Chapter 2

244 31 3
                                    

Chapter 2

သူ့ထက် သူမကအများကြီးငယ်မယ်လို့ တွေးထားသည့်အတွက်
မိထွေးအဖြစ်အသက်အရွယ်အရငယ်သေးတာကတစ်ကြောင်း
သူဟာ သူမအား အရင်ကထက်ပိုဂရုစိုက်ပြီး သူ့သားအား ရှန့်ချိုက်ကို ဝါအရ လေးစားစွာဆက်ဆံဖို့ အမြဲတမ်း ထပ်ခါထပ်ခါသတိပေး၏

လူတော်လူကောင်းတစ်ယောက်ဖြစ်တာတောင်မှ မူလကိုယ်ကကျေနပ်အားရမှုမရှိပေ ၊၊
သူမ လက်ထပ်ပြီးနောက် မုမိသားစု ထဲဝင်ရောက်ခဲ့၏၊၊
မုချန်းဟာ ဝင်ငွေများစွာရရှိသော်လည်း စာမလေ့လာသည့် မုဒါလန်အတွက် စာအုပ်ဖိုး ခဲတံဖိုး အစရှိသည်တို့အတွက် မရရှိခဲ့ပေ၊၊မုမိသားစုဟာ လယ်သမားမိသားစုထက်တော့းပိုချမ်းသာတဲ့အတွက်ကြောင့် သူမဟာ အိမ်မှာနေရင်း ပြဿနာတွေကိုသာဖန်တီးလေသည် ၊၊

လက်ထပ်ပြီးမကြာခင် ရှန့်ချိုက်ဟွားသည် ဝဝကစ်ကစ် ကလေးကို မွေးဖွားပေးခဲ့၏၊၊
သူမအတွက် ခေါင်းကိုက်စရာတွေဖြစ်လာတော့သည်၊၊ မုယွမ်ချွမ်းကို ပျိုးထောင်ရုံသာမက သူမရဲ့ကလေးကိုပါ စောင့်ရှောက်ရသေး၏၊၊
မုမိသားစုကအဖေနဲ့သားဟာ ကိုယ်စီ ရောင်ဝါနဲ့ ကျော်ကြားကြပြီး စိတ်တိုစရာတွေ ပြဿနာတွေဖြစ်လာရင် ရှန့်ချိုက်နဲ့ပြိုင်ပြီး မဖြစ်ချေ ၊၊ ရှန့်ချိုက်ရဲ့ မု မိသားစုရဲ့ တာဝန်ကို ယူထားရသည့်အတွက်ကြောင့်ပင် !!!

သူမရဲ့သားကတော့ သူ့ အမျိုးသား‌ ၊ သူ့အကိုရဲ့ ခွန်အား ၊ အသိညဏ် တစ်စက်ကလေးမျှ မတူပေ ၊၊
သုံးစားမရသည့် သူလိုပင် ၊ အဝတ်အစားနဲ့ပတ်သက်ပြီးမလုပ်သလို အစားအသောက်နဲ့ပတ်သက်ပြီးတော့ရောပဲ
နှစ်နှစ်ကြာပြီးနောက် မုချန်ဟာ မုယမ်ချွမ်းအတွက်ကောင်းမွန်သည့် မဂ်လာပွဲစီစဉ်ပေးလေသည် ၊၊
များသောအားဖြင့် မိသားစုတစ်စုတည်ထောင်ပြီဆိုလျှင် ငွေကြေးအမြောက်အမြားကုန်မှာအမှန်ပင် ၊၊ အိမ်ကို ပြန်လည်ပြုပြင်မည်ဆိုရင်တောင် ကုန်ကျစရိတ်များမှာအမှန်ပင်….
ရှန့်ချိုက်ဟာ ငွေရောင် သေတ္တာအားဆွဲလုယူရင်း ဟန်စန်းရဲ့ စာလေ့လာဖို့ကုန်ကျစရိတ်ကများတာကို ပြောကြားရင်း မုချန် သွားဖို့ကို ငြင်းဆန်လေ၏ ၊၊ သို့ပေမယ့် မုချန်ဟာ သူ့ကိုယ်ပိုင်အလုပ်ဆီသွားဖို့ ကလွဲ၍ ရွေးချယ်စရာမရှိပေ ၊၊
မုချန်က မြို့တော်က ထွက်သွားတာနဲ့ ရှန့်ချိုက်ဟာ စည်းမဲ့ကမ်းမဲ့ဖြစ်လာပြီး အိမ်အလုပ်အားလုံးကို မုယမ်ချွမ်းနဲ့ ထားလိုက်၏၊၊
ပြီးတော့ မုချန်က မိသားစုထဲ မဝင်ရသေးတဲ့ ချွေးမလေးကျို့အား စနောက်လေ့ရှိသည်၊၊
ကျို့ဟာ မုမိသားစုအတွက်သာမက သူမတို့သားအပေါ်ပါ ကောင်းမွန်သည့် မိန်းကလေးဖြစ်၏၊၊မူလကိုယ် သူမရဲ့ မိဘအိမ်ပြန်ရင် သူမရဲ့သားကို စောင့်ရှောက်ပေးလေ့ရှိသည် ၊၊
ကျို့ မိသားစုမှာ အကိုတွေ မရှိပေ ၊၊ ပြီးတော့ သူမရဲ့သားကိုလည်း ငြိုငြင်ခြင်းမရှိသည့်အတွက်ကြောင့် ကျို့အား ရှန့်ချိုက်က မိန်းမကောင်းလေးဖြစ်အောင်ပျိုးထောင်ရ၏၊၊

အမျိုးသားဇာတ်လိုက်ရဲ့ မိထွေးအဖြစ် ကူးပြောင်းWhere stories live. Discover now