Chapter 4

169 28 0
                                    

Chapter 4
သို့သော်လည်း ခြံဝန်းဆီ ရောက်သွားတာနဲ့  ကျို့က ခြံစည်းရိုးနောက်က ရှန့်ချိုက်အား မြင်လိုက်လေတယ်၊၊
ဘယ်လိုပဲဖြစ်ဖြစ် ကျို့ဟာ လူကောင်းတစ်ယောက်ဖြစ်တာကြောင့် မသိသည့် သူကို မြင်လိုက်ရတော့ မျက်မှောင်ကြုတ်မှာ‌ေတာ့အမှန်ပင်

အကြောင်းပြချက်ကတော့ရှင်းလင်းပါတယ် ။ သူမနဲ့ မုယမ်ချွမ်းတိုလို အခြေအနေနဲ့ လူတစ်ယောက်လာတယ်ဆိုတော့ …  
ရှန့်ချိုက်ဟာ မုမိသားစုရဲ့ အိမ်ဟောင်းရှေ့မှာ ရပ်နေတယ် ။
သူမ မျက်နှာက နီမြန်းနေပြီး ရှက်ရွံ့နေသလို …

ထိုစဉ် သူမနဲ့ ကျို့ဟာ အကြည့်ချင်းစုံမိသွားသည် ။
ရှန့်ချိုက်ဟာခြောက်ကပ်ကပ်ရယ်လိုက်ကာ ‘’ မုယမ် နိုးပြီလား ‘’

တစ်ဖက်ဟာ သူမရဲ့ ယောက္ခမမှန်းသိလိုက်၏ ။ အင်တင်တင်ဖြစ်သွားပြီး ရိုသေလေးစားစွာဖြင့်
‘’ အမျိုးသား အခန်းထဲမှာ စာလေ့လာနေပါတယ် ‘’

ပြောပြီးတာနဲ့ ကျို့ဟာ ခြံတံခါးကို ဖွင့်ပေးလိုက်၏ ။ ရှန့်ချိုက်ဟာ အိမ်ဟောင်းထဲ ဝင်လာလေသည် ။
အိမ်ဟောင်းလို့ ချဲ့ကားပြောဆိုပေမယ့် ဒီအိမ်က မုယမ်ချွမ်းနဲ့ မုချန်း နေခဲ့သည့် နေရာ…
ရှန့်ချိုက် ရွာ ကနေ လာတော့ ပထမဆုံးနေခဲ့သည့် နေရာ ….

မုချန်က သူ့သားကြိုက်တယ်ဆိုလို့ မုယမ်ချွမ်းနဲ့ ရွှေယမ်ရွာ ကနေ ယမ်ကို ယူပြီး နာမည်ပေးလိုက်ကာ ဒီနေရာမှာ သူ့သားနှင့် အတူ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့၏။

မုချန်းရဲ့ အိမ်ထောင်စု စာရင်းက ဒီရွာမဟုတ် ၊၊ မြို့တော်ကဖြစ်တယ် ၊၊
သူ့သားရဲ့ ကျောင်းစာရိတ် တွေအတွက် ပိုက်ဆံမတတ်နိုင်တာကြောင့် ဒီရွာမှာ အိမ်ဝယ်လိုက်ခြင်းဖြစ်တယ်၊၊ သူ အိမ်ဝယ်လိုက်တဲ့အချိန်က ကောင်းတဲ့အချိန်တော့မဟုတ်ချေ၊၊ အားလုံးပေါင်းမှ အခန်းကနှစ်ခန်းပဲရှိပေမယ့် ကျယ်တယ် ၊ ဒါမဲ့ ပရိဘောဂတွေကို အရင်အိမ်ပိုင်ရှင်ကယူသွားခဲ့သည် ၊၊ ရှိနေသေးတယ်ဆိုရင် အဲ့ပစ္စည်းတွေက မုယမ်ချွမ်းထက် အသက်ကြီးနေမှာသေချာတယ် ၊၊
နှစ်ပေါင်းများစွာကြာနေပြီဖြစ်တာကြောင့် နံရံတွေက အထိမခံနိုင်အောင် အဆင်မပြေတော့ ၊၊ အိမ်ခေါင်မိုးကလဲ မိုးရွာရင် မိုးယိုစိမ့်မှု‌ တွေရှိနေတယ်   
သို့သော်လည်း မုယမ်ချွမ်းနဲ့ ကျို့ဟာ လိုက်ဖက်တဲ့အတွဲလို့ဆိုရမှာပဲ
အိမ်က အိုဟောင်းနေတာတောင် နေရာတိုင်းက သန့်ရှင်းသပ်ရပ်နေတာပဲ
သို့သော်လည်း အိမ်ကို ဘယ်လိုပဲ သန့်ရှင်းသပ်ရပ်အောင်ထားထား ယိုယွင်းပျက်စီးနေတုန်းပဲ ၊၊ ဘယ်လိုပဲပညာရှင်ပြောပြော ၊ ရတဲ့ ဝင်ငွေနဲ့တောင် အိမ်ကို ပြန်မပြင်နိုင်ဖူး ၊ မူလပိုင်ရှင်က မုချန်းအား အကြွေးနဲ့ရောင်းခဲ့တာလေ ၊ အကြွေးတွေကိုတောင် မုချန်းကကုန်အောင်မဆပ်နိုင်သေးဖူး !
 အိမ်ထဲဝင်လိုက်တာနဲ့ မုယမ်ချွမ်းအားတွေ့လိုက်ရ၏၊၊
ဒီစာအုပ်ရဲ့ အဓိက ဇာတ်လိုက်အနေနဲ့ မုယမ်ချွမ်းဟာ ၁၅နှစ်မျှသာရှိအုံးမယ်
မရင့်ကျက်သေးတဲ့ ကောင်လေးတစ်ယောက်ပဲပင်
မူလအရောင်တောင်မရှိတော့လောက်အောင် အထပ်ထပ်အခါခါ လျှော်ဖွတ်ထားသည့် စကော်လာဝတ်ရုံကို ဝတ်ဆင်ထားသေးသည်၊၊သူ့ရဲ့ နက်မှောင်သည့်ဆံပင်တွေအား သစ်သားဆံထိုးနဲ့ထုံးဖွဲ့ထား၏၊၊သို့သော်လည်၊ သူ့ရဲ့ ခန့်ညားမှုက တစ်စက်‌ကလေးမျှ လျော့ကျမသွား !
သူ့ကို တွေ့သည့် လူတိုင်းက မည်မျှလောက် ခန့်ညားကြောင်း ကောင်းချီးဩဘာပေးကြလိမ့်မယ် ၊၊
မူလကိုယ်မကြိုက်တဲ့အချက်တွေထဲကအပါအဝင်ပေါ့
မုယမ်ချွမ်းက အရမ်းထူးချွန်းလွန်းတာရယ် ၊ မုယမ်ချွမ်းက ကောင်းကင်ထက် လမင်းကြီးနဲ့ တူပြီး သူမသားက မြေပြင်ပေါ်က ဖုန်မှုန့်လေးသာသာပဲ
  "မဂ်လာပါ အမေ " ကြည်လင်အေးမြသည့်အသံကို ကြားလိုက်ရ၏၊၊ မုယမ်ချွမ်းရဲ့ မျက်နှာထားဟာ ခပ်တန်းတန်းဖြစ်နေသော်ငြားလည်း မတ်မတ်ထားပြီး လေးနက်သည့်အမူအရာနဲ့°°°°
" ထိုင်ပါ ထိုင်နေ " ရှန့်ချိုက်ဟာ ခုံတန်းလျားဆီ လာပြီး မုယမ်ချွမ်းရဲ့ဘေးမှာ ထိုင်လိုက်၏ ၊၊
သို့သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းရသည့် အကွာအဝေးလောက်ထိ နီးကပ်ထားသည် ၊၊ မုယမ်ချွမ်းဟာ ကျုံ့ကျုံ့လေးဖြစ်နေလေ၏။
 ကြည့်ပါအုံး သူ ကြောက်လန့်နေတာ !

အမျိုးသားဇာတ်လိုက်ရဲ့ မိထွေးအဖြစ် ကူးပြောင်းWhere stories live. Discover now