Chapter 1

347 34 0
                                    

Unicode

Chapter 1

နေဝင်ဆည်းဆာအချိန်…..
ရွှေယွမ် ရွာမှ အိမ်ထောင်ဦးစီး လယ်သမားတွေဟာ ကိုယ်စီအိမ်သို့ပြန်လာကြ၏၊၊
အိမ်တိုင်းမှာ မီးခိုးတလူလူနှင့် နေရာတိုင်းမှာလည်း ရယ်သံတွေနဲ့ပြည့်နှံ့နေသည်၊၊
ဒီအချိန်က အတော်လေး အားယားနေပြီး တနေ့တာရဲ့ အနားယူချိန်လည်း ဖြစ်၏၊၊

ရှန့်ချိုက်အတွက်တော့ ထိုအချိန်၌ စိတ်အခြေအနေ မကောင်းလှပေ၊၊

လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက သူမဟာ ခေတ်သစ်က လူတစ်ယောက်ဖြစ်နေတုန်းပင်

အသက် ၃၀နီးပါးရှိသည့် အမျိုးသမီးတစ်ဦး ၊ ကိုယ့်အားကိုယ်ကိုးပြီး အလယ်လတ်တန်းစား Company မှာ မန်နေဂျာရာထူးနဲ့ အလုပ်လုပ်ကိုင်နေ၏၊၊

နှစ်တစ်နှစ်ရဲ့အဆုံးမှာ သူမရဲ့ ရင်းနှီးသည့် မိတ်ဆွေတွေနှင့် နှစ်သစ်ကို ကြိုဆိုခဲ့၏၊၊
ပြီးနောက် သူမတစ်ယောက်တည်း ပြန်ခဲ့တယ်၊၊
ထိုအချိန်မှာ လစာတိုးရဖို့ကြိုးစားနေသည့်အချိန်လည်းဖြစ်တယ်၊၊

ညဉ့်နက် သန်းခေါင်ယံ ၁၂တိတိမှာ ရှန့်ချိုက်ရဲ့ နှလုံး အစပေါင်းများစွာ နာကျင်လာမှုကြောင့် လဲကျသွားရင်း သူမရဲ့ မျက်လုံးဟာ အမှောင်တွေဖုန်းသွား၏၊၊
သူမ နိုးလာသည့်အခါမှာတော့ ဒီနေရာမှာ ဖြစ်နေပြီး ရှန့်ချိုက်ဟွားဆိုသည့် အမျိုးသမီးပါဖြစ်နေလေ၏၊၊ သူမဟာ ဝတ္ထုချစ်မြတ်နိုးသူပီပီ အားလပ်ရက်အချိန်တိုင်း ဝတ္ထုဖတ်ရင်းအချိန်ကုန်မိ၏၊၊ ရှန့်ချိုက်အများဖတ်သည့် ဝတ္ထုတွေက အချိန်ခရီးသွား ဝတ္ထုတွေချည်းပဲ….

သူမကူးပြောင်းလာသည့်သူမဟာ အရမ်းကြီး အချောအလှထဲမပါ ၊၊ အနည်းဆုံးတော့ ကျက်သရေရှိတယ် ၊၊ သူမက သူဠေးမိသားစုရဲ့ မင်းသမီးလေးမဟုတ်ပေမယ့်
သူမဖတ်ထားရသလောက်ဆိုရင်  လယ်သမားမိသားစုက……

သတင်းကောင်းက သူမ ဝတ်ဆင်ထားရသလောက်ကိုကြည့်ရင် အရွယ်ကောင်းလေး…
၂၆နှစ်လောက်ပေါ့ !...
 

သတင်းဆိုးက ရှေးခေတ်အရ ဒီအသက်အရွယ်ဆိုရင် မူလခန္ဓာကိုယ်က ကလေးအမေဖြစ်ပြီးနေလောက်ပြီ
အရင်ဘဝတုန်း ရှန့်ချိုက်ဟာ အပျိုစင်အမျိုးသမီးတစ်ဦးဖြစ်၏၊၊
အမျိုးသားတွေအပေါ် ခံစားချက်မရှိ ၊၊ ဒါပေမယ့် အကြောင်းအရာ တစ်ချို့ကြောင့်
သားပေါက်လေးတွေကိုတော့ အထူးတလည် နှစ်သက်သည် ၊၊

အမျိုးသားဇာတ်လိုက်ရဲ့ မိထွေးအဖြစ် ကူးပြောင်းWhere stories live. Discover now