စိုင်းဟန်တစ်ယောက် သူဌာနကိုသာထွက်လာခဲ့လိုက်သည် သူဌာနတွင်ဖောင်ဖြည်ပြီးထွက်လာသည်နှင့် သူအားလူတစ်ယောက်ကခေါ်သံကိုကြားလိုက်ရသည်
"ဘရို"
သူလှည်ကြည့်လိုက်တော့မြင်လိုက်ရသည်က သူနှင့် အသက်အရွယ်တူတဲ့ယောကျာ်းလေးတစ်ယောက်ပင် ဝတ်ထားသည်က အောက်ခံအကျီအမဲပေါ်တွင် leather jacketကိုထပ်ဝတ်ထားပြီး အောက်ကဂျင်းဘောင်းဘီအမဲကိုဝတ်ဆင်ထားသည့်အတွက် ပုံစံကကျောင်းလာအပ်သည်နှင့်မတူ ကျောင်းလူမိုက်လာလုပ်သည်နှင့်တူသည် ဒါပေမယ့်ထိုပုံစံ ထိုလူမို့ ပိုလိုက်ဖက်နေသလို့ပင် သူလည်းတွေးတာရပ်လိုက်ပြီးစကားပြန်ပြောလိုက်သည်
"ငါကိုခေါ်တာလား"
"အင်း ဘရိုက mechanical engineering student လား"
"အင်း ဘာဖြစ်လို့လဲ"
"အဲတာဆိုအတော်ဘဲ ဘရိုဘောပင်အပိုပါလား ငါကိုငှားပါလား "
စိုင်းတစ်ယောက်မျက်မှောင်ကြုတ်လိုက်မိသည် ကျောင်းလာအပ်တာကိုဘောပင်မပါလာဘူးတဲ့လား ဘယ်လိုလူလဲ
"မင်းဘောပင်ကကော"
"ဟဲဟဲ နောက်ကျနေလို့ရှိတာဆွဲယူနေတာ မှင်ကုန်နေတာဖြစ်နေလို့ ငှားပါကွာ တစ်နှစ်တည်း တစ်ဌာနထဲဘဲဟာ"
"အင်းရော့ "
"ကျေးဇူး"
"အင်း"
စိုင်းတစ်ယောက်ပြီးသည်နှင့်လှည့်ထွက်လာခဲ့လိုက်သည် သူမနေချင်တော့ပါ အိမ်ကထွက်လာကတည်းက ဘာမှမစားရသေး ဘုန်းခန့်ကျွေးတဲ့သကြားလုံးသာသူဗိုက်ထဲရှိသေးသည် အဲကြောင့် သူစားသောက်ဆိုင်တစ်ဆိုင်ဝင်ပြီး စားမှရတော့မည်ပင်
"ဘရို"
သူလှည်ကြည့်လိုက်တော့မြင်လိုက်ရသည်က ဟိုကောင်ပင် ဒီတစ်ခေါက်ရောဘာလဲမပြီးတော့ဘူးလား သူကိုအေးဆေးလေးဖြစ်အောင်လွှတ်ထားပေးကြပါ
"ဘာပြောစရာကျန်သေးလို့လဲ"
"အာ ဘောပင် ဘရိုဟာလေ "
"ရတယ်ယူထားလိုက် ငါမလိုဘူး "
"သေချာလို့လားဘရို ဘောပင်မှာနာမည်ရေးထားလို့ ဒီမှာလေ Khant တဲ့"