…………
ရှန့်ချိုက်အတွက်ကတော့ အိမ်ပြန်ရောက်တာနဲ့
မူအားဖန်ကို ထဖို့ နှိုးတော့တယ်
မျှော်လင့်မထားတာက ဖက်တီးလေးက သူမအသံကို ကြားပေမယ့် မလှုပ်ရုံသာမက သူမကိုတောင် ကျောခိုင်းလိုက်၏၊၊
အချိန်ကတဖြည်းဖြည်းနည်းနည်းလာတာကြောင့် ရှန့်ချိုက်ဟာ လိုရင်းတိုရှင်းပဲပြောလိုက်ပါတယ်
" အားဖန် ထတော့ ပြီးရင် အမေနဲ့ ခနလောက် စာလုပ်ကြရအောင် "
မူအားဖန်က အခုထိမလှုပ်မရှက် ၊ ရှန့်ချိုက်အနေနဲ့ ပူပန်မှုများစွာဖြင့် အိပ်ယာလိပ်ကို မလိုက်၏ ၊၊ သည်းခံနိုင်မှုကုန်ဆုံးသွားသည့် အမူအရာနဲ့သူမက ငိုတော့မလိုပင်
အားဖန်က မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျဆင်းလာသည်ထိ အော်ငိုလိုက်၏ ၊၊ပြီးတော့လဲ သူရဲ့ ရှုံ့မဲ့နေသည့် မျက်နှာအားကွယ်ထားသေးတယ် ၊၊
ကလေးက ထွားနေသော်ငြားလည်း ဆယ်နစ်ပဲရှိသေးတာကိုး ၊၊ ပြီးတော့လဲ သူ့အဖေကပျောက် ၊ သူအမေက ပြောင်းလဲသွားရ
သူ့အကိုက အင်အားကြီးပေမယ့် သူ့ညီအတွက်ဆို အကြင်နာတရားခေါင်းပါး
ကလေးကြောင့် ဖြစ်တဲ့ ပူပန်မှုနှင့် ဒေါသမဟုတ်ပဲ စနစ်ရဲ့ လုပ်ငန်းစဉ်ကြောင့်သာဖြစ်၏၊၊ ရှန့်ချိုက်ဟာ စိတ်ကိုထိန်းချုပ်ရင်း သူ့ဘေးမှာထိုငိလိုက်ပြီးနောက် လေသံကို နိမ့်ကာ
" ဘာလို့ငိုနေတာလဲ သား " ဟု မေးလိုက်၏ ၊၊
သူမမမေးလိုက်ရင် အဆင်ပြေနေလောက်ပြီထင်မိတယ် ၊၊ အခုတော့ မေးလိုက်တာနဲ့ အားဖန်က ချက်ချင်းဆိုသလို ကျယ်လောင်စွာ အော်ငိုရင်းနဲ့ " အမေ့အတွက် နှင်းတောထဲ အပြင်ထွက်ပေးထားရတာ ၊ ကျွန်တော်က နေမကောင်းနေတာကို အမေက ဂရုမစိုက်ဖူး "
ဒါကြားလိုက်တော့ သူမရှော့ရသွားရတယ် ၊၊ အားဖန်ရဲ့ နဖူးကို ထိလိုက်သောအခါမှာ သာမန်ထက် မြင့်မားသည့် ကိုယ်အပူချိန်ရှိနေတာ သေချာသွားပါတယ် ၊၊
သူမမှကလေးအမေမဟုတ်တာ
မနေ့က အားဖန်ပြန်လာတော့ အိပ်ပျော်နေရုံပဲရှိသေးတာ
ရှန့်ချိုက်တွေးမိတာက သူက ထုံထ်ိုင်းတယ် ၊ ပျင်းရိတယ်ပေါ့
အဲ့ဒီနောက် အိတ်လုရင်း စကားများခဲ့ကြတယ် ၊၊ ဒီလို ခွန်အားနဲ့ပတ်သက်ပြီး သူဖျားနေတာကို ရှန့်ချိုက် သတိမထားမိခဲ့ဖူး
°°°°°°°°°°°°°°°°°
" အမေက ဖျားနေခဲ့တာကြောင့် စောစောက စိတ်ရှုပ်နေတာပါ အမေတို့ရဲ့ ဒုတိယသခင်လေး ဖျားနေတာ မသိခဲ့ဖူး " ရှန့်ချိုက်ဟာ သူမရဲ့မှတ်ညဏ်ထဲက မူလကိုယ်ရဲ့ အသံအား အတုခိုးပြီး သူ့အားချော့မော့လိုက်၏၊၊ " မငိုနဲ့တော့ အမေ သားအတွက် ကြက်ဥပန်ကိတ် ပေးမယ်နော် "
ကြက်ဥပန်ကိတ်က အတော်လေး အကျိုးသက်ရောက်မှုရှိတယ် ၊၊
မုအားဖန်ဟာ အကြီးအကျယ် ငိုယိုနေတာအားရပ်တန့်လိုက်ပြီး
" နှစ်ခုစားမယ် "
ရှန့်ချိုက်က အလွယ်တကူ သဘောတူလိုက်ပေမယ့် အချိန်ရေတွက်နေသည့် မျက်နှာပြင်အား ကြည့်လိုက်ရင်း စိုးရိမ်စိတ်က ကြီးစိုးနေလေတယ် ၊၊
" သားလေး အမေတို့ စာလေ့လာကြရအောင် "
"မုအားဖန်ဟာ အံ့အားမှင်သက်နေမိ၏ ၊၊ သူ့မိခင်ဟာ သည်လို ပြောကြားလိမ့်မယ်လို့ မထင်ခဲ့မိ ၊၊ အားဖန်က ငိုသံဖြင့် " အမေ သား မဖတ်တတ်ဖူး "
ကလေးက မည်မျှလောက်ကြောက်ရွံ့နေတာကို ကြည့်လိုက်၏ ၊၊
ရှန့်ချိုက်ဟာ သူမရဲ့ စရိုက်က ထူးဆန်းနေတာကိုတော့ ကိုယ်ကိုယ်ကို သိပါတယ် ၊ ဒါပေမယ့် ရွေးချယ်စရာဖူးလေ ၊
လက်ကိုင်ပုဝါဖြင့် အားဖန်၏မျက်ရည်တွေကို သုတ်ပေးလိုက်ရင်းနဲ့
" ဒါက လွယ်လွယ်လေးပါ စာကြောင်းလေးတစ်ကြောင်းကို သားက ထပ်ခါထပ်ခါဆိုရုံပါပဲ "
အားဖန်ပြောတာကို မစောင့်ပဲနဲ့ ဆက်ပြောလေ၏၊၊
" စာသင်နေစဉ်အတွင်း အမေ သားအတွက် ကြက်ဥပန်ကိတ် နှစ်ခု လုပ်ပေးမယ် မဟုတ်ဖူး သုံးခု "
မုအားဖန်က ဘာမှထပ်မပြောတော့ချေ ၊၊
YOU ARE READING
အမျိုးသားဇာတ်လိုက်ရဲ့ မိထွေးအဖြစ် ကူးပြောင်း
Fantasyရှန့်ချိုက်ဟာ ဗြိတိသျှခေတ်ရဲ့ ထောက်လှမ်းရေးစာမေးပွဲနှင့်ပတ်သက်သည့် စာအုပ်ထဲ ကူးပြောင်းသွားခဲ့တယ် ၊၊ စာအုပ်ထဲက သူမက ငယ်ရွယ်တယ် ၊ လှပတယ် ၊ ဒါပေမယ့် ဗီလိန် မိထွေး ရှန့်ဆိုသည့် ဇာတ်ကောင်ဖြစ်နေ၏၊၊ သူမရဲ့ အမျိုးသားဘက်ကသား မုရန်ချွမ်းက အနာဂတ်မှာ နယ်မြေ ခြ...