09 : LORD

626 64 5
                                    

ကြယ်တွေ ဘယ်မှာလဲ။

ကောင်းကင်ပေါ်မှာ...
စကြာဝဠာထဲမှာ...
မီးခိုးရောင် မျက်အိမ်ဝန်းထဲမှာ...။

Then, Where is your star?
မင်းရဲ့ကြယ်ကရော ဘယ်မှာလဲ။

----------Smoke the Pain.

Grey နှုတ်ဖျားက သူလိုချင်တဲ့စကားလုံးတွေ ထွက်ကျလာမှ ကိုင်ညှစ်ထားတဲ့ လည်တိုင်ကို လွှတ်ပေးလိုက်တယ်။ Lord ဟာ လူတွေရဲ့ဝင်သက်ထွက်သက်ကို ထိန်းချုပ်ရတာ အလွန်နှစ်သက်တယ်။ အဲဒီလူတွေထဲမှာမှ Grey ရဲ့လည်တိုင်ကျော့ကျော့က သူ့ကို အများကြီး ဆွဲဆောင်နိုင်တယ်။

"ပြောစကား နားထောင်။ ကိုယ့်အတွက်မဟုတ်ဘူး။ မင်းအတွက်"

သူသိထားသလောက် Grey ဆိုတဲ့ကောင်လေးဟာ ငပျင်း။ အချိန်ကုန်ပြီး လူပင်ပန်းမှာက Grey မလိုလားဆုံးသောအရာ။ စကားနားမထောင်ရင် ဒုက္ခရောက်မယ့်သူက Grey ကိုယ်တိုင်ပဲဖြစ်တယ်။

ကားလွှတ်ပြီးခေါ်ခိုင်းတာကို အသာတကြည် မလိုက်လာတာကြောင့် ဒီအိမ်ထဲမဝင်ခင် လမ်းတစ်ဝက်မှာတည်းက Lord နည်းနည်းတင်းနေပြီးသား။ သူဆိုတဲ့ အရှင်သခင်ကို စိန်ခေါ်ရဲတဲ့သတ္တိကတော့ ရွှေတံဆိပ်ဆုပေးဖို့ကောင်းတယ်။ ပြီးတော့ အဲဒီအလိုက်မသိတဲ့ ကောင်ဆိုးလေးက အကန်တွေချည်းပြောနေတော့ မီးလောင်ရာ လေပင့်နေသလိုပဲ။

တကယ်တော့ သူ့ခွင့်ပြုချက်မရှိဘဲ ကိုယ့်ဟာကိုယ် လုပ်ချင်ရာလုပ်လာတဲ့ Grey ကို Lord ဘာမှသွားလုပ်လို့မရဘူး။ မပိုင်ဆိုင်ရသေးတာကြောင့် Grey ရဲ့ consent မရှိဘဲ ဆွဲလားရမ်းလား လုပ်လို့မရဘူးဖြစ်နေတယ်။ အဲဒီအချက်ကို လက်မခံချင်ဘဲ လက်ခံနေရတာ။ Lord ဆိုတဲ့ အရှင်သခင်ဟာ ဒီမီးခိုးမျှင်မျှင်လေးနဲ့မှ ရာဇဝင်တွေ ရိုင်းကုန်ရတယ်။

ဒါပေမဲ့ စကားကြွယ်တဲ့ Grey က "မလိုက်ဘူး" လို့ ယတိပြတ်မငြင်းဘဲ သူ့ကို ကိုယ်တိုင်လာခေါ်ဖို့ ပြောလိုက်တာကြောင့် Grey ဘက်ကလည်း သူ့ဆီ ခြေလှမ်းတချို့လှမ်းပြီးသားဆိုတာ Lord သဘောပေါက်တယ်။

လမ်းများများ မလျှောက်ချင်တဲ့ကောင်လေးကို ဘယ်လိုလုပ်ပေးရမလဲ။

Lord မသိဘူး။
သူ့အပေါ် ဒီအချိုးမျိုးချိုးတာ Grey က ပထမဦးဆုံးပဲ။

Smoke the PainWhere stories live. Discover now