17 : LORD*

678 76 15
                                    

ဘဝမှာ မီးလောင်နေတဲ့ ဆေးလိပ်တစ်လိပ်ကို စိတ်ရှည်လက်ရှည် ထိုင်ကြည့်ဖူးလား။

ဆေးလိပ်ကို ပါးစပ်မှာခဲ၊ မီးညှိလိုက်တဲ့အချိန် တောက်လောင်သွားတဲ့ မီးစာ။ မီးစွဲပြီးခါစ ဆေးလိပ်ကို သောက်သုံးရတာ စွဲမက်စရာ သိပ်ကောင်းတယ်။

တစ်ကြိမ်ရှိုက်ပြီးတဲ့ အဲဒီဆေးလိပ်ကို လက်နှစ်ချောင်းကြားညှပ်လို့ တရိပ်ရိပ် ဝေလာတဲ့ အခိုးအငွေ့ကို အရသာခံကြည့်စမ်း။ ပြာမှုန်ဘဝပြောင်းခါနီး ဆေးလိပ်တစ်လိပ်ရဲ့ နောက်ဆုံးထွက်သက်မှာ မီးခိုးတွေ ရှိုက်ကြီးတငင် ငိုနေတာ တွေ့ရလိမ့်မယ်။

————— Smoke the Pain.

Warning : Knife play အသေးစိတ် ရေးထားပါတယ်။ အသက်မပြည့်ရင် ကျော်သွားစေချင်ပါတယ်။

သံတိုင်တွေ ကာရံထားတဲ့ အခန်းအလယ်မှာ အိုဟောင်းနေပုံပေါ်တဲ့ သံကုတင်တစ်လုံးရှိတယ်။ မျက်နှာကျက်မှာ တွဲလောင်းကျနေတဲ့ သံကြိုးတွေဟာ မြွေပွေးတွေလို။ ခြောက်ခြားစရာ အကောင်းဆုံးက နံရံမှာ ကပ်ထားတဲ့ X-cross ပဲဖြစ်လိမ့်မယ်။ ဒီနေရာဟာ dungeon သို့မဟုတ် မြေအောက်အကျဉ်းခန်း။

Lord ရဲ့စံအိမ်မှာ အကျဉ်းခန်းတွေ အများကြီးရှိတယ်။ သစ္စာဖောက်တွေ၊ အပြစ်သားတွေအတွက် ငရဲခန်းဆိုလည်း မမှားဘူး။

ဒါပေမဲ့ အဲဒီဟာတွေနဲ့ လားလားမှမဆိုင်တဲ့ ဒီအကျဉ်းခန်းကတော့ ထူးခြားတယ်။ ပထမအချက်၊ ဒီအခန်းဟာ Grey အတွက် သီးသန့်ဖြစ်တယ်။

ဒုတိယအချက်၊ ဒီအခန်းဟာ punishment section တွေအတွက် မဟုတ်ဘူး။ ကြမ်းတမ်းတဲ့ Roleplay မျိုး ကစားချင်တဲ့အခါ mood အပြည့်ရအောင် အကျဉ်းထောင်နဲ့တူတောင် ဖန်တီးထားတာဖြစ်တယ်။

သူတို့ဆက်ဆံရေးမှာ punishment only အတွက်ဆိုပြီး သီးသန့်တည်ဆောက်ထားတဲ့ အခန်း သို့မဟုတ် နေရာမျိုးမရှိဘူး။ Lord ဟာ စိတ်မထင်ရင် မထင်သလို ရောက်ရာနေရာမှာ အပြစ်ပေးတတ်တယ်။ ခုနကအပြစ်အတွက် Grey ကို ဓာတ်လှေကားရှေ့မှာ ပညာပေးပြီးသားဖြစ်တယ်။

Lord ဟာအခန်းထဲက တစ်ခုတည်းသော ဆိုဖာပေါ်မှာ ထိုင်နေတယ်။ သူ့ခြေထောက်နှစ်ချောင်းကြားက ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတာသည် Grey ။ အပြစ်ပေးခြင်း ပြီးဆုံးသွားသည့်တိုင် Grey ဟာ သူ့ကို အရိပ်တကြည့်ကြည့် ဖြစ်နေတယ်။ ရွှေအိုရောင်ဆံပင်တွေကို မပွတ်သပ်ပေးရသေးသလို Lord ရဲ့ မျက်နှာထားဟာ တင်းမာနေဆဲကြောင့် ထင်ပါရဲ့။ Lord အနေနဲ့ အမှန်တကယ် စိတ်မပြေသေးတာတော့ ဝန်ခံရမယ်။

Smoke the PainWhere stories live. Discover now