အခန်း ၅

194 24 0
                                    

အခန်း ၅

 ရှန့်ချိုက်ဟာ အကြံညဏ်အသစ်ထွက်ပေါ်လာစေရန်
အသက်ရှုသွင်းလိုက် ၊ ရှုထုတ်လိုက် ကို တစ်ခနမျှလုပ်လိုက်ပြီး
" တကယ်တော့ အားဖန်ကို စာသင်ပေးဖို့ သားဆီက စာအုပ်ငှားဖို့လာခဲ့တာ "
Systemပေးတဲ့ တာဝန်က မုယမ်ချွမ်းနဲ့အဆင်မပြေတော့
အိမ်မှာအိပ်နေခဲ့တဲ့ သူမရဲ့ နုံအအ သားလေး မုအားဖန်ဆီ လွှဲပြောင်းလိုက်ပါတယ် ၊၊ နည်းလမ်းတစ်ခုမျှမရှိတော့ရင် ဒုတိယအစီအစဉ်အနေနဲ့ စဉ်းစားထားခဲ့တာ ၊ ပြီးတော့ အမျိုးသားဇာတ်လိုက်ကို ဒေါသထွက်စေမယ့် သံသယဖြစ်စရာအရာတွေကိုလည်း သူမ မလုပ်ရဲချေ ၊၊ဖြတ်လမ်းနည်းနဲ့သွားမယ့်အစားတစ်ခြားလမ်းကိုရွေးချယ်လိုက်တာက ပိုကောင်းအုံးမယ် ၊၊
" အဲ့ဒါက ဘာသဘောလဲ  " ဒီစကားကိုကြားရတော့ ကျို့ဟာ  ရုတ်တရက် ‌စိတ်တိုသွားခဲ့တယ် ၊၊ ကျို့က လုပ်နိုင်စွမ်းရှိတယ်ဆိုရင်တောင်မှ သူမက ၁၅/၁၆ ဝန်းကျင်လေးပဲရှိ‌သေးတာလေ ၊ ဒါ့အပြင် အမျိုးသားဇာတ်လိုက်လို အရှိန်အဝါ သူမမှာမရှိဖူး ၊ စိတ်ထားလေးကလည်း ရိုးသား‌တယ် ၊
သို့သော်လည်း မုယမ်ချွမ်းက ဘာမှမပြောဆိုရသေးတော့ ရုတ်တရက် ပြုံးထားတာကို ရပ်လိုက်ပြီး မုယမ်ချွမ်းဘာပြောမလဲဆိုပြီး စောင့်မျှော်နေ၏၊၊
တစ်ခနမျှအကြာ ၊ မုယမ်ချွမ်း " အမေက ဘယ်လိုစာအုပ်တွေငှားချင်တာလဲ "
ရှန့်ချိုက်က သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် " မိသားစုနာမည်များ စာအုပ် ဒါမှမဟုတ်ရင် ' တရုတ်ရိုးရာအက္ခရာ စာအုပ်' ဆိုရင်လဲ ရပါတယ် "
  အိမ်က ငတုံးလေးက သာမန်စကားလုံးလေးတောင်မဖတ်တတ်တော့ သူမသိတဲ့ အခြေခံစာအုပ်တွေကိုမေးလိုက်ခြင်းဖြစ်၏၊၊
  မုယမ်ချွမ်းက ဘာတစ်ခုမျှမမေးပဲစာအုပ်တွေကို လျင်မြန်စွာ ပေးလိုက်၏၊၊
ရှန့်ချိုက်ဟာ အချိန်မဆွဲပဲ စာအုပ်တွေကို ယူလိုက်၏ ၊၊ သူမရှေ့ရှိ ဖန်သားပြင်ကတော့ စက္ကန့်နဲ့အမျှ ရေတွက်နေတုန်းပဲ
ရုတ်တရက် ထရပ်ကာ နှုတ်ဆက်စကားပြောကြားပြီးနောက် အိမ်သို့ အမြန်ပြန်သွားလေတယ်၊၊
သူမထွက်သွားပြီးပြီးချင်းမှာပဲ ကျို့ဟာ သက်ပြင်းချပြီး တိုးတိုးလေးဖြင့်
" ငါ့အတွက် ချွေးမနဲ့ ယောက္ခမ ဆက်ဆံရေးဖြစ်နေတဲ့အတွက် ငါက ဘာမှလုပ်ပေးစရာလို့ တော်သေးတာပေါ့ "
သူမလို အခုမှ မိသားစုထဲဝင်လာတဲ့ သူတစ်‌ယောက်အတွက်
ပြောထွက်ဖို့ ခဲယဉ်းတယ်လေ ၊၊ ဒါ့ကြောင့် ‌မပြောပဲနေလိုက်၏၊၊
  ဒါ့အပြင် အတိတ်က မိထွေးပြုလုပ်ခဲ့တဲ့ အရာတွေနှင့် ယှဉ်လိုက်ရင်
ရှန့်ချိုက်၏ ယနေ့ လုပ်ခဲ့တာက အတော်လေးကောင်းမွန်တဲ့ အပြုအမူလို့ ဆိုရမှာပဲ
မုယမ်ချွမ်းဆီကနေ အေးစက်စက် အပြုံးတစ်ခုပေါ်လာပါတယ် ၊၊
သူတော့မထင်ဖူး
ကလေးရဲ့ ပညာရေးကို " The Three Hundred and Thousand Classics ' အမည်ရတဲ့ စာအုပ်နှင့် "Hundred Family Names" ဆိုသည့် စာအုပ်တို့ဖြင့် စတင်မယ်ပေါ့
ပညာ‌တတ်တဲ့ လူတိုင်းကတော့ ဒီစာအုပ်တွေကို ဖတ်တတ်သော်ငြားလည်း တရုတ်ရိုးရာစာလုံးတောင် မဖတ်တတ်တဲ့ မိထွေးက ဒါတွေကို ဘယ်လိုလုပ်သင်ကြားပေးနိုင်မှာလဲ ?
  
  ဒါ့အပြင် သူ့အဖေ အသက်ရှိစဉ်တုန်းက အားဖန်ကို သူ့လိုဖြစ်အောင် သင်ကြားပေးမယ့်လိုတောင်ပြောခဲ့သေး ၊၊
အဲ့ချိန်တုန်းက မိထွေးပြောခဲ့တာက " လူတိုင်းက စာသင်ဖို့ပဲပြောနေကြတာပဲလေ ဒါမဲ့ သူတို့ အဆင့်ကောင်းကောင်းရကြလို့လား ??
အားဖန်ကို စောင့်ရှောက်နိုင်တဲ့ ရှင် နဲ့ အကိုတစ်ယောက်လုံးရှိနေတာပဲကို ဒီတော့ သူချမ်းသာတဲ့ လူတစ်ယောက်ဖြစ်နိုင်တာပဲလေ ဘာလို့ စကော်လာရဖို့ ကြိုးစားနေရမှာလဲ  "
အားဖန် လေးငါးနှစ် အရွယ်လောက်က စာသင်ကြားဖို့ကို အသဲအသန်ငြင်းဆိုခဲ့တာကို အခုမှ ဘာကြောင့် စိတ်ပြောင်းသွားရတာလဲ ?

အမျိုးသားဇာတ်လိုက်ရဲ့ မိထွေးအဖြစ် ကူးပြောင်းWhere stories live. Discover now