တစ်နေ့ ရလိုက်တဲ့ရည်းစားတွေဟာလည်းမရေတွက်နိုင် သူကတော့ကျောင်းမှာစာဂျပိုးတစ်ယောက်လို့တောင်ခေါ်လို့ရသည် ရှင်းရှင်းပြောရရင် ကိုယ်ပျောက်လူသားလိုပါဘဲ သူကိုသူငယ်ချင်းလုပ်တာဆိုလို့စိုင်းဘဲရှိတာ သူကလည်းစိုင်းနဲ့ဘဲအတူသွားအတူစားအတူလာဖြစ်နေတော့ တစ်ချို့စိုင်းကိုကြိုက်တဲ့ကောင်မလေးတွေကမကြိုက်ကြပါ သူကတော့ဂရုမစိုက်ပါ တစ်ခြားသူတွေအမြင်ကိုတော့သူစိတ်မဝင်စားပါ သူစိတ်ဝင်စားသည်ကတစ်ယောက်တည်းပင် ထိုသူက စိုင်းဟန်သာဆိုတဲ့လူသားကိုပင် ထိုအမျိုးသားကလွဲလို့သူဘယ်အရာကိုမှစိတ်မဝင်စား ထိုအမျိုးသားကတာသူအတွက်အရာရာပင် ခန့်တစ်ယောက်သူတွေးနေတဲ့အတွေးကြောင့်ပြုံးမိသွားသည် သူဟာစိုင်းဟန်သာနဲ့ပတ်သတ်ရင်တော်တော်ကို အခြေအနေဆိုးနေပြီဘဲ
